ဒီးမော့ဆိုတွင် စ‌စ်ကောင်စီတပ်မှ မြို့အနှံ့လက်နက်ကြီးများဖြင့် ပစ်ခတ်နေသဖြင့် ဒေသခံများ ထပ်မံထွက်ပြေး တိမ်းရှောင်နေရ

ဒီးမော့ဆိုတွင် စ‌စ်ကောင်စီတပ်မှ မြို့အနှံ့လက်နက်ကြီးများဖြင့် ပစ်ခတ်နေသဖြင့် ဒေသခံများ ထပ်မံထွက်ပြေး တိမ်းရှောင်နေရ

ကယား(ကရင်နီ)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တွင် စ‌စ်ကောင်စီက ယနေ့ နိုဝင်ဘာလ ၂ ရက်နံနက် ၁၀ နာရီခန့်တွင် မြို့အနှံ့လက်နက်ကြီးများဖြင့် ၁၀ ကြိမ်ထက်မနည်း ပစ်ခတ်သဖြင့် ဒေသခံများ ထပ်မံ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆိုမြို့နယ်(DMO-PDF)၏ ပြန်ကြားရေးတာဝန်ခံက မဇ္ဈိမကို ပြောသည်။

"ဒီမနက်လည်း ၆၀ မမ နဲ့ထုတာ ဒီးမော့ဆို တောင်ဘက်ခြမ်းလည်းပစ်တယ်။ ဒါပေမဲ့ ခါတိုင်းရက်တွေက ယာထဲတွေ၊ မြို့ပြင်ဘက်တွေ ပစ်တာ။ ဒီ‌မနက်မှ မြို့လယ်တည့်တည့်ပစ်တော့ ရွာထဲပြန်လာနေကြတဲ့ ဒေသခံအချို့ ပြန်ပြေးရပြန်ရော။ တစ်ရက်ကို မြို့အနှံ့ လက်နက်ကြီးနဲ့ ၁၀ လုံးလောက် ရမ်းသန်း ထုတယ်။ တစ်နာရီကို ငါးလုံးလောက် ပုံမှန်ထုတယ်။ ပြီးရင်သူတို့က ကင်းပုန်းတွေထားပြီး ရွာထဲပြန်လာတဲ့ပြည်သူတွေကို လိုက်လိုက်ပစ်သတ်နေတာ"ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂၆ ရက်မှစ၍ ဒီးမော့ဆိုမြို့နယ်ရှိ ရွာများမှ ဒေသခံများသည် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေကြသည်။ သို့သော် အိမ်ခြေ ၁၅၀ ခန့်က ဒေသခံများ သည် နေအိမ်သို့ အရဲစွန့်ကာ ပြန်လည်နေထိုင်နေကြခြင်းဖြစ်သည်။  ပြန်လည်နေထိုင်ကြသည့် ဒေသခံများသည် အိမ်ခြေ တစ်ထောင်ဝန်းကျင်ရှိသည့်   ရွာငါးရွာမှဖြစ်ကြသည်။ ကလေးငယ်များ၏ ကျန်းမာရေးအခြေအနေကြောင့် နှင့် ယာထဲ စပါးရိတ်သိမ်းရမည့် တောင်သူအများစုမှာ ရွာတွင် ပြန်လည်နေထိုင်ကြသည်ဟု ဒေသခံများကပြောသည်။

ယနေ့  နံနက်တွင် စစ်ကောင်စီမှ ဒီးမော့ဆိုမြို့ထဲအထိ လက်နက်ကြီးများဖြင့် ပစ်ခတ်နေသဖြင့် အဆိုပါပြန်လည်နေထိုင်ကြသည့် စစ်ရှောင်ဒေသခံများလည်း ထပ်မံတိမ်းရှောင်နေကြရခြင်းဖြစ်သည်။

ထို့အပြင် ရွာထဲရှိဒေသခံအချို့နှင့် အရပ်ဘက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့က သေသွားသည့် မိသားစုဝင်များအတွက် ဖယောင်းတိုင်ထွန်း ဆုတောင်းပွဲပြုလုပ်သည့် နေရာအနီးတစ်ဝိုက်တွင်လည်း စစ်ကောင်စီဘက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများရှိကြောင်း ဒေသခံများထံမှ သိရသည်။

"ကျွန်တော်တို့ဘက်က နယ်မြေရှင်းဖို့ အဲဒီကောင်တွေကို ပြန်ရှာရင် မရှိတော့ပြန်ဘူး။ နောက် သုံးရက်နေရင်သူတို့က အဲဒီနေရာမှာပြန်ပေါ်လာပြန်ရော ကင်းပုန်းလိုနေနေကြတာ။ လူမရှိတဲ့ အိမ်တွေကိုလည်း သူတို့အခုထိ ဖောက်ထွင်းခိုးနေကြတုန်းပဲ။ ဒီးမော့ဆိုတိုက်ပွဲကတော့ မနေ့ ညနေ ၅ နာရီအထိဖြစ်တယ်။ ဒီမနက်တော့ တိုက်ပွဲမရှိပေမဲ့ သူတို့ဘက်က ရမ်းသန်းပစ်ခတ်နေတုန်းပဲ။ သူတို့ဘက်ကလည်း ဒီးမော့ဆိုမှာရော မိုးဗြဲဘက်မှာရော တပ်ဖြည့်ဖို့ လူစုနေကြတယ်။ "ဟု DMO-PDF၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

 ဒီးမော့ဆိုမြို့နယ်တွင် ယ‌မန်နေ့ နိုဝင်ဘာလ ၁ ရက်နေ့ ညနေပိုင်း၌ ထူလွီးဘီလာ ရပ်ကွက်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်များကို ကရင်နီတပ်မတော် (KA) နှင့် KNDF တို့မှ တိုက်ခိုက်ခဲ့ရာ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ ၈ ဦး သေဆုံးခဲ့ကြောင်း ကရင်နီအမျိူးသားများ ကာကွယ်ရေး တပ်ဖွဲ့(KNDF)က သတင်းထုတ်ပြန်ခဲ့သည်။

စစ်တပ်အာဏာသိမ်းပြီး ဖေဖော်ဝါရီလ ၁ ရက်နေ့မှ အောက်တိုဘာလ ၃၁ ရက်နေ့အထိ ကယား(ကရင်နီ)ပြည်နယ်တွင် တိုက်ပွဲပေါင်း ၉၉ ကြိမ် ဖြစ်ပွားခဲ့ရာ စစ်‌ကောင်စီမှ သေဆုံးသူ ၃၉၉ ဦး ၊ KNDF/KA တပ်ဖွဲ့ဝင်များမှ သေဆုံးသူ ၃၀ ဦးနှင့် အရပ်သားပြည်သူ သေဆုံးသူ ၉၉ ဦးရှိကြောင်း တိုးတက်သော ကရင်နီပြည်သူ့ အင်အားစု (PKPF Information Centre) မှ ယမန်နေ့က သတင်းထုတ်ပြန်ထားသည်။

Most read this week

ရုရှားနိုင်ငံထုတ် စစ်ကော်မရှင်၏တိုက်လေယာဉ်အသစ်များကို အာဏာသိမ်းပြီးကာလမှာ တွေ့ရစဉ်(ပုံအဟောင်း-AFP)
March 17, 2026
ဓာတု — မန္တလေးတိုင်း၊ မြင်းခြံခရိုင်ရှိ မြင်းခြံနှင့်နွားထိုးကြီးမြို့နယ်တို့တွင် နှစ်လတာအတွင်း...
ဓာတ်ပုံ - ၁၀၂၇ စစ်ဆင်ရေးအတွင်း ညီနောင်မဟာမိတ်အဖွဲ့ဝင် သုံးဖွဲ့မှ တပ်သားများကို အတူတကွ တွေ့ရစဥ် ။
March 16, 2026
မောင်ခက်နွေ — ညီနောင်မဟာမိတ် အဖွဲ့ဝင်များ ဖြစ်သည့် MNDAA နှင့် TNLA တို့အကြား ဖြစ်ပွားနေသည့်...
March 14, 2026
စစ်ကော်မရှင်က ၂၀၂၆ ခုနှစ် မတ်လ ၁ ရက်မှ ၁၀ ရက်အတွင်း  ညောင်လေးပင်မြို့နယ်၌ ကျူးလွန်ခဲ့သည့်...
March 13, 2026
ပါခွီး — ပဲခူးတိုင်း ၊ တောင်ငူမြို့ အခြေစိုက် ကေတုမတီလေတပ်ကို ရှော့တိုက်ဒုံး ၁၈လုံးဖြင့် ပစ်ခတ်...