မန္တလေးမှ စစ်အင်အားအပြည့် တင်ဆောင်လာသည့် သင်္ဘော ရွှေကူမြို့အဝင်နား ပစ်ခံရ

မန္တလေးမှ စစ်အင်အားအပြည့် တင်ဆောင်လာသည့် သင်္ဘော ရွှေကူမြို့အဝင်နား ပစ်ခံရ

ပြီးခဲ့သည့် စက်တင်ဘာလ ၉ ရက်နေ့ကတည်းက မန္တလေးမှ စစ်အင်အားအပြည့်တင်ဆောင်လာသော သင်္ဘော ယနေ့ညနေပိုင်းက ရွှေကူမြို့အဝင် ရွှေဘုံသာကျေးရွာတွင် ပစ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။

"အဲသင်္ဘောက ရွှေကူမြို့အဝင် ရွှေဘုံသာရွာနားမှာညနေ ၆ နာရီခွဲနားလောက်မှာ ပစ်ခံရတယ်လို့ သိရတယ်" ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်အင်အားအပြည့် တင်ဆောင်ထားသည့် ပင်လုံသင်္ဘောပစ်ခံရပြီးနောက် စစ်ကောင်စီဘက်မှလည်း သင်္ဘော‌ပေါ်မှ ပြန်လှမ်းပစ်ကာ အပြန်အလှန်ပစ်ခတ်မူဖြစ်ခဲ့ကြောင်း သိရသည်။

"သူတို့က ပစ်ခံရတော့ မြစ်ကြောင်းတစ်လျှောက် ရွာဘက်ကို ရမ်းပစ်ပြီး တက်လာတာ ဟုတ်တယ်။ မိုးလဲရွာဆို လက်နက်ကြီးကျလို့ နေအိမ်တစ်လုံး မီးလောင်တယ်။ ပြီးတော့ ရွှေဂုန်တိုင်ရွာမှ ပြည်သူများနေအိမ်ထိမှန်ပြီး လက်နက်ကျည်စထိသူလည်းရှိတယ်" ဟု ဒေသခံတစ်ဦးက ပြောသည်။

ကျည်ထိမှန်သူသည် ရွှေဘုံသာကျေးရွာမှ မလဲ့လဲ့ဝင်းဆိုသူဖြစ်ကြောင်း သိရသည်။ ထို့ပြင် ဒေသခံအချို့လည်း ဖမ်းဆီးခံရကြောင်း သိရသည်။

"ဖမ်းဆီးခံရတာလည်းရှိတယ်လို့ ကြားရတယ်၊ ဘယ်နှစ်ယောက်ဖမ်းခံရလဲဆိုတာတော့ တိတိကျကျ မသိရသေးဘူး" ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါပစ်ခတ်မူတွင် စစ်ကောင်စီဘက်မှ အထိအခိုက်များရှိနိုင်ကြောင်း ၎င်းကဆက်ပြောသည်။

အဆိုပါသင်္ဘောသည် ပင်လုံအမည်ရှိ သင်္ဘောဖြစ်ပြီး မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဂေါဝိန်ရပ်ကွက်ရှိ ဂေါဝိန်ဆိပ်ကမ်းမှ စက်တင်ဘာလ ၉ ရက်နေ့ နံနက် ၆ နာရီခွဲ ထွက်ခွာသွားခြင်းဖြစ်ကြောင်း သိရသည်။

 
 

 

 

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလထဲ KIO ထိန်းချုပ်နယ်မြေ ပန်ဝါဒေသက မြေရှားသတ္တုတူးဖော်တဲ့ လုပ်ကွက်တစ်နေရာ Photo - KNG
January 27, 2026
ဂျာဘောက်ရာ — ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ ချီဖွေ၊ ပန်ဝါမြို့ရှိ...
January 26, 2026
ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်မှာ ဆိုင်ကယ်ကယ်ရီသမားတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရပြီး...
January 24, 2026
စစ်ကိုင်းနဲ့ကချင်အစပ်ဒေသတွေမှာ ဇန်နဝါရီလ ၁၇ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ၆ ရက်အတွင်း...
January 23, 2026
နော်ထွယ့်(ဟူးကောင့်) — ဗန်းမော်မြို့၊ ကောင်ဂျာကျေးရွာမှာ နာရေးဆုတောင်းပွဲပြုလုပ်ဖို့...