ရေးမြို့နယ်တွင် အောက်တိုဘာ ၁ ရက်မှ ၈ ရက်အတွင်း စိတ်ကြွရူးသွပ်ဆေးပြား ၅ ထောင်ကျော် ဖမ်းဆီးရမိ

ရေးမြို့နယ်တွင် အောက်တိုဘာ ၁ ရက်မှ ၈ ရက်အတွင်း စိတ်ကြွရူးသွပ်ဆေးပြား ၅ ထောင်ကျော် ဖမ်းဆီးရမိ

ရေးမြိုနယ်တွင် အောက်တိုဘာ ၁ ရက်မှ ၈ ရက်အတွင်း စိတ်ကြွရူးသွပ်ဆေးပြား ၅ ထောင်ကျော် (၅၃၈၀ ပြား) ဖမ်းဆီးရမိခဲ့ကြောင်း CCDAC Myanmar ၏ ဖော်ပြချက်အရ သိရသည်။



အောက်တိုဘာ ၈ ရက် ညနေပိုင်းတွင် ရေးမြို့နယ်၊ ဒူးယားကျေးရွာ တိုက်နယ်ဆေးရုံအနီး၌ အောင်ဖြိုးခိုင် (ခ) အမောင် အသက် ၂၄ နှစ် မောင်းနှင်လာသော မော်တော်ဆိုင်ကယ်အား ရဲက ရပ်တန့်စစ်ဆေးရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၈၀၀ ပြားကို ဖမ်းဆီးရမိခဲ့သည်ဟု ဆိုသည်။

ကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၁၁၄ သိန်းခန့် မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိသူ အောင်ဖြိုးခိုင် (ခ) အမောင်အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

အလားတူ အောက်တိုဘာ ၁ ရက် မနက်ပိုင်းတွင် ရေးမြို့ အောင်သုခရပ်ကွက်နေ ဇင်နီကျော် (ခ) ငန်းနီကျော်၏နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ ဝေလင်းဟန်ကိုတွေ့ရှိခဲ့ပြီး စိတ်ကြွရူးသွပ်ဆေးပြား ၁၅၈၀ ပြားကို ဖမ်းဆီးရမိခဲ့ကြောင်း CCDAC Myanmar က သတင်းဖော်ပြသည်။

စိတ်ကြွမူးယစ်ဆေးဝါးအပြင် မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကိုလည်း သိမ်းဆည်းရမိသဖြင့် ဇင်နီကျော် (ခ) ငန်းနီကျော် (၃၂) နှစ်နှင့် ဝေလင်းဟန် (၃၃) နှစ်တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

December 19, 2025
တနင်္သာရီတိုင်း၊ မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၁၂ က...
December 18, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်ရှိ စစ်ကော်မရှင် ဌာနဆိုင်ရာရုံးများကို တော်လှန်ရေး...
Photo credit - social media
December 17, 2025
မွန်ပြည်နယ်မှာ စစ်မှုထမ်းဥပဒေအရဟုဆိုကာ လူငယ်များအား အဓမ္မတပ်သားသစ်စုဆောင်း၍ သင်တန်းပေးနေသည်မှာ...
Photo credit - CJ
December 16, 2025
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဂျိုင်းမြစ်အတွင်း စစ်ကော်မရှင်အဖွဲ့၏ ပစ်ခတ်ခံရမှုကြောင့် ရေထဲမျောပါ...