ABSDF ရုံးအဖွဲ့ဝင်များကို ဖမ်းဆီးခြင်းသည် NCA ချိုးဖောက်ရာ ရောက်ကြောင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ဆို

ABSDF ရုံးအဖွဲ့ဝင်များကို ဖမ်းဆီးခြင်းသည် NCA ချိုးဖောက်ရာ ရောက်ကြောင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ဆို

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ADSDF) ၏ မြဝတီမြို့ ဆက်ဆံရေးရုံး တာဝန်ခံနှင့် အဖွဲ့ဝင်များကို ဖမ်းဆီးခြင်းသည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် ( NCA )ကို ချိုးဖောက်ရာ ရောက်ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ၏ ခေါင်းဆောင်က ပြောသည်။

ယနေ့ နိုဝင်ဘာ ၄ ရက် နံနက်ပိုင်းမှ စတင်ကာ Video Conferencing ဖြင့် ကျင်းပနေသော PPST အဖွဲ့ အစည်းအဝေး အဖွင့်မိန့်ခွန်းတွင် ထိုသို့ ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။

ဆက်ဆံရေးရုံးနှင့် အဖွဲ့ဝင်များသည် သက်ဆိုင်ရာ တိုင်းရင်းသားလက်နက်ကိုင် ( EAO ) များမှ နှစ်ဘက်သဘောတူ တရားဝင် ခန့်အပ်ထားသည့် သံတမန်ကဲ့သို့ အရာရှိများ ဖြစ်၍ ၎င်းတို့ကို ကာကွယ်ပေးရမည်ဟု NCA စာချုပ်တွင် ပြဌာန်းထားကြောင်းလည်း ၎င်းက ဆိုသည်။

“ ဒီပြုမှုချက်ဟာ NCA ကို ချိုးဖောက်ရာရောက်တဲ့အတွက် အမြန်ဆုံး ပြန်လွှတ်ပေးဖို့ PPST ကိုယ်စား တောင်းဆိုပါတယ်” ဟု NCA ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ခေါင်းဆောင် နိုင်အောင်မင်းက ပြောသည်။

ADSDF ၏ မြဝတီ ဆက်ဆံရေးရုံး တာဝန်ခံနှင့် ရုံးအဖွဲ့ဝင် သုံးဦးကို စစ်ကောင်စီ လက်အောက်ခံ စစ်တပ်၊ ရဲနှင့် ဒေသဆိုင်ရာ တာဝန်ရှိသူများက နိုဝင်ဘာလ ၂ ရက်တွင် ဖမ်းဆီး ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ရဲဘော်လေးဦးမှာ ဆက်ဆံရေးရုံးတာဝန်ခံ ရဲဘော် အောင်ဘော်၊ ရဲဘော်တင်စိုး၊ ရဲဘော်ကပ္ပလီနှင့် ရဲဘော်ခင်မောင်ဝင်းတို့ ဖြစ်ပြီး မြဝတီအခြေစိုက် စစ်ကောင်စီ တပ်စခန်း တစ်ခုတွင် ဖမ်းဆီးခြင်းခံထားရသည်။

၎င်းတို့အား မည်သည့်အတွက်ကြောင့် ခေါ်ဆောင်သွားသည်ကိုမူ မသိရသေးကြောင်း ABSDF ပြောခွင့်ရသူ တစ်ဦးက နိုဝင်ဘာ ၃ ရက်တွင် မဇ္ဈိမကို အတည်ပြု ပြောဆိုထားသည်။

ယနေ့ ပြုလုပ်နေသည့် PPST အစည်းအဝေးတွင် အကျဉ်းကျခံနေဆဲ၊ တရား ရင်ဆိုင်နေဆဲ EAO အဖွဲ့ဝင်များကို လွှတ်ပေးခြင်း ကိစ္စ၊ စစ်ကောင်စီက ပြုလုပ်နေသည့် PR စနစ် ရွေးကောက်ပွဲကိစ္စ၊ အာဆီယံ အစည်းအဝေးကိစ္စများအပြင် ထန်တလန်မြို့ရှိ နေအိမ်နှင့် ဘုရားကျောင်းများ မီးရှို့ ဖျက်ဆီးခံရသည့် ကိစ္စရပ်များကို ဆွေးနွေးသွားမည်ဟု သိရသည်။

ထို့အပြင် PPST ၏ နိုင်ငံရေးရပ်တည်ချက် (၇) ချက်ကို အကောင်အထည်ဖော်မှု အခြေအနေ၊ COVID-19 ကိစ္စနှင့် UN မှ အသစ်ခန့်အပ်ထားသည့် အထူးကိုယ်စားလှယ် ဒေါက်တာ နိုလင်းဟေဇာနှင့် ချိတ်ဆက် ဆောင်ရွက်ရေးများကိုလည်း ဆွေးနွေးကြရန် ရှိကြောင်း ထုတ်ပြန်ထားသည်။

August 24, 2026
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် မုံရွာခရိုင် ၅+၁ တပ်ဖွဲ့ဝင် နှစ်ဦးနှင့်...
ဓာတ်ပုံ - စစ်အုပ်စုတပ်
August 24, 2026
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ်တွင် ရပ်ကွက်နှင့် လမ်းကြိုလမ်းကြားများအထိ နေ့ညမရွေး...
ဓါတ်ပုံ - (ပေးပို့ / Crd)
August 22, 2026
ရက်ဆက် မိုးရွာသွန်းမှုများကြောင့် တောင်ကျရေစီးဆင်းမှုများပြီး မွန်ပြည်နယ်နှင့်...
(ဓာတ်ပုံ – CJ)
August 21, 2026
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ရှိ တရုတ်နိုင်ငံသားပိုင် Myanmar Silver Spring...