ရွှေတူးဖော်ရေးလုပ်ငန်းရှင်များကို စစ်ကောင်စီတပ်က ဖမ်းဆီးကာ ပစ္စည်းလုယက်နေ၍ လုပ်ငန်းရှင်များ ရှောင်တိမ်းနေကြရ

ရွှေတူးဖော်ရေးလုပ်ငန်းရှင်များကို စစ်ကောင်စီတပ်က ဖမ်းဆီးကာ ပစ္စည်းလုယက်နေ၍ လုပ်ငန်းရှင်များ ရှောင်တိမ်းနေကြရ

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်အတွင်းရှိ ချောင်းကြီးကျေးရွာနှင့် လက်ပံပြန့်ကျေးရွာများတွင် ရွှေတူးဖော်ရေးလုပ်ငန်း လုပ်ကိုင်နေသည့် ဒေသခံလုပ်ငန်းရှင်များကို အာဏာသိမ်း စစ်ကောင်စီမှ ဖမ်းဆီးခြင်း၊ ပစ္စည်းလုယက်ခြင်းများ ပြုလုပ်‌နေသည့်အတွက် လုပ်ငန်းရှင် အများစု ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက မဇ္ဈိမကို ပြောသည်။

ဒေသခံလုပ်ငန်းရှင် တစ်ဦးက "ကျွန်တော်ကတော့ လုပ်ငန်းပါ ရပ်ပြီး ထွက်လာခဲ့တယ်။ အစောင့်တော့ ထားခဲ့ရတယ်။ အခြေအနေက ကိုယ့်အလှည့် ဘယ်တော့ ရောက်မယ်ဆိုတာ မသိဘူး" ဟု ပြောသည်။

အဆိုပါ ရွာများမှ ရွှေတူးဖော်ရေး လုပ်ငန်းရှင်တစ်ဦးကို ဩဂုတ်လ ပထမပတ်က ဖမ်းဆီးသွားရာ ယခုအချိန်ထိ အဆက်အသွယ် မရသေးသည့်အပြင် ဩဂုတ်လ ၂၅ရက်၊ ညပိုင်းမှာလည်း လက်ပံပြန့်ကျေးရွာကို အကြမ်းဖက်လက်နက်ကိုင် ၁၅ဦးခန့်က ဝင်ရောက်ကာ ပစ္စည်းလုယက်မှု ပြုလုပ်သွားကြောင်း ဒေသခံများက ပြောသည်။

"အခုလို အကြမ်းဖက်လုယူတာတွေ ဖြစ်နေတာများပြီလေ။ လူကလည်း ဖမ်းသေးတယ်။ အဲဒီလိုဆိုတော့ လုပ်ငန်းရှင်မှမဟုတ်ဘူး။ တစ်ပိုင် တစ်နိုင် လုပ်နေသူတွေလည်း ထွက်ပြေးနေရတယ်။ ဘာကြောင့် ဒီလို လုပ်တယ်ဆိုတာတော့မသိဘူး။ တပ်ကလုပ်တာလေ။ (၇) မိုင်တပ်ကပေါ့" ဟု ဒေသခံတစ်ဦးကပြောသည်။

သပိတ်ကျင်းမြို့နယ်အတွင်း ရွှေတူးဖော်ရေး လုပ်ကိုင်နေသည့် လုပ်ငန်းရှင်အများစုသည် အာဏာသိမ်းလက်နက်ကိုင်အဖွဲ့ထံ ဆက်ကြေးပေးဆောင်နေရပြီး မပေးသူများကို ဖမ်းဆီးမှုများ ရှိနေကြောင်း ဒေသခံများက ပြောသည်။

 
 

 

 

May 11, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရေး ၎င်း၏ ရှေ့နေအဖွဲ့က...
May 9, 2026
ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...
May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...
May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...