NLD အစိုးရ လက်ထက် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး အဖွဲ့ဝင်ဟောင်း မစ္စတာဘီလ်ရစ်ချတ်ဆန်နှင့် စစ်ကောင်စီဥက္ကဋ္ဌတို့ တွေ့ဆုံ

NLD အစိုးရ လက်ထက် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး အဖွဲ့ဝင်ဟောင်း မစ္စတာဘီလ်ရစ်ချတ်ဆန်နှင့် စစ်ကောင်စီဥက္ကဋ္ဌတို့ တွေ့ဆုံ

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ လက်ထက် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး အဖွဲ့ဝင်ဟောင်း မစ္စတာဘီလ်ရစ်ချတ်ဆန်နှင့် အာဏာသိမ်း စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်တို့ ယနေ့ နိုဝင်ဘာလ ၂ ရက် မနက်ပိုင်း အချိန်တွင် နေပြည်တော်ရှိ သံတမန်ဆောင်ဧည့်ခန်းမ၌ တွေ့ဆုံခဲ့ကြသည်ဟု စစ်ကောင်စီက သတင်းထုတ်ပြန်သည်။

မစ္စတာဘီလ်ရစ်ချတ်ဆန်သည် အမေရိကန်နိုင်ငံ၊ နယူးမက္ကဆီကိုပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း နှင့် ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ဟောင်းလည်း ဖြစ်သည်။

တွေ့ဆုံပွဲတွင် COVID-19 ကပ်ရောဂါ ထိန်းချုပ်ရေး၊ ကာကွယ်ဆေးထိုးနှံပေးရေးနှင့် အမေရိကန်နိုင်ငံမှ တစ်ဆင့် COVID -19 ရောဂါ ကာကွယ်ဆေးကူညီပေးမည့် အခြေအနေများကို ဆွေးနွေးကြသည်ဟု စစ်ကောင်စီ၏ သတင်းနှင့်ပြန်ကြားရေးက သတင်းထုတ်ပြန်သည်။

သို့သော်လည်း လက်ရှိနိုင်ငံရေးအခြေအနေများကို ဆွေးနွေးခဲ့ကြခြင်း ရှိ/မရှိနှင့် မစ္စတာဘီလ်ရစ်ချတ်ဆန်အနေနှင့် မည်ကဲ့သို့သော အကြောင်းအရာများကို ပြောဆိုခဲ့သည်ဆိုသည့် အသေးစိတ်များကို ထည့်သွင်းရေးသားခဲ့ခြင်း မရှိ‌ပေ။

နိုင်ငံရေးအကျဉ်းသားများကို ပြန်လွှတ်ရန် မြန်မာအာဏာသိမ်း စစ်ကောင်စီကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က နိုဝင်ဘာ ၁ ရက်တွင် တိုက်တွန်းတောင်းဆိုခဲ့အပြီး ယနေ့တွင် တွေ့ဆုံခဲ့ကြခြင်းလည်းဖြစ်သည်။

July 31, 2026
စစ်အုပ်စုတပ် ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး ဖြစ်သူ ဗိုလ်ချုပ်ကြီး ထွန်းအောင်၏ ရန်ကုန်နေအိမ်သို့...
July 30, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်အုပ်စုက ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်နေ့မှစ၍ ဇူလိုင်လ ၂၉ ရက်နေ့...
July 30, 2026
မလေးရှားအစိုးရက ဒုက္ခသည်များအပေါ် ထားရှိသည့် မူဝါဒများကို တင်းကျပ်လာနေသည့် အခြေအနေများ ကြောင့်...
July 27, 2026
မကွေးတိုင်း၊ ကျောက်ထုမြို့နယ်တွင် စစ်အုပ်စုတပ်က စစ်အင်အား ၂,၀၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးနေခြင်း...