ယောဒေသလုံးဆိုင်ရာ တော်လှန်ရေးကော်မတီဖွဲ့စည်း

ယောဒေသလုံးဆိုင်ရာ တော်လှန်ရေးကော်မတီဖွဲ့စည်း

ယောဒေသလုံးဆိုင်ရာ တော်လှန်ရေးကော်မတီကို ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း ဩဂုတ် ၂၁ ရက် ရက်စွဲဖြင့် YDF ကကြေညာသည်။

အဆိုပါကော်မတီအား ဂန့်ဂေါစစ်ကြောင်းမှူး၊ ကျောစစ်ကြောင်းမှူး၊ ထီးလင်းစစ်ကြောင်းမှူး၊ ကျောက်ထုစစ်ကြောင်းမှူး၊ ဆောစစ်ကြောင်းမှူး၊ လောင်းရှည်စစ်ကြောင်းမှူးနှင့် တပ်ရင်းမှူးများအပါအဝင် လူပုဂ္ဂိုလ် ၂၉ ယောက်ဖြင့် ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။

ထို့ပြင် ယောဒေသကာကွယ်ရေးတပ်ဖွဲ့ (YDF) သည် ပြည်သူထံမှပေါက်ဖွားလာသည့် လွတ်လပ်‌သော အဖွဲ့အစည်းဖြစ်ကြောင်းနှင့် မေလ ၁၂ ရက်တွင် တရားဝင်ဖွဲ့စည်းခဲ့ကြောင်းသိရသည်။

မတရားဖိနှိပ်မှုအပေါ် စက်ဆုပ်ရွံရှာ၍ ယခုအခြေအနေမျိုးတွင် တော်လှန်ရေး လုပ်နေရ‌ေသာ်လည်း တော်လှန်ရေး ပြီးဆုံးသွားပါက သာမန်ပြည်သူဘဝသို့ ပြန်သွားကြမည့်သူများသာဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

အဆိုပါအဖွဲ့သည် ယောဒေသတွင်းရှိ ယောလူမျိုး၊ တောင်သားလူမျိုး၊ ချင်းလူမျိုးများကို ကိုယ်စားပြုသည့်အဖွဲ့အစည်းဖြစ်ကြောင်းနှင့် နီးစပ်ရာကျေးရွာများမှ ပူးပေါင်းပါဝင် တိုက်ပွဲဝင်ကြရန် ဖိတ်ခေါ်ထားသည်။

အလားတူ နယ်နိမိတ်ချင်းထိစပ်နေသည့် ဒေသခံကာကွယ်ရေးအဖွဲ့များ၊ တိုင်းရင်းသား လက်နက်ကိုင်များအပါအဝင် NUG ၏လမ်းညွှန်မှုဖြင့် စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းသွားမည်ဟု ရေးသားထားသည်။

ဓာတ်ပုံ - (မန်ကတ်မြို့ သင်တန်းကျောင်း၌ စစ်မှုထမ်းရန် စုဆောင်းခံထားရသူများကို တွေ့ရစဉ် / MOI)
August 28, 2026
ရန်ကုန်နှင့် မန္တလေး မြို့ကြီးများတွင် စစ်မှုထမ်းရန် တပ်သားစုဆောင်းရေးအတွက်...
August 28, 2026
မန္တလေး အိုးဘိုအကျဉ်းထောင်အတွင်း ကျခံနေရသည့် နိုင်ငံရေးအကျဉ်းသားများအပေါ် အောက်ခြေ ထောင်ဝန်...
August 27, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်နေသည့် စစ်အုပ်စုတပ် စစ်ကြောင်းသည်...
August 27, 2026
ရန်ကုန်တိုင်း၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်ရှိ Spring Moon Garment Co.,Ltd အထည်ချုပ်စက်ရုံ...