မုံးကိုးမှာ စစ်ဘေးဒုက္ခသည်အသစ် ၇၀၀ ကျော်ထိ တိုးလာ

မုံးကိုးမှာ စစ်ဘေးဒုက္ခသည်အသစ် ၇၀၀ ကျော်ထိ တိုးလာ

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်၊ မုံးကိုးမြို့နယ်ခွဲရှိ စစ်ကောင်စီနှင့် ကိုးကန့် MNDAA တို့ကြား တိုက်ပွဲပြင်းထန်မှုကြောင့် နီးစပ်ရာကျေးရွာများမှ မုံးကိုးမြို့သို့ ထွက်ပြေးတိမ်းရှောင်လာခဲ့သော စစ်ဘေးဒုက္ခသည် ၇၀၀ ကျော်ရှိလာပြီဟု သိရသည်။

မုံးကိုးမြို့အနီး ကျေးရွာပေါင်း ၉ ရွာမှ အိမ်ခြေ ၁၅၀ ကျော်ဖြစ်ပြီး ထိုအထဲ အမျိုးသား ၃၄၀၊ အမျိုးသမီး ၃၆၁ ဦး၊ စုစုပေါင်း ၇၀၄ ဦး ရှိကြောင်း လက်ရှိ စစ်ရှောင်များကို ကူညီပေးနေသူတစ်ဦးက ပြောသည်။  

"လောလောဆယ်ဆယ် အစားအသောက်တွေ အဓိကလိုနေတယ်။ ဆေးဝါးလည်းလိုတယ်။ စောင်တွေ၊ အခင်းတွေ သူများလှူထားတာတော့ရှိတယ်။ အရင်ရောက်တဲ့သူတွေကို ဝေလိုက်တာ ကုန်သွားပြီ။ နောက်ရောက်လာတဲ့ သူတွေအတွက် မလောက်တော့ဘူး" လို့ ကူညီပေးနေသူ တစ်ဦးက ပြောသည်။

စစ်ဘေးဒုက္ခသည်တွေက မုံးကိုးမြို့နယ်ခွဲ အတွင်းရှိ ကောင်းလုံ၊ နမ့်ဟာ၊ ဝေါ်ချုံး၊ မန်ခွမ်၊ နောင်လျန်၊ မန်မော်၊ ဖျင်ဇီးကြိုင် စတဲ့ရွာတွေက ဖြစ်ပြီး ဩဂုတ်လ ၂၉ ရက်‌နေ့က ထွက်ပြေးလာကြသူများဖြစ်သည်။

မုံးကိုးမြို့ ရပ်ကွက် ၄ ဘုရားကျောင်း၊ လီဆူဘုရားကျောင်း၊ ဘုန်းကြီးကျောင်းနဲ့ ဆွေမျိုးအသိအိမ်များတွင် လာရောက်ခှိုလှုံနေကြရကြောင်း သိရသည်။

ထို့အပြင် ဆက်လက်ပြီး မုံးကိုး လုန်လင်ရွာ၊ ဖျင်ကျိရွာနဲ့ ရှမှန်ခုံရွာရှိ ပြည်သူများကလည်း စစ်ရှောင်ရန် ပြင်ဆင်နေကြကြောင်း သိရသည်။

ရှမ်းမြောက် တရုတ်နယ်စပ်တွင် စစ်ကောင်စီနှင့် ကိုးကန့် MNDAA တပ်တို့ကြား တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး စစ်ပြေးဒုက္ခသည်များမှာ နေရာအနှံတွင် ဒုက္ခမျိုးစုံဖြင့် ရင်ဆိုင်နေကြရကြောင်း သိရသည်။

Bum Shep

Photo Crd# ZD

 
 

 

 

July 31, 2026
ကချင်ပြည်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်အတွင်းရှိ တာပိန်မြစ်ဝ၌ ရွှေအလွန်အကျွံ...
ဓါတ်ပုံ - HPDF
July 31, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်အတွင်း KIA ပူးပေါင်းတပ်နှင့် ရှမ်းနီအမျိုးသားများ...
July 30, 2026
အမေရိကန် ပြည်ထောင်စုတွင် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ဥပဒေစိုးမိုးရေးအဖွဲ့ (ICE) က ကချင်...
July 30, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့တွင် စစ်ရေးအခြေအနေနှင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုများကြောင့် ကြက်ဥ...