တနင်္သာရီတိုင်းဒေသကြီးတွင် နှစ်ရက်အတွင်း စိတ်ကြွရူးသွပ်ဆေးပြား ငါးသောင်းကျော် ဖမ်းမိ

တနင်္သာရီတိုင်းဒေသကြီးတွင် နှစ်ရက်အတွင်း စိတ်ကြွရူးသွပ်ဆေးပြား ငါးသောင်းကျော် ဖမ်းမိ

တနင်္သာရီတိုင်းဒေသကြီးတွင် အောက်တိုဘာ ၁၀ ရက်နှင့် ၁၁ ရက်အတွင်း စိတ်ကြွရူးသွပ်ဆေးပြား ငါးသောင်းကျော် ဖမ်းဆီးရမိခဲ့ကြောင်း CCDAC Myanmar ထုတ်ပြန်ခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ်၊ မလွှဲတောင် ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် မော်တော်ယာဉ်များအား စစ်ဆေးရာ ရန်ကုန်- မြိတ်သို့ မောင်းနှင်လာသော ခရီးသည်ယာဉ်၌ လိုက်ပါလာသော ခရီးသည် သောင်းကျော်လင်း၏ ‌ကျောပိုးအိတ်အတွင်း စိတ်ကြွရူးသွပ်ဆေးပြား ၄၈၇၅၀ ပြား ဖမ်းဆီးရမိကြောင်း သိရသည်။

ကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၁၄၆၂.၅ သိန်း တန်ဖိုးရှိ မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိသူ သောင်းကျော်လင်း ၃၈နှစ်အား မူးယစ်ဆေးဝါး နှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားသည်။

အလားတူ အောက်တိုဘာ ၁၀ ရက် ညပိုင်းက တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြိုနယ်၊ ရွှေပြည်စိုးကျေးရွာနေ သိန်းမြင့်၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅၅ ပြားနှင့် မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း CCDAC Myanmar ထုတ်ပြန်ထားသည်။

ကွင်းဆက်ဖော်ထုတ်ချက်အရ ကော့သောင်းမြို့ ရွှေဇင်ယော်ရပ်ကွက်နေ အောင်ဇော်ဦး၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်း၏နေအိမ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၃၁၆၀ ကို သိမ်းဆည်းရမိသည်။

စိတ်ကြွရူးသွပ်ဆေးပြားအပြင် ပွိုင့် ၂၂ သုံးထောင့်ထိုး သေနတ်တစ်လက်နှင့် ၎င်း၏ကျည် ၂၅ တောင့်တို့အား သိမ်းဆည်းရမိခဲ့ကြောင်း ဖော်ပြထားသော်လည်း မည်သို့အရေးယူထားသည်ကို မသိရသေးသော်လည်း သိန်းမြင့် (၄၆) နှစ်နှင့် အောင်ဇော်ဦး (၂၄) နှစ်တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 
 

 

 

(ပြန်/ဆက်) ဇူလိုင်လအတွင်း ပေါင်မြို့နယ်၌ စားအုန်းဆီ လာရောက် ရောင်းချပေးနေစဉ်။
August 21, 2026
မွန်ပြည်၊ ပေါင်မြို့နယ်ရှိ စစ်အုပ်စု၏ အုပ်ချုပ်ရေးအဖွဲ့များ ကောက်ခံနေသည့် စစ်မှုထမ်းကြေးကို...
ဓာတ်ပုံ - Crd
August 20, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်း စစ်အုပ်စုတပ်က အင်အား ရာနှင့်ချီ...
(ဓာတ်ပုံ - Crd)
August 20, 2026
မွန်ပြည်၊ မုဒုံမြို့နယ်၊ နှီးပဒေါကျေးရွာရှိ မော်လမြိုင်-သံဖြူဇရပ် ကားလမ်းပိုင်း၌ ယနေ့ (ဩဂုတ်လ ၂၀...
(ဓာတ်ပုံ - MSDF / Crd)
August 19, 2026
မွန်ပြည်ကာကွယ်ရေးတပ် (MSDF) အနေဖြင့် နည်းပညာအကူအညီဖြင့် ပင်လယ်ပြင်နှင့် ရေကြောင်း စစ်ဆင်ရေးများ...