ထားဝယ်တွင် စစ်သား ၂၅ ဦး လက်နက်များဖြင့် ထွက်ပြေးကြောင်း CDM ဗိုလ်ကြီးများပြော

ထားဝယ်တွင် စစ်သား ၂၅ ဦး လက်နက်များဖြင့် ထွက်ပြေးကြောင်း CDM ဗိုလ်ကြီးများပြော

ထားဝယ်တွင် စစ်သား ၂၅ ဦး လက်နက်များဖြင့် ထွက်ပြေးသည့် သတင်းမှာ မှန်ကန်ကြောင်း အကြမ်းမဖက်အာဏာဖီဆန်ရေး (CDM) ပြုလုပ်ထားသည့် ဗိုလ်ကြီးလင်းထက်အောင်နှင့် ဗိုလ်ကြီးမင်းမောင်မောင်က မဇ္ဈိမကို ပြောသည်။

"ကြားပါတယ်။ သေချာပါတယ်။ ထားဝယ်သတင်းအမှန်ပါ" ဟု အဆိုပါ ဗိုလ်ကြီးများက အတည်ပြုပြောဆိုသည်။

ယနေ့ ဩဂုတ်လ ၁၉ ရက် မနက်ပိုင်းအချိန်က ထားဝယ်မြို့အခြေစိုက် ခလရ (၂၅) တပ်ရင်းမှ တပ်သား ၂၅ ဦး လက်နက်အပြည့်အစုံဖြင့် ထွက်ပြေးသွားသည် ဆိုသည့် သတင်းသည် လူမှုကွန်ရက် ဖေ့စ်ဘွက်ခ်စာမျက်နှာပေါ်တွင် ကျယ်ကျယ်ပြန့်ပြန့် ပေါ်ထွက်လာပြီးသည့်နောက် ထားဝယ်မြို့တွင် အရင်ရက်များထက် လုံခြုံရေး ပိုတင်းကျပ်နေကြောင်း မြို့ခံတဦးက ပြောသည်။

"စစ်သားတွေထွက်ပြေးတဲ့ သတင်းတော့ကြားတယ်။ သေချာလား မသေချာလားတော့ မသိဘူး။ မြို့အဝင်/အထွက်တွေမှာတော့ အရမ်းစစ်နေတယ်" ဟု မြို့ခံတစ်ဦးက ဆိုသည်။

ထားဝယ်မြို့တွင် ဩဂုတ် ၂၁ ရက်က စတင်၍ ပြင်ပထွက်ခွာခွင့် လက်မှတ်စနစ် အသုံးပြုမည်ဖြစ်ကြောင်းကို ယနေ့ညနေပိုင်းတွင် မြို့အတွင်း လိုက်လံကြေညာ‌ေနကြောင်း ဒေသခံများထံက သိရသည်။ အိမ်ထောင်စု တစ်စုအတွက် လက်မှတ်တစ်စောင်သာ ထုတ်ပေးမည်ဖြစ်ပြီး သက်ဆိုင်ရာ ရပ်ကျေး အုပ်ချုပ်ရေးမှူးများထံတွင် ယင်းလက်မှတ်ကို ထုတ်ယူရမည်ဖြစ်သည်။

မဇ္ဈိမအပါအဝင် ဒေသတွင်း သတင်းဌာနများက ရေးသားဖော်ပြခဲ့ကြသည့် သရက်မြို့ရှိ စစ်တပ်လက်နက်စက်ရုံ (ကပစ) အမှတ် (၁၂) မှ စစ်ကောင်စီတပ်သား ၁၅ ဦး နှင့် ထားဝယ်အခြေစိုက် ခလရ (၂၅) မှ တပ်သား ၂၅ ဦးတို့ လက်နက်အပြည့်အစုံဖြင့် ထွက်ပြေးသွားသည်ဆိုမှာ မဟုတ်မှန်ကြောင်း စစ်ကောင်စီက ငြင်းဆန်ထားသည်။

မကွေးတိုင်းဒေသကြီး သရက်မြို့နယ်ရှိ စစ်တပ်လက်နက်စက်ရုံ (ကပစ) အမှတ် (၁၂) မှ စစ်ကောင်စီတပ်သား ၁၅ ဦး ထက်မနည်း လက်နက်များကို ယူဆောင်ပြီး ဩဂုတ် ၁၇ ရက် ညပိုင်းတွင် ထွက်ပြေးသွားခဲ့ကြောင်း စက်ရုံနှင့်နီးစပ်သည့် ယုံကြည်စိတ်ချရသော သတင်းရင်းမြစ်က မဇ္ဈိမကိုပြောသည်။

August 1, 2026
စစ်အုပ်စုနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် ချင်းညီနောင် (CB) အဖွဲ့ဝင်ဖြစ်သည့်...
July 31, 2026
စစ်အုပ်စုတပ် ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး ဖြစ်သူ ဗိုလ်ချုပ်ကြီး ထွန်းအောင်၏ ရန်ကုန်နေအိမ်သို့...
July 30, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်အုပ်စုက ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်နေ့မှစ၍ ဇူလိုင်လ ၂၉ ရက်နေ့...
July 30, 2026
မလေးရှားအစိုးရက ဒုက္ခသည်များအပေါ် ထားရှိသည့် မူဝါဒများကို တင်းကျပ်လာနေသည့် အခြေအနေများ ကြောင့်...