စစ်ကောင်စီနှင့် MNDAA စစ်ရေးတင်းမာမှုကြောင့် မုံးကိုး နော့ဂူရွာသားများ ထွက်ပြေးရန် နေရာပြင်ဆင်နေရ

စစ်ကောင်စီနှင့် MNDAA စစ်ရေးတင်းမာမှုကြောင့် မုံးကိုး နော့ဂူရွာသားများ ထွက်ပြေးရန် နေရာပြင်ဆင်နေရ

မုံးကိုးမြို့နယ် နော့ဂူအုပ်စု၊ နော့ဂူဒေသခံများမှာ စစ်ကောင်စီနှင့် ကိုးကန့် MNDAA တို့အကြား တိုက်ပွဲပြင်းထန်နေမှုကြောင့် ကျေးရွာတွင် ဆက်လက်နေထိုင်ရန် မလုံခြုံတော့သဖြင့် နေရာအသစ်တွင် စစ်ရှောင်ရန် ပြင်ဆင်နေကြောင်း သိရသည်။

“ကျွန်တော်တို့ စစ်ရှောင်တွေ နောက်တစ်ခေါက် ပြန်ရွှေ့ဖို့ ပြင်နေတယ်။ နော့်ဂူရွာ လယ်တော အောက်ဖက်မှာ။ ဒီဘက်က ပါထန်းဟုတ်တယ်။ တရုတ်နိုင်ငံနယ်စပ်။ ဟိုနေရာတစ်စု၊ ဒီနေရာတစ်စု နေရာပြင်ဆင်နေကြတာ ခု။ တဲဆောက်တဲ့သူကဆောက်။ တောရှင်းတဲ့သူကရှင်းနဲ့ ကြိုးစား ပြင်ဆင်နေပါတယ်။” ဟု လက်ရှိ စစ်ရှောင်တစ်ဦးက ပြောသည်။

စစ်ရှောင်ရန် ပြင်ဆင်နေသူများမှာ အိမ်ခြေ ၅၀ ကျော်ရှိ နော့ဂူကျေးရွာသားများဖြစ်ပြီး အမျိုးသမီးများ ကျေးရွာတွင်ကျန်နေခဲ့ကာ အမျိုးသားများသည် စစ်ရှောင်စခန်းအတွက် ပြင်ဆင်နေခြင်းဖြစ်သည်။

၎င်းတို့ ကျေးရွာအနီးတွင် ဩဂုတ်လ ၃၁ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီနှင့် ကိုးကန့် MNDAA တို့အကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီးနောက် နယ်စပ်တစ်နေရာတွင် ထွက်ပြေးရန် စခန်းတည်ဆောက်နေခြင်းဖြစ်သည်။ တိုက်ပွဲငြိမ်သက်နေသည်မှာ ၄ ရက်ခန့်ရှိပြီဖြစ်သော်လည်း ဆက်လက်ပြင်းထန်လာမည်ကို စိုးရိမ်သောကြောင့် ကြိုတင်ပြင်ဆင်ခြင်းဖြစ်သည်ဟု ဆိုသည်။

“၃၁ ရက်နေ့ တိုက်ပွဲဖြစ်ကတည်းက ခုထိ ငြိမ်တော့ငြိမ်နေတယ်။ ဒါပေမယ့် ရွာသူရွာသားတွေက အိမ်ပြန်ဖို့ ကြောက်လန့်စိုးရိမ်နေကြလို့ ဒီလို ထွက်ပြေးတိမ်းရှောင်နေကြရတာပါ။” ဟု ရွာခံတစ်ဦးက ရှင်းပြသည်။

ရှမ်းမြောက် တရုတ်နယ်စပ် မုံးကိုးမြို့နှင့် ပန်ဆိုင်း (ကြူကုတ်) အနီး တိုက်ပွဲများကြောင့် ဒေသခံထောင်ကျော် စစ်ရှောင်နေရဆဲဖြစ်ကာ လက်နက်ကြီးကြောင့် သေဆုံးသွားသော ပြည်သူ ၆ ဦးရှိပြီဖြစ်သည်။

Bum Shep

 
 

 

 

စစ်အုပ်စု တပ်ဖွဲ့ဝင်အချို့နှင့် တန်ဂူးတန် ပြည်သူ့စစ် တပ်ဖွဲ့ဝင်များ။ / Crd
September 21, 2026
ကချင်ပြည်နယ်၊ ပူတာအိုနှင့် မချမ်းဘော့မြို့နယ်တို့တွင် စစ်အုပ်စုတပ်နှင့် တန်ဂူးတန်...
Myanmar CNICO
September 21, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာပြီး တကောင်းနီကယ်စက်ရုံဆိပ်ကမ်း၌ ၁၀ ရက်ခန့် ရပ်နားထား သည့်...
အရှေ့နာဂကာကွယ်ရေးတပ် (ENDA) / Crd - ENDA
September 19, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်အတွင်း အရှေ့နာဂကာကွယ်ရေးတပ် (ENDA) က တပ်သားသစ်စုဆောင်း ရန်...
စင်းခန်းကျေးရွာတစ်ဝိုက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မီးလောင်ကျွမ်းနေစဉ်။ / Crd
September 18, 2026
ကချင်ပြည်၊ ဗန်းမော်၊ မံစီနှင့် ဇင်းဘုံ၊ စင်းခန်းတံတားတစ်ဝိုက် ဒေသများတွင် စစ်ရေးတင်းမာနေပြီး...