တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံ ပေါက်ကွဲမှုတွင် တပ်ထောက်ပို့ကားများ ပျက်ဆီး

တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံ ပေါက်ကွဲမှုတွင် တပ်ထောက်ပို့ကားများ ပျက်ဆီး
ဓာတ်ပုံ-CJ
ဓာတ်ပုံ-CJ

ရန်ကုန်တိုင်း ၊ လှိုင်မြို့နယ် ၁၆ ရပ်ကွက်ရှိ အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ တပ်မတော် ချည်မျှင်နှင့်အထည်စက်ရုံတွင် ယနေ့ (ဩဂုတ် ၂၀ ရက်) နေ့လည် ၁ နာရီခွဲခဝန်းကျင်တွင် ဗုံးသုံးကြိမ်ခန့် ပေါက်ကွဲမှုဖြစ်ခဲ့ရာ တပ်ထောက်ပို့စစ်ကားသုံးစီး သို့မဟုတ် ငါးစီးခန့် အထိအခိုက်ရှိနိုင်ကြောင်း‌ အမည်မဖော်လိုသူ မြို့ပြတော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

"မြေပြင်အတည်ပြုနိုင်တဲ့ သတင်းတွေအရ စက်ရုံအတွင်းရှိ ကားသုံးစီးကနေ ငါးစီးခန့် အထိအခိုက်ရှိနိုင်တယ်။ လူထိခိုက်မှုတော့ အတည်ပြုမရနိုင်သေးဘူး" ဟု ၎င်းက မဇ္ဈိမကိုပြောသည်။

အဆိုပါအဖွဲ့သည် ရန်ကုန်မြို့ စက်ရုံအတွင်းရှိ စစ်တပ်အား ထောက်ပံ့ပို့ဆောင်နေသော ထောက်ပို့ကားများနှင့် ၀န်ထမ်းအကြိုအပို့ယာဉ်များကို ပစ်မှတ်ထားဖောက်ခွဲခဲ့ခြင်းဖြစ်သည်။

ထိုသို့‌ ဖောက်ခွဲမှုပြုလုပ်ရာတွင် မတရားသဖြင့်စေခိုင်းမှုကြောင့် ရုံးဆင်းနေရ‌သော CDM မပြုလုပ်သည့် ၀န်ထမ်းများကို စာနာထောက်ထားသောအားဖြင့် တပ်ထောက်ပို့ကားများကိုသာ ပစ်မှတ်ထားဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

ရန်ကုန်တိုင်းအတွင်း ဩဂုတ်လ ပထမအပတ်ကစ၍ နေရာအနှံ့ နေ့စဉ်လိုလို ဆက်တိုက်ပေါက်ကွဲမှုများ ဖြစ်ပေါ်နေသည်။

ဓာတ်ပုံ - (မန်ကတ်မြို့ သင်တန်းကျောင်း၌ စစ်မှုထမ်းရန် စုဆောင်းခံထားရသူများကို တွေ့ရစဉ် / MOI)
August 28, 2026
ရန်ကုန်နှင့် မန္တလေး မြို့ကြီးများတွင် စစ်မှုထမ်းရန် တပ်သားစုဆောင်းရေးအတွက်...
August 28, 2026
မန္တလေး အိုးဘိုအကျဉ်းထောင်အတွင်း ကျခံနေရသည့် နိုင်ငံရေးအကျဉ်းသားများအပေါ် အောက်ခြေ ထောင်ဝန်...
August 27, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်နေသည့် စစ်အုပ်စုတပ် စစ်ကြောင်းသည်...
August 27, 2026
ရန်ကုန်တိုင်း၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်ရှိ Spring Moon Garment Co.,Ltd အထည်ချုပ်စက်ရုံ...