မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဗုံးဖြင့် သတိပေးတိုက်ခိုက်ခံရ

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဗုံးဖြင့် သတိပေးတိုက်ခိုက်ခံရ

ရန်ကုန်မြို့ ၊ ဗဟန်းမြို့နယ်၊ ဝင်္ကဘာလမ်း အမှတ် (၁၆) ရှိ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၏ ရုံးအား နိုဝင်ဘာလ ၅ ရက် ညနေ ၆ နာရီ ၄၅ မိနစ်တွင် အဝေးထိန်းဗုံးဖြင့် သတိပေးတိုက်ခိုက်ခဲ့ကြောင်း မက္ခရာတော်လှန်ရေးအင်အားစု ထံမှ သိရသည်။

"စစ်အာဏာရှင်ရဲ့ မဟုတ်မမှန် ဝါဒဖြန့်တဲ့ နေရာမှာ ပူးပေါင်းဆောင်ရွက်နေတဲ့အတွက်ရယ်၊ စစ်အာဏာရှင် လက်အောက်ခံတဲ့အတွက်ရယ်ကြောင့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးကို အဝေးထိန်းဗုံးနဲ့ဖောက်ခွဲခဲ့တာပါ"ဟု မက္ခရာတော်လှန်ရေးအင်အားစု၏ တာဝန်ရှိသူက မဇ္စျိမကို ပြောသည်။

သတိပေးသည့်အနေဖြင့် ဖောက်ခွဲခြင်းဖြစ်၍ ရုပ်ရှင်အစည်းအရုံး ဆိုင်းဘုတ်ကိုသာ ထိခဲ့ပြီး အခြားထိခိုက်မှုမရှိဟု သိရသည်။

ယမန်နေ့ ဖောက်ခွဲမှုမှာ သတိပေးတိုက်ခိုက်မှုအဆင့်သာဖြစ်ပြီး ထိခိုက်မှု တစ်စုံတစ်ရာ မရှိခဲ့ကြောင်း၊ ထို့အပြင် ပြည်သူများအနေဖြင့်လည်း အနုပညာရှင်အမည်ခံကာ ပြည်သူနှင့်အတူ ရပ်တည်မှုမရှိဘဲ စီးပွားရှာလုပ်စားနေကြသော လူ၊ အဖွဲ့အစည်းများအား လူမှုရေး ပြစ်ဒဏ် (Social Punishment)၊ ‌နှင့် ရှောင်ဖယ် သပိတ်မှောက်ခြင်း(Boycott)များ ပြင်းပြင်းထန်ထန် ဆက်လက်လုပ်ဆောင်ပေးရန် မေတ္တာရပ်ခံကြောင်း မက္ခရာတော်လှန်ရေးအင်အားစုက ထုတ်ပြန်ထားသည်။

"အနုပညာဆိုတာ လှပယဉ်ကျေးသိမ့်မွေ့တဲ့အမှန်တရားတစ်ခုပါ အဲ့တာကြောင့်သူတို့လိုအမှန်တရားဘက်မှာမရပ်တည်ရဲတဲ့လူတွေနှင့်လုံးဝမလိုက်ဖက်တဲ့အရာတစ်ခုလို့ ပြောချင်ပါတယ်ဗျ" ဟုလည်း မက္ခရာတော်လှန်ရေးအင်အားစု၏ တာဝန်ရှိသူက မဇ္စျိမကို ပြောသည်။

Most read this week

ဓါတ်ပုံ - (ပေးပို့ / Crd)
August 22, 2026
ရက်ဆက် မိုးရွာသွန်းမှုများကြောင့် တောင်ကျရေစီးဆင်းမှုများပြီး မွန်ပြည်နယ်နှင့်...
(ဓာတ်ပုံ – CJ)
August 21, 2026
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ရှိ တရုတ်နိုင်ငံသားပိုင် Myanmar Silver Spring...
အိုက်ဇောလ်မြို့တွင် ချင်းတော်လှန်ရေးအဖွဲ့များ တွေ့ဆုံပွဲမြင်ကွင်း။
August 21, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုက်ဇောလ်မြို့တွင် ချင်းတော်လှန်ရေးအဖွဲ့များအကြား...
ဘီးလင်းတံတား စစ်ဆေးရေးဂိတ်ရှိ အဆောက်အအုံတစ်ခု / YT
August 20, 2026
မွန်ပြည်၊ ကျိုက်ထိုမြို့နယ်အတွင်း ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်၌ စစ်အုပ်စုတပ်က...