ငပုတောမြို့နယ်တွင် ကြံ့ခိုင်ရေးပါတီ ဆိုင်းဘုတ်ပျောက်၍ဟု ဆိုကာ နယ်ထိန်းရဲက ရွာထဲဝင် သေနတ်ပစ်

ငပုတောမြို့နယ်တွင် ကြံ့ခိုင်ရေးပါတီ ဆိုင်းဘုတ်ပျောက်၍ဟု ဆိုကာ နယ်ထိန်းရဲက ရွာထဲဝင် သေနတ်ပစ်

ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ မန်ကျည်းပင်ကျေးရွာတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး ဆိုင်းဘုတ် ပျောက်နေသည်ဟုဆိုကာ နယ်ထိန်းရဲ ကောင်းမြတ်ဇော်ဝင်းဆိုသူက ကျေးရွာအတွင်း သေနတ်ဖြင့် ပစ်ခတ်မှု ပြုလုပ်ခဲ့ကြောင်း ဒေသခံများထံက သိရဥည်။

"ရွာအပြင်မှာရှိတဲ့ ကြံခိုင်ရေး ဆိုင်းဘုတ် ပျောက်တယ်ဆိုပြီး ရွာထဲကို သေနတ်နဲ့ဝင်လာပြီး မိုးပေါ်ကို ထောင်ပစ်နေတာပါ။ အရက်ကလည်း မူးနေပါတယ်။ ဘယ်သူ့ကိုမှတော့ ထိမသွားပါဘူ။ ရွာသူ ရွာသားတွေကတော့ စိုးရိမ်နေကြပါတယ်" ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ နယ်ထိန်းသည် မန်ကျည်းပင်ကျေးရွာ တစ်ဖက်ကမ်းရှိ သုံးခွကျေးရွာ နယ်မြေ ရဲစခန်းမှ နယ်ထိန်းရဲ ဖြစ်ပြီး ပစ်ခတ်မှုများအပြီး မိနစ်အနည်းငယ်အကြာတွင် သုံးခွနယ်မြေ ရဲစခန်း စခန်းမှူးဆိုသူက ၎င်းအား ပြန်လည်ခေါ်ဆောင်သွားသည်ဟု ဒေသခံက ပြောသည်။

Most read this week

ဓါတ်ပုံ - (ပေးပို့ / Crd)
August 22, 2026
ရက်ဆက် မိုးရွာသွန်းမှုများကြောင့် တောင်ကျရေစီးဆင်းမှုများပြီး မွန်ပြည်နယ်နှင့်...
(ဓာတ်ပုံ – CJ)
August 21, 2026
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ရှိ တရုတ်နိုင်ငံသားပိုင် Myanmar Silver Spring...
အိုက်ဇောလ်မြို့တွင် ချင်းတော်လှန်ရေးအဖွဲ့များ တွေ့ဆုံပွဲမြင်ကွင်း။
August 21, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုက်ဇောလ်မြို့တွင် ချင်းတော်လှန်ရေးအဖွဲ့များအကြား...
ဘီးလင်းတံတား စစ်ဆေးရေးဂိတ်ရှိ အဆောက်အအုံတစ်ခု / YT
August 20, 2026
မွန်ပြည်၊ ကျိုက်ထိုမြို့နယ်အတွင်း ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်၌ စစ်အုပ်စုတပ်က...