တိုက်ပွဲကြောင့် ထွက်ပြေးခဲ့ရသော တန်ဂျာဒေသခံများ နေရပ်ပြန်

တိုက်ပွဲကြောင့် ထွက်ပြေးခဲ့ရသော တန်ဂျာဒေသခံများ နေရပ်ပြန်

ပူတာအိုမြို့နယ် လုံရှာယန်ကျေးရွာတွင် ထွက်ပြေးတိမ်းရှောင်ခဲ့ရသော တန်ဂျာဒေသခံများမှာ တိုက်ပွဲသံငြိမ်သွားပြီဖြစ်သောကြောင့် နေအိမ်သို့ပြန်ကြပြီဖြစ်ကြောင်း သိရှိရသည်။

ကျေးရွာအနီးတွင် စစ်ကောင်စီနှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ နှစ်ဖက်တပ်စောင့်ကြည့်ကာ စစ်ရေးတင်းမာမှုများ ရှိနေသော်လည်း တောင်ယာလုပ်ငန်း ဆက်လက်လုပ်ကိုင်ရန် လိုအပ်သောကြောင့် နေရပ်ပြန်ရခြင်းဖြစ်သည်ဟု တန်ဂျာဒေသခံတစ်ဦးက KNG သတင်းဌာနကိုပြောဆိုခဲ့သည်။

“ထွက်ပြေးတဲ့ ဒေသခံတွေက မနေ့ညနေ အားလုံးနီးပါးလောက် နေရပ်ပြန်လာကြပြီ။ ဒီမနက်လည်း တစ်ချို့ပြန်လာကြတယ်။ ပြန်လာကြတယ် ဆိုပေမယ့် စိုးရိမ်းစိတ်တွေတော့ရှိကြတာပေါ့။ တစ်ဖက်မှာက တစ်ရွာလုံးနီးပါက တောင်ယာလုပ်ငန်းလုပ်ကိုင်ကြတယ်။ ဒါကို ပစ်ထားလို့မရဘူး။ အားလုံးက တောင်ယာလုပ်ငန်းကို ဘဲမှီခိုကြတယ်။ အခုတောင်မှ ၂ ပတ်လောက် နောက်ကျသွားပြီ” ဟု ပြောဆိုသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၂၈ ရက်နေ့ တန်ဂျာကျေးရွာအနီး မုန်ညက်ခ (Mung Nyak Hka) တွင် စစ်ကောင်စီကို KIA က တိုက်ခိုက်လိုက်ပြီးနောက် စစ်ကောင်စီဘက်က လက်နက်ကြီးများပစ်ခတ်သောကြောင့် တန်ဂျာကျေးရွာဒေသခံ ၄၀၀ ကျော်သည် ၎င်းတို့ ကျေးရွာနှင့် ၅ မိုင်ခန့်ဝေးသော လုံရှာယန်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ခြင်း ဖြစ်သည်။

တန်ဂျာကျေးရွာတွင် အာဏာသိမ်းစစ်တပ်ဘက် အင်းအား ၃၀ ဝန်းကျင်ခန့်က လူနေအိမ်များတွင် တပ်စွဲနေထိုင်ခဲ့သောကြောင့် ၁ ပတ်နီးပါးခန့်အကြာ တိမ်းရှောင်ခဲ့ပြီးမှ နေရပ်ပြန်လာခဲ့ကြောင်းသိရသည်။

ကျေးရွာတွင် တပ်စွဲခဲ့သော စစ်တပ်များမှာ ဩဂုတ်လ ၃၀ ရက်နေ့တွင် ဆွမ်ပီယာန်ကျေးရွာဘက်သို့ ထွက်ခွာသွားလိုက်သဖြင့် ပြန်လာခြင်း ဖြစ်သည်ဟု ဆိုသည်။

မြစ်ကြီးနား ပူတာအိုလမ်းမပေါ်ရှိ အဆိုပါကျေးရွာများတွင် စစ်ကောင်စီနှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ကြား တိုက်ပွဲ အချိန်မရွေး ဆက်ဖြစ်နိုင်ကြောင်း ဒေသခံများ ပြောဆိုနေကြသည်။

စစ်အုပ်စု တပ်ဖွဲ့ဝင်အချို့နှင့် တန်ဂူးတန် ပြည်သူ့စစ် တပ်ဖွဲ့ဝင်များ။ / Crd
September 21, 2026
ကချင်ပြည်နယ်၊ ပူတာအိုနှင့် မချမ်းဘော့မြို့နယ်တို့တွင် စစ်အုပ်စုတပ်နှင့် တန်ဂူးတန်...
Myanmar CNICO
September 21, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာပြီး တကောင်းနီကယ်စက်ရုံဆိပ်ကမ်း၌ ၁၀ ရက်ခန့် ရပ်နားထား သည့်...
အရှေ့နာဂကာကွယ်ရေးတပ် (ENDA) / Crd - ENDA
September 19, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်အတွင်း အရှေ့နာဂကာကွယ်ရေးတပ် (ENDA) က တပ်သားသစ်စုဆောင်း ရန်...
စင်းခန်းကျေးရွာတစ်ဝိုက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မီးလောင်ကျွမ်းနေစဉ်။ / Crd
September 18, 2026
ကချင်ပြည်၊ ဗန်းမော်၊ မံစီနှင့် ဇင်းဘုံ၊ စင်းခန်းတံတားတစ်ဝိုက် ဒေသများတွင် စစ်ရေးတင်းမာနေပြီး...