မုံးကိုးစစ်ရှောင်များ တမံတလင်းပေါ်အိပ်ရန် အထပ်သားများ အရေးပေါ်လိုအပ်နေ

မုံးကိုးစစ်ရှောင်များ တမံတလင်းပေါ်အိပ်ရန် အထပ်သားများ အရေးပေါ်လိုအပ်နေ
Bum Shep
Bum Shep

ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးမြို့ပေါ်သို့ ထွက်ပြေးလာသော စစ်ရှောင်စခန်းများအတွက် တမံတလင်းပေါ်အိပ်ရန် အထပ်သားများ အရေးပေါ် လိုအပ်နေကြောင်း စစ်ရှောင်ကူညီပေးနေသူတစ်ဦးထံမှ သိရသည်။

"မုံးကိုးစစ်ရှောင်က ခက်ခဲနေတယ်။ တမံတလင်းမှာ မိုးကာပဲခင်းလို့။ အခက်အခဲဖြစ်နေတယ်။ အထပ်သားတွေလိုနေတယ်။ တအာက်ခင်းဖို့။ အကူအညီ အရေးပေါ်လိုနေတယ်။ အချပ် ၃၀၊ ၄၀ လောက်။" ဟု သူကပြောသည်။

စစ်ရှောင်များတွင် သက်ကြီးရွယ်အို၊ ကလေး၊ ကိုယ်ဝန်ဆောင် အမျိုးသမီးများနဲ့ နို့တိုက်မိခင်များလည်း ပါဝင်နေသောကြောင့် တမံတလင်းပေါ် မိုးကာတစ်ခုသာခင်းပြီး အိပ်ပါက ရေရှည်ကျန်းမာရေး ထိခိုက်လာနိုင်သောကြောင့် ‌အခင်းအောက် အထပ်သားခင်းရန် လိုအပ်ကြောင်း ပြောသည်။

စစ်ဘေးဒုက္ခသည်တွေထဲမှာ အသက် ၆၀ အထက် ၃၀ ကျော်၊ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင် ၁၀ ဦး၊ ၁၂ နှစ်အောက်ကလေး ၁၇၀ ကျော်အပါအဝင် စုစုပေါင်း လူဦးရေ ၇၀၀ ကျော်ရှိသည်။

"စစ်ရှောင်ထပ်တိုးတာတော့ မရှိဘူး။ ဒီကြားထဲ မုံးကိုးထိတော့ ငြိမ်နေတယ်။ ဖောင်းဆိုင်ဘက်တော့ စစ်ဖြစ်တယ်။" ဟု လူမှုကူညီရေးအသင်း တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

လက်ရှိ စစ်ရှောင်ပြည်သူများသည် လီဆူဘုရားကျောင်း၊ ဘုန်းကြီးကျောင်းနဲ့ ကချင်ဘုရားကျောင်းများတွင် ခိုလှုံနေကြရပြီး ရက်ကြာလာတာနဲ့အမျှ အစားအသောက် ခက်ခဲလာတဲ့အပြင် ဆေးဝါးများလည်း လိုအပ်မှုများလာကြောင်း ပြောသည်။

စစ်ကောင်စီနဲ့ MNDAA တို့အကြား တိုက်ပွဲပြင်းထန်လာတာကြောင့် မုံးကိုးမြို့နယ်ရှိ ရွာ ၉ ရွာမှ ပြည်သူ ၇၀၀ ကျော် မုံးကိုးမြို့သို့ ဩဂုတ် ၂၉ ရက်နေ့ကစ ထွက်ပြေးလာကြခြင်းဖြစ်သည်။

စစ်အုပ်စု တပ်ဖွဲ့ဝင်အချို့နှင့် တန်ဂူးတန် ပြည်သူ့စစ် တပ်ဖွဲ့ဝင်များ။ / Crd
September 21, 2026
ကချင်ပြည်နယ်၊ ပူတာအိုနှင့် မချမ်းဘော့မြို့နယ်တို့တွင် စစ်အုပ်စုတပ်နှင့် တန်ဂူးတန်...
Myanmar CNICO
September 21, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာပြီး တကောင်းနီကယ်စက်ရုံဆိပ်ကမ်း၌ ၁၀ ရက်ခန့် ရပ်နားထား သည့်...
အရှေ့နာဂကာကွယ်ရေးတပ် (ENDA) / Crd - ENDA
September 19, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်အတွင်း အရှေ့နာဂကာကွယ်ရေးတပ် (ENDA) က တပ်သားသစ်စုဆောင်း ရန်...
စင်းခန်းကျေးရွာတစ်ဝိုက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မီးလောင်ကျွမ်းနေစဉ်။ / Crd
September 18, 2026
ကချင်ပြည်၊ ဗန်းမော်၊ မံစီနှင့် ဇင်းဘုံ၊ စင်းခန်းတံတားတစ်ဝိုက် ဒေသများတွင် စစ်ရေးတင်းမာနေပြီး...