တပ်မတော်သားများ လာပူးပေါင်းပါက ဆုငွေများပေးမည်ဟု KNDF ထုတ်ပြန်

တပ်မတော်သားများ လာပူးပေါင်းပါက ဆုငွေများပေးမည်ဟု KNDF ထုတ်ပြန်

ပြည်သူနှင့်အတူ လာရောက်ပူးပေါင်းသည့် တပ်မတော်သားများကို လှိုက်လှဲစွာကြိုဆိုနေပြီး လုံခြုံရေး အထူးအာမခံသည့်အပြင် ပြည်သူများချီးမြှင့်သည့် ဆုငွေများကို ပေးမည်ဖြစ်သဖြင့် လာရောက်ပူးပေါင်းကြပါရန် တိုက်တွန်းအပ်သည်ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ထုတ်ပြန်သည်။

KNDFသည် အကြမ်းဖက်စစ်ကောင်စီနှင့် တိုက်ပွဲများ ဖြစ်ပွားရာတွင် အောက်ခြေစစ်သားများ၏ ထိခိုက်ဒဏ်ရာရရှိမှု၊ သေဆုံးမှုစသည့် မလိုလားအပ်သော အခြေအနေများကို မြင်တွေ့ရကြောင်း၊ မိမိအကျိုးစီးပွားကိုသာ ရှေးရှုသည့် စစ်ဗိုလ်ချုပ်များ၏လက်အောက်တွင် တာဝန်မထမ်းဆောင်တော့ဘဲ ပြည်သူနှင့်အတူလက်တွဲပြီး စစ်အာဏာရှင်ကို အမြစ်ပြတ်သည်အထိ အတူတွန်းလှန်ကြရန် ဖိတ်ခေါ်သည်ဟု KNDF က ဆိုသည်။

ထို့ပြင် ပြည်သူ့စစ်သားများအဖွဲ့နှင့် KNDF အဖွဲ့ဆွေးနွေးခဲ့ရာတွင် ပြည်သူ့ဘက်ပူးပေါင်းမည့် တပ်မတော်သားများအား လက်ခံပေးသွားမည်ဖြစ်ပြီး ယခုကြေညာချက်သည် တော်လှန်ရေးအတွက် အရေးပါသော အပြောင်းအလဲများ ဖော်ဆောင်ရန် ခြေလှမ်းတစ်ရပ်အဖြစ် ယုံကြည်သည်ဟု ပြည်သူ့စစ်သားများအဖွဲ့က ထုတ်ပြန်ကြေညာသည်။

ယင်းအပြင် အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) အနေဖြင့်လည်း ဌာနတစ်ခုဖွင့်လှစ်ပြီး စိစစ်ကူညီပေးနိုင်ပါရန် ထပ်မံတိုက်တွန်းအပ်ပါသည်ဟု ပြည်သူ့စစ်သားများအဖွဲ့က ဆိုသည်။

 
 

 

 

Most read this week

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...