ရေကြောင်း စစ်ဆင်ရေးအတွက် ကာမီကာဇေ စပိဘုတ် MSDF စမ်းသပ် အောင်မြင်

ရေကြောင်း စစ်ဆင်ရေးအတွက် ကာမီကာဇေ စပိဘုတ် MSDF စမ်းသပ် အောင်မြင်
(ဓာတ်ပုံ - MSDF / Crd)
(ဓာတ်ပုံ - MSDF / Crd)

မွန်ပြည်ကာကွယ်ရေးတပ် (MSDF) အနေဖြင့် နည်းပညာအကူအညီဖြင့် ပင်လယ်ပြင်နှင့် ရေကြောင်း စစ်ဆင်ရေးများ ထိရောက်စွာ ဖော်ဆောင်နိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း တပ်ရင်းတာဝန်ရှိသူများက ပြောဆိုသည်။

ပင်လယ်နှင့် မြစ်ချောင်းဒေသများမှ ရန်သူ၏ စစ်ရေးသတင်းအချက်အလက်များကို ပိုမိုစုစည်းနိုင်ရန်နှင့် ရေပြင် စစ်ဆင်ရေး မစ်ရှင်များကို ထိရောက်စွာ လုပ်ဆောင်နိုင်ရန် မောင်းသူမဲ့ ကာမီကာဇေစပိဘုတ်များကို တပ်ဆင် ဖန်တီးလျက်ရှိရာ စမ်းသပ်မှုများ အောင်မြင်လျက်ရှိကြောင်း ဆိုသည်။

ကာမီကာဇေစပိဘုတ် နည်းပညာနှင့် စက်ပစ္စည်းအချို့ကို ၁ နှစ်နီးပါး အချိန်ယူ စုဆောင်းခဲ့ပြီးနောက် ယခု ရက်ပိုင်းအတွင်း ရေပြင်စမ်းသပ်မှု အောင်မြင်ခဲ့ခြင်းဖြစ်ကြောင်း MSDF မှ ပြောရေးဆိုခွင့်ရှိသူက ရှင်းပြသည်။

“အဓိကကတော့ စစ်ကော်မရှင်ရဲ့ ရေတပ်တွေကို စစ်ဆင်းရေး လုပ်နိုင်ဖို့ပါ။ ဒီနည်းပညာကတော့ ရေတပ်ကနေ CDM လုပ်ထားတဲ့လူတွေကနေ သင်ယူခဲ့ရတယ်။ သင်ယူပြီးတော့ တပ်ဖွဲ့ဝင်တွေက လက်တွေ့လုပ်ကြတယ်။ ဒီရက်ပိုင်းမှာ ပြီးစီးသွားတော့ ရေပြင်မှာ စမ်းသပ်ကြည့်တယ်၊ အောင်မြင်ခဲ့တယ်ပေါ့” ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။

အဆိုပါ နည်းပညာစက်ပစ္စည်းများကို အမြောက်အမြား ထပ်မံထုတ်လုပ်နိုင်ရန်နှင့် ပိုမိုထိရောက်သည့် စစ်ဆင် ရေးများ လုပ်ဆောင်နိုင်ရန်အတွက် လိုအပ်သည့် လုပ်ငန်းစဉ်များကို အစဉ်ဆက်မပြတ် ကြိုးပမ်းဆောင် ရွက်နေဆဲဖြစ်ကြောင်း ဆိုသည်။

“ဒီစမ်းသပ်မှု အောင်မြင်သွားတာနဲ့ ကျနော်တို့က ရပ်တန့်သွားတာ မဟုတ်ဘူး။ ဒီကာမီကာဇေတွေ ခရီးဝေး စစ်ဆေးရေးတွေ လုပ်ဆောင်နိုင်ဖို့ရယ်၊ ဒီထက်ပိုကောင်းတဲ့ အဆင့်မြင့်တင်မှုတွေလည်း လုပ်သွားဖို့ ရှိတယ်” ဟု MSDF ပြောခွင့်ရက ဆက် ပြောသည်။

ထို့ကြောင့် ပိုမိုထိရောက်မည့် နည်းပညာများနှင့် အဆင့်မြှင့်တင်ရေး လုပ်ငန်းများတွင် အကူအညီ ပေးနိုင်သူများ ကို ဖိတ်ခေါ်ကြောင်းလည်း ဆိုသည်။

ရေကြောင်းစစ်ဆင်ရေး ဖော်ဆောင်လိုသည့် နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့များကိုလည်း လိုအပ်ပါက နည်းပညာ နှင့် သတင်းအချက်အလက်များကို ပြန်လည်မျှဝေပေးသွားမည်ဖြစ်ကြောင်း မွန်ပြည်ကာကွယ်ရေးတပ် (MSDF) က အသိပေး ထုတ်ပြန်ထားသည်။

မွန်ပြည်ကာကွယ်ရေးတပ် (MSDF) ကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလတွင် စတင်ဖွဲ့စည်းခဲ့ပြီး အခြားသော မွန်တော်လှန်ရေးတပ်ဖွဲ့များအပါအဝင် လက်နက်ကိုင် တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းကာ ယခုအချိန် အထိ စစ်အုပ်စုတပ်ကို တိုက်ပွဲဝင်နေသည့် အဖွဲ့အစည်း ဖြစ်သည်။

စစ်အုပ်စုတပ်ကို တိုက်ပွဲဝင်နေသည့် တော်လှန်ရေးတပ်ဖွဲ့များသည် ဒရုန်းနှင့် လေကြောင်းတိုက်ခိုက်ရေး၊ လက် နက် ထုတ်လုပ်ရေး၊ စစ်မြေပြင် ဆက်သွယ်ရေးနှင့် ထောက်လှမ်းရေး ပြုလုပ်ရာတွင် နည်းပညာများကို ကိုယ် တိုင်ဖန်တီး အသုံးချလာနိုင်ကြောင်း တော်လှန်ရေးခေါင်းဆောင်များက ပြောသည်။

(ဓာတ်ပုံ - Crd)
August 20, 2026
မွန်ပြည်၊ မုဒုံမြို့နယ်၊ နှီးပဒေါကျေးရွာရှိ မော်လမြိုင်-သံဖြူဇရပ် ကားလမ်းပိုင်း၌ ယနေ့ (ဩဂုတ်လ ၂၀...
ဓာတ်ပုံ - (စစ်အုပ်စုတပ်၏ စစ်ဆေးရေးဂိတ်တစ်ခု - Crd)
August 19, 2026
မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ အဘစ်-ခလယ်တံခွန်တိုင် လမ်းပိုင်းရှိ အဘစ်စစ်ဆေးရေးဂိတ်တွင် ဒေသခံမဟုတ်...
မွန်သတင်းအေဂျင်စီ (၂၀၂၅ ခုနှစ် ကျုံလောင်းကျေးရွာ တိုက်ပွဲကြောင့် ထွက်ပြေးလာသည့် စစ်ဘေး ရှောင်အချို့။ - ပုံဟောင်း)
August 18, 2026
ရေးမြို့နယ်၊ ရေးချောင်းဖျား ဒေသအတွင်း စစ်အုပ်စုတပ်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် ဒေသခံများ...
ဓာတ်ပုံ - ထိုင်းသတင်း
August 17, 2026
ထိုင်း-မြန်မာနယ်စပ်ဒေသ အပါအဝင် မြန်မာနိုင်ငံအတွင်း အသုံးပြုနေသည့် စတားလင့် (Starlink) စက်များ...