ကျောင်းဆရာမ သေနတ်မှန်သေဆုံးပြီးနောက် အသက်မပြည့်သေးသည့် ကလေး ၃ ဦး ဖမ်းခံရ

ကျောင်းဆရာမ သေနတ်မှန်သေဆုံးပြီးနောက် အသက်မပြည့်သေးသည့် ကလေး ၃ ဦး ဖမ်းခံရ

ရန်ကုန်မြို့ မြောက်ဥက္ကလာမြို့နယ်တွင် အထက်တန်းပြဆရာမတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးပြီးနောက်တွင် အသက် ၁၈ နှစ်မပြည့်သေးသည့် ကျောင်းသား ကျောင်းသူ သုံးဦးကို စစ်ကောင်စီက ဖမ်းဆီးသွားကြောင်း GenerationZ Defence Force အဖွဲ့ဝင်က မဇ္စျိမ ကို ပြောသည်။

အသတ်ခံရသည့် ဆရာမ ဒေါ်လှလှသန်းက အသတ်မခံရခင် သတင်းပေးတိုင်ကြားထားသည့် စာရင်းအရ ဖမ်းခံရသည်ဟု ဒေသခံတစ်ချို့က စွပ်စွဲထားကြသော်လည်း မဇ္ဈိမက သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

"အခု လိုက်ဆွဲခံနေရပြီ။ အခုအတိအကျသုံးယောက်ပါသွားပြီ၊ ကျန်တဲ့ကလေးတွေလည်း မလုံခြုံတော့ဘူး၊ ဖြစ်နိုင်ရင်ရှောင်ကြပါတော့။ အခုအဖမ်းခံရတဲ့သူတွေထဲမှာ အသက်မပြည့်တာရော၊ လူကြီးတွေရောပါတယ်။ သူပေးထားတဲ့စာရင်းအတိုင်းဖမ်းနေတာ။ ဖမ်းခေါ်သွားတဲ့ကားပေါ်မှာဆိုလည်း ကလေးတွေအများကြီးပါတယ်လို့ တွေ့လိုက်ရတဲ့သူတွေကပြောပါတယ်၊ လာဖမ်းတဲ့အချိန်မှာပြောတာကတော့ "ကိုယ်လုပ်တာကိုယ်သိ"ဆိုပြီး ဖမ်းခေါ်သွားတယ်" ဟု GenerationZ Defence Force အဖွဲ့ဝင်က မဇ္စျိမ ကို ပြောသည်။

ဆရာမ ဒေါ်လှလှသန်းသည် ယနေ့ မနက် ၈ နာရီ မိနစ် ၃၀ ခန့်တွင် ၎င်းနေထိုင်ရာ မြောက်ဥက္ကလာပမြို့နယ်မှ ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ် အ.ထ.က (၂) ကျောင်းသို့ အငှားယာဉ်ဖြင့်အသွား မြောက်ဥက္ကလာပမြို့နယ် နွယ်နီမှတ်တိုင် အကျော် မီးပွိုင့်တွင် အပစ်ခံရကာ ဆေးရုံအရောက် သေဆုံးခဲ့ခြင်းဖြစ်သည်။

ဆရာမသေဆုံးပြီးနောက် တစ်ရက်အတွင်း ဒဂုံမြို့သစ်အရှေ့ပိုင်းမှ တက္ကသိုလ်ဝင်တန်းကျောင်းသားအရွယ် ကျောင်းသား တစ်ဦး၊ ကျောင်းသူတစ်ဦးနှင့် အသက် ၁၈ နှစ်အရွယ် အမျိုးသမီးတစ်ဦးအား စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားခြင်းကြောင်း GenerationZ Defence Force အဖွဲ့ဝင်က ပြောသည်။ ဖမ်းဆီးခံရသည့် ကလေးများက ဒဂုံအရှေ့ ဘယ်ရပ်ကွက်တွင် နေထိုင်သည်၊ ဘယ်နေရာသို့ ဖမ်းသွားသည်ကိုမူ မသိရသေးပေ။

ဓာတ်ပုံ - Thingsai Tlaizawng / မီဇိုရမ်ပြည်နယ်အတွင်း ဖမ်းဆီးရမိသည့် လက်နက်ခဲယမ်းများ
August 25, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် ရက်ပိုင်းခြား၍ မြန်မာနိုင်ငံမှ သယ်ဆောင်လာသည်ဟု ယူဆရသော သေနတ်...
August 24, 2026
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် မုံရွာခရိုင် ၅+၁ တပ်ဖွဲ့ဝင် နှစ်ဦးနှင့်...
ဓာတ်ပုံ - စစ်အုပ်စုတပ်
August 24, 2026
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ်တွင် ရပ်ကွက်နှင့် လမ်းကြိုလမ်းကြားများအထိ နေ့ညမရွေး...
ဓါတ်ပုံ - (ပေးပို့ / Crd)
August 22, 2026
ရက်ဆက် မိုးရွာသွန်းမှုများကြောင့် တောင်ကျရေစီးဆင်းမှုများပြီး မွန်ပြည်နယ်နှင့်...