အသုတ်မြို့တွင် ဒလန်အမည်ထွက်သူ အသတ်ခံရပြီးနောက် NLD ပါတီ၀င်များကို စစ်ကောင်စီက လူအင်အားသုံး ဖမ်းဆီး

အသုတ်မြို့တွင် ဒလန်အမည်ထွက်သူ အသတ်ခံရပြီးနောက် NLD ပါတီ၀င်များကို စစ်ကောင်စီက လူအင်အားသုံး ဖမ်းဆီး

ဧရာဝတီတိုင်းဒေသကြီး အသုတ်မြို့တွင် ဒလန်ဟု နာမည်ကြီးသူ ဦးဝင်းနိုင်ဦး အသတ်ခံရပြီးနောက် စစ်ကောင်စီက NLDပါတီ ရပ်ကျေးတာဝန်ခံများ၏ နေအိမ်ကို ဝင်ရောက်ရှာဖွေကာ အကြောင်းမဲ့ ဖမ်းဆီးသွားခဲ့‌ကြောင်း ဒေသခံများကပြောသည်။

ဩဂုတ် ၁၈ ရက်ညတွင် အမှတ် (၃) ရပ်ကွက်နှင့် အမှတ် (၄) ရပ်ကွက်ရှိ NLD ပါတီ ရပ်/ကျေးတာဝန်ခံများအား အကြောင်းမဲ့ ဝင်ရောက်ဖမ်းဆီးခဲ့ပြီး၊ ဩဂုတ် ၁၉ ရက် ညပိုင်းတွင် အမှတ် (၂) ရပ်ကွက် တာဝန်ခံနှင့် ပါတီအမာခံနှစ်ဦးကို စစ်ကောင်စီက လူအင်အားသုံးကာ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

“အင်အားက ၅၀ လောက်ထိရှိတယ်။ လာဖမ်းတာ၊ ညဖက်ကြီးလာတာ၊ ဘာကြောင့်ဖမ်းတယ်၊ ဘာညာဆိုတာ မသိရဘူး၊ အိမ်ကိုဝိုင်းပြီး ဖမ်းသွားတာ” ဟု အမှတ် (၂) ရပ်ကွက်တွင် နေထိုင်သူတစ်ဦး ပြောသည်။

အသုတ်မြို့တွင် ဒလန်ဟု နာမည်ကြီးသူ ဦးဝင်းနိုင်ဦးကို အမည်မသိလူနှစ်ဦးက သေနတ်ဖြင့် အနီးကပ် လာရောက်ပစ်ခတ်မှုအပြီးတွင် စစ်ကောင်စီက လုံခြုံရေးများ တိုးမြှင့်ချထားပြီး‌ေနာက် မတရားဖမ်းဆီးမှုများ လုပ်ဆောင်လာခြင်းဖြစ်ကြောင်း ဒေသခံများက သုံးသပ်နေကြသည်။

 
 

 

 

ဓာတ်ပုံ - (မန်ကတ်မြို့ သင်တန်းကျောင်း၌ စစ်မှုထမ်းရန် စုဆောင်းခံထားရသူများကို တွေ့ရစဉ် / MOI)
August 28, 2026
ရန်ကုန်နှင့် မန္တလေး မြို့ကြီးများတွင် စစ်မှုထမ်းရန် တပ်သားစုဆောင်းရေးအတွက်...
August 28, 2026
မန္တလေး အိုးဘိုအကျဉ်းထောင်အတွင်း ကျခံနေရသည့် နိုင်ငံရေးအကျဉ်းသားများအပေါ် အောက်ခြေ ထောင်ဝန်...
August 27, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်နေသည့် စစ်အုပ်စုတပ် စစ်ကြောင်းသည်...
August 27, 2026
ရန်ကုန်တိုင်း၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်ရှိ Spring Moon Garment Co.,Ltd အထည်ချုပ်စက်ရုံ...