ပုလဲ-ဂန့်ဂေါလမ်းတွင် စစ်ကောင်စီ၏ ခြေလျင်တပ်ကို ဒေသကာကွယ်ရေးတပ် မိုင်းဆွဲတိုက်ခိုက်

ပုလဲ-ဂန့်ဂေါလမ်းတွင် စစ်ကောင်စီ၏ ခြေလျင်တပ်ကို ဒေသကာကွယ်ရေးတပ် မိုင်းဆွဲတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ပုလဲ-ဂန့်ဂေါလမ်းပိုင်း၊ ဝမ်းဘဲချိုင့်ကျေးရွာအရှေ့ဘက် ပတ်တရားရွာအနောက်ဘက်အဆင်းတွင် စစ်ကောင်စီအင်အား ၁၀၀ခန့်ရှိသော ခြေလျင်တပ်ကို ယနေ့ နိုဝင်ဘာ ၈ရက် နံနက် ၁၀ နာရီခွဲက မိုင်း ၁၂လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Pale Jokers အဖွဲ့ထံမှ သိရသည်။

"မနေ့က ပုလဲဘက်ကနေ ဆင်းလာတဲ့အဖွဲ့ ကန့်ဒေါင့်ကို တစ်နေကုန်ဖြတ်သွားတယ်။ အဲဒီ အဖွဲ့က ဒီနေ့ ကန့်ဒေါင့်ကနေ နဂါးမတောင်ဘက်ကို တက်မယ်ဆိုတာ သတင်းကြိုရလို့ မိုင်းစောင့်ပြီးဆွဲလိုက်တာ။ သူတို့အင်အား ၁၀၀လုံးတော့ သတ်ကွင်းထဲကို မဝင်သွားဘူး။ အယောက်၃၀လောက်ပဲ သတ်ကွင်းထဲဝင်တာ။ ဝင်တဲ့ချိန်မှာ ဆွဲလိုက်တာ အတုံးအရုန်းပဲ"ဟု Pale Jokers အဖွဲ့မှ ဗိုလ်ပုလဲက မဇ္ဈိမကို ပြောသည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှဒ ဏ်ရာရရှိမှုအခြေအနေကို အတိအကျမသိရှိရသေးဘဲ ဆေးရုံကားများမှာ ပုလဲ-ဂန့်ဂေါလမ်းပေါ်တွင် ယနေ့ နေ့လယ်ပိုင်းထိ ခေါက်တုံ့ခေါက်ပြန်သွားနေပြီး ဒဏ်ရာရသူများကို စစ်ကောင်စီ တပ်စွဲထားသည့် ကန့်ဒေါင့်ရွာသို့ သယ်ဆောင်သွားသည်ဟု ၎င်းက ဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို Pale Jokers PDF တပ်ခွဲ (၁)မှ ဗိုလ်မဲလုံး၊ တပ်ခွဲ(၂)မှ ဗိုလ်နေရောင်တို့ ဦးဆောင်ပြီး ပဒေသာမိုင်း ရှစ်လုံး၊ စိန်ပြောင်း‌ လေးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ပြန်လည်ပစ်ခတ်နိုင်ခြင်းမရှိဘဲ ဒဏ်ရာရသူများကို လူနာတင်ကားဖြင့် လာရောက်တင်ဆောင်နေဆဲဖြစ်၍ ထိခိုက်မှုစာရင်း အတိအကျကို မသိနိုင်သေးကြောင်း Pale Jokers အဖွဲ့က ပြောသည်။

August 24, 2026
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် မုံရွာခရိုင် ၅+၁ တပ်ဖွဲ့ဝင် နှစ်ဦးနှင့်...
ဓာတ်ပုံ - စစ်အုပ်စုတပ်
August 24, 2026
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ်တွင် ရပ်ကွက်နှင့် လမ်းကြိုလမ်းကြားများအထိ နေ့ညမရွေး...
ဓါတ်ပုံ - (ပေးပို့ / Crd)
August 22, 2026
ရက်ဆက် မိုးရွာသွန်းမှုများကြောင့် တောင်ကျရေစီးဆင်းမှုများပြီး မွန်ပြည်နယ်နှင့်...
(ဓာတ်ပုံ – CJ)
August 21, 2026
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ရှိ တရုတ်နိုင်ငံသားပိုင် Myanmar Silver Spring...