ပုလဲမြို့နယ်တွင် စစ်ကောင်စီ၏ ခြေလျင်တပ်ကို တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ ၅ ဦး သေဆုံးဟုဆို

ပုလဲမြို့နယ်တွင် စစ်ကောင်စီ၏ ခြေလျင်တပ်ကို တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ ၅ ဦး သေဆုံးဟုဆို

ပုလဲမြို့နယ်တွင် ဒေသခံ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ် (PDFs) က စစ်ကောင်စီ၏ ခြေလျင်တပ်ကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဘက်မှ ငါးဦးသေဆုံးသည်ဟု ပူးပေါင်းတပ်တွင် ပါဝင်တိုက်ခိုက်ခဲ့သည့် တပ်ဖွဲ့များထံက သိရသည်။

သပြေကုန်းရွာအနောက်ဘက်တွင် စစ်ကောင်စီ၏ ခြေလျင်တပ်ကို ယနေ့ နိုဝင်ဘာလ ၆ရက်နေ့ နံနက် ၁၀နာရီ မိနစ် ၃၀တွင် PDFs တို့က တိုက်ခိုက်ရာ စစ်ကောင်စီဘက်က နှစ်ဦးသေဆုံးခဲ့ကြောင်း ပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့သည့် Pale PDF-Headquarters ထံက သိရသည်။

အဆိုပါ ခြေလျင်တပ်ကိုပင် ဦးနှောက်ရွာအနီးတွင် ယမန်နေ့ နိုဝင်ဘာလ ၅ ရက် နေ့လယ် ၂ နာရီခန့်တွင် PDFs များက တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ သုံးဦးသေဆုံးကာ အများအပြား ဒဏ်ရာရခဲ့ကြောင်း ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့သည့် ပြည်သူ့တော်လှန်ရေးတပ်မတော် (PRA)အဖွဲ့မှ ဗိုလ်ဂျပန်က ပြောသည်။

" ဦးနှောက်ရွာဘက်ကို ထွက်လာတာ၊ ဒီကောင်တွေ ဦးနှောက်ရွာနားရောက်တော့ ဝင်ထိုင်တယ်။ အဲဒီမှာ စခန်းချတာတော့ မဟုတ်ဘူး။ ခဏနားတာနဲ့ တူတယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့က အလစ်ဝင်တိုက်တာပါ"ဟု ဗိုလ်ဂျပန်က ပြောသည်။

အဆိုပါ ခြေလျင်တပ်တွင် အင်အား ၃၂ ဦးခန့် ပါဝင်ပြီး ယမန်နေ့ တိုက်ပွဲတွင် ၄၅ မိနစ်ကြာ အပြန်အလှန် ပစ်ခတ်ခဲ့ကြပြီး စစ်ကောင်စီဘက်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ PDFs တို့ ဆုတ်ခွာခဲ့ရကြောင်း ၎င်းကဆိုသည်။

"ကျွန်တော်တို့က အပြတ်တိုက်မလို့ပဲ။ ဒါပေမဲ့ အဲကောင်တွေက လက်နက်ကြီးတွေနဲ့ ပစ်တာတွေများတော့ ကျွန်တော်တို့ ပြန်ဆုတ်လာခဲ့ရတယ်ပေါ့"ဟု ၎င်းကပြောသည်။

နှစ်ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ငါးဦးသေဆုံးပြီး PDFsမှ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု သိရသည်။

အဆိုပါ တိုက်ပွဲများကို ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ပြည်သူ့တော်လှန်ရေး တပ်မတော် (PRA)၊ Pale PDF-Headquarters နှင့် ကျားသစ်နက် ပြောက်ကျားအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Most read this week

ရုရှားနိုင်ငံထုတ် စစ်ကော်မရှင်၏တိုက်လေယာဉ်အသစ်များကို အာဏာသိမ်းပြီးကာလမှာ တွေ့ရစဉ်(ပုံအဟောင်း-AFP)
March 17, 2026
ဓာတု — မန္တလေးတိုင်း၊ မြင်းခြံခရိုင်ရှိ မြင်းခြံနှင့်နွားထိုးကြီးမြို့နယ်တို့တွင် နှစ်လတာအတွင်း...
ဓာတ်ပုံ - ၁၀၂၇ စစ်ဆင်ရေးအတွင်း ညီနောင်မဟာမိတ်အဖွဲ့ဝင် သုံးဖွဲ့မှ တပ်သားများကို အတူတကွ တွေ့ရစဥ် ။
March 16, 2026
မောင်ခက်နွေ — ညီနောင်မဟာမိတ် အဖွဲ့ဝင်များ ဖြစ်သည့် MNDAA နှင့် TNLA တို့အကြား ဖြစ်ပွားနေသည့်...
March 14, 2026
စစ်ကော်မရှင်က ၂၀၂၆ ခုနှစ် မတ်လ ၁ ရက်မှ ၁၀ ရက်အတွင်း  ညောင်လေးပင်မြို့နယ်၌ ကျူးလွန်ခဲ့သည့်...
March 13, 2026
ပါခွီး — ပဲခူးတိုင်း ၊ တောင်ငူမြို့ အခြေစိုက် ကေတုမတီလေတပ်ကို ရှော့တိုက်ဒုံး ၁၈လုံးဖြင့် ပစ်ခတ်...