သမိုင်းတွင် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွား

သမိုင်းတွင် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွား

ရန်ကုန် သမိုင်းမြို့သစ်ရှိ နေအိမ်တစ်အိမ်ကို စစ်ကောင်စီတပ်ကဝင်စစ်ဆေးရာက အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားခဲ့ကြောင်း ဒေသခံများအပြောအရသိရသည်။

မရမ်းကုန်းမြို့နယ် သမိုင်း (၁) ရပ်ကွက် ရွှေဝါထွန်းလမ်းရှိနေအိမ်ကို ယနေ့ (သြဂုတ် ၂၃ ရက်) နံနက် ၉ နာရီကျော်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်စစ်ရာမှ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထိခိုက်ဒဏ်ရာရရှိသူအချို့ရှိနိုင်ကြောင်း ဒေသခံများကဆိုသည်။

ပစ်ခတ်မှုမှာ ရဲတပ်ဖွဲ့နှင့် စတင်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး နောက်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့မှ အင်အားအများအပြားဖြင့် ထပ်မံရောက်ရှိလာကြောင်း ဒေသခံအချို့ကဆိုသည်။

ပစ်ခတ်မှုအပြီးတွင် လူငယ်အချို့ ဖမ်းဆီးခံရခြင်းရှိသည်ဟုလည်းကြားသိရသည်။

" အခုတော့ရပ်ကွက်ထဲ စစ်ခွေးတွေအင်အားများတယ် ဝင်လာကြတာ။ အဝင်အထွက်တွေပိတ်ထားတုန်းပဲ။ မနက်ကပစ်သံတွေတော့ကြားတယ် အဖမ်းခံရတဲ့သူလဲရှိတယ်ဆိုပေမယ့် ဘယ်သူတွေလဲမသိသေးဘူး။ မနေ့က အပစ်ခံရတဲ့အတွက်ကော ဒလန်သတင်းပေးတာကြောင့်ဝင်ရှာတယ်လို့ထင်တယ်" ဟု ဒေသခံတစ်ဦးကပြောသည်။

လက်ရှိတွင် စစ်ကားများပြန်ထွက်သွားသော်လည်း အရပ်ဝတ်ဖြင့် ကင်းပုန်းဝတ်များကို ချထားခဲ့သည်ကို တွေ့ရကြောင်း ဒေသခံများက ဆိုသည်။

ယမန်နေ့ကလည်း ဘုရင့်နောင်တံတား လှိုင်သာယာဘက်အခြမ်းတွင် လုံခြုံရေးယူထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရရှိမှုများရှိခဲ့သည်။

 
 

 

 

May 11, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရေး ၎င်း၏ ရှေ့နေအဖွဲ့က...
May 9, 2026
ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...
May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...
May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...