မန္တလေးမှ စစ်အင်အားအပြည့် တင်ဆောင်လာသည့် သင်္ဘော ရွှေကူမြို့အဝင်နား ပစ်ခံရ

မန္တလေးမှ စစ်အင်အားအပြည့် တင်ဆောင်လာသည့် သင်္ဘော ရွှေကူမြို့အဝင်နား ပစ်ခံရ

ပြီးခဲ့သည့် စက်တင်ဘာလ ၉ ရက်နေ့ကတည်းက မန္တလေးမှ စစ်အင်အားအပြည့်တင်ဆောင်လာသော သင်္ဘော ယနေ့ညနေပိုင်းက ရွှေကူမြို့အဝင် ရွှေဘုံသာကျေးရွာတွင် ပစ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။

"အဲသင်္ဘောက ရွှေကူမြို့အဝင် ရွှေဘုံသာရွာနားမှာညနေ ၆ နာရီခွဲနားလောက်မှာ ပစ်ခံရတယ်လို့ သိရတယ်" ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်အင်အားအပြည့် တင်ဆောင်ထားသည့် ပင်လုံသင်္ဘောပစ်ခံရပြီးနောက် စစ်ကောင်စီဘက်မှလည်း သင်္ဘော‌ပေါ်မှ ပြန်လှမ်းပစ်ကာ အပြန်အလှန်ပစ်ခတ်မူဖြစ်ခဲ့ကြောင်း သိရသည်။

"သူတို့က ပစ်ခံရတော့ မြစ်ကြောင်းတစ်လျှောက် ရွာဘက်ကို ရမ်းပစ်ပြီး တက်လာတာ ဟုတ်တယ်။ မိုးလဲရွာဆို လက်နက်ကြီးကျလို့ နေအိမ်တစ်လုံး မီးလောင်တယ်။ ပြီးတော့ ရွှေဂုန်တိုင်ရွာမှ ပြည်သူများနေအိမ်ထိမှန်ပြီး လက်နက်ကျည်စထိသူလည်းရှိတယ်" ဟု ဒေသခံတစ်ဦးက ပြောသည်။

ကျည်ထိမှန်သူသည် ရွှေဘုံသာကျေးရွာမှ မလဲ့လဲ့ဝင်းဆိုသူဖြစ်ကြောင်း သိရသည်။ ထို့ပြင် ဒေသခံအချို့လည်း ဖမ်းဆီးခံရကြောင်း သိရသည်။

"ဖမ်းဆီးခံရတာလည်းရှိတယ်လို့ ကြားရတယ်၊ ဘယ်နှစ်ယောက်ဖမ်းခံရလဲဆိုတာတော့ တိတိကျကျ မသိရသေးဘူး" ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါပစ်ခတ်မူတွင် စစ်ကောင်စီဘက်မှ အထိအခိုက်များရှိနိုင်ကြောင်း ၎င်းကဆက်ပြောသည်။

အဆိုပါသင်္ဘောသည် ပင်လုံအမည်ရှိ သင်္ဘောဖြစ်ပြီး မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဂေါဝိန်ရပ်ကွက်ရှိ ဂေါဝိန်ဆိပ်ကမ်းမှ စက်တင်ဘာလ ၉ ရက်နေ့ နံနက် ၆ နာရီခွဲ ထွက်ခွာသွားခြင်းဖြစ်ကြောင်း သိရသည်။

 
 

 

 

September 22, 2026
ကချင်ပြည်မြောက်ပိုင်း၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်အတွင်းရှိ တရုတ်–မြန်မာနယ်စပ်...
စစ်အုပ်စု တပ်ဖွဲ့ဝင်အချို့နှင့် တန်ဂူးတန် ပြည်သူ့စစ် တပ်ဖွဲ့ဝင်များ။ / Crd
September 21, 2026
ကချင်ပြည်နယ်၊ ပူတာအိုနှင့် မချမ်းဘော့မြို့နယ်တို့တွင် စစ်အုပ်စုတပ်နှင့် တန်ဂူးတန်...
Myanmar CNICO
September 21, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာပြီး တကောင်းနီကယ်စက်ရုံဆိပ်ကမ်း၌ ၁၀ ရက်ခန့် ရပ်နားထား သည့်...
အရှေ့နာဂကာကွယ်ရေးတပ် (ENDA) / Crd - ENDA
September 19, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်အတွင်း အရှေ့နာဂကာကွယ်ရေးတပ် (ENDA) က တပ်သားသစ်စုဆောင်း ရန်...