မတူပီ မင်းတပ်နယ်အတွင်း တိုက်ပွဲများတွင် စစ်ကောင်စီဘက်က သေဆုံးသူ ၄၀ ခန့်အထိရှိနိုင်ဟု ချင်းတော်လှန်ရေးတပ်ထုတ်ပြန်

မတူပီ မင်းတပ်နယ်အတွင်း တိုက်ပွဲများတွင် စစ်ကောင်စီဘက်က သေဆုံးသူ ၄၀ ခန့်အထိရှိနိုင်ဟု ချင်းတော်လှန်ရေးတပ်ထုတ်ပြန်

ချင်းပြည်နယ် မတူပီ၊ မင်းတပ်နယ်အတွင်း ဝင်ရောက်လာသော စစ်ကောင်စီတပ်များကို တိုက်ခိုက်မှုများတွင် စစ်ကောင်စီတပ်အယောက် ၄၀ ခန့်အထိသေနိုင်ကြောင်း ချင်းတော်လှန်ရေးတပ်ဘက်က ထုတ်ပြန်သည်။

အောက်တိုဘာ ၁၂ ရက်နေ့မှစ၍ အောက်တိုဘာ ၃၀ ရက်နေ့အထိဖြစ်ပွားသော တိုက်ပွဲများတွင်မီး စကစတပ်များသေဆုံးမှုကို မီးမောင်းထိုးပြထားခြင်းဖြစ်သောထုတ်ပြန်မှုအရ အစောပိုင်းတိုက်ပွဲများတွင် အယောက် ၂၀ ခန့်နှင့် အောက်တိုဘာ ၃၀ ရက်နေ့တွင် အယောက် ၂၀ ခန့်သေဆုံးသည်ဟု CDF-မတူပီ၏ထုတ်ပြန်ချက်တွင်ပါရှိသည်။ နှစ်ပိုင်းလုံးတွင် အာဏာသိမ်းတက်ဘက်က ဒဏ်ရာရသူ အယောက် ၃၀ ခန့်ရှိသည်ဟု ဆိုသည်။

အောက်တိုဘာ ၃၀ရက်နေ့တွင် မတူပီအခြေစိုက်တပ်ရင်းများဖြစ်သည့် ခမရ၃၀၄၊၁၄၀တပ် နှင့်ဗျူဟာတပ်ရင်းတို့မှထွက်ခွာလာသည့်စစ်ယာဉ်တန်းကို CDF-မင်းတပ်အဖွဲ့မှ မတူပီ-ပလက်ဝ (၆) မိုင်အရောက်တွင် မိုင်းခွဲတိုက်ခိုက်ခဲ့ရာစစ်ကောင်စီဘက်မှ၂၀ ဦးခန့် သေဆုံးပြီး၁၀ယောက်ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်ဟု ထုတ်ပြန်ချက်ကဆိုသည်။

အောက်တိုဘာ ၁၂ရက်တွင် မင်းတပ်ဘက်မှတက်လာသည့် သံချပ်ကားနှစ်စီးနှင့်စစ်ယာဉ်တန်း ၈၃ စီး၊ စစ်သည်အင်အား ၃၀၀ကျော်ပါလာသည့်စစ်ကြောင်းကို မတူပီ-CDF အဖွဲ့နှင့် ညီနောင်CDF-မင်းတပ်အဖွဲ့တို့မှကြားဖြတ်တိုက်ခိုင်ခဲ့ရာ ၂၀ဦးခန့်သေဆုံးပြီး ၂၀ ဦးဝန်းကျင်ဒဏ်ရာ ရရှိခဲ့သည်ဟုလည်းဆိုသည်။

စစ်ကောင်စီဘက်ကထုတ်ပြန်ခြင်းမရှိသလို သီးခြားအတည်ပြုချက်လည်းရယူနိုင်ခြင်းမရှိပါ။

လက်ရှိတွင် မင်းတပ်-မတူပီ လမ်းတစ်လျှောက်ကျေးရွာများတွင် စကစတပ်များရန်ကြောင့်ထွက်ပြေးတိမ်းရှောင်နေရသူ ဒေသခံ ၁,၁၀၀ အထိရှိနေပြီး စားနပ်ရိက္ခာလိုအပ်ချက်လည်းမြင့်တက်နေသည်။

Most read this week

ဓါတ်ပုံ - (ပေးပို့ / Crd)
August 22, 2026
ရက်ဆက် မိုးရွာသွန်းမှုများကြောင့် တောင်ကျရေစီးဆင်းမှုများပြီး မွန်ပြည်နယ်နှင့်...
(ဓာတ်ပုံ – CJ)
August 21, 2026
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ရှိ တရုတ်နိုင်ငံသားပိုင် Myanmar Silver Spring...
အိုက်ဇောလ်မြို့တွင် ချင်းတော်လှန်ရေးအဖွဲ့များ တွေ့ဆုံပွဲမြင်ကွင်း။
August 21, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုက်ဇောလ်မြို့တွင် ချင်းတော်လှန်ရေးအဖွဲ့များအကြား...
ဘီးလင်းတံတား စစ်ဆေးရေးဂိတ်ရှိ အဆောက်အအုံတစ်ခု / YT
August 20, 2026
မွန်ပြည်၊ ကျိုက်ထိုမြို့နယ်အတွင်း ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်၌ စစ်အုပ်စုတပ်က...