မန္တလေးမြို့တွင် နယ်ကျော်ကဒ်ရရှိရေး ကဒ်တစ်ကဒ်လျှင် ၅၀၀၀ ပေးရသည့်အပြင် လျှောက်လွာကြေးပါပေးနေရ

မန္တလေးမြို့တွင် နယ်ကျော်ကဒ်ရရှိရေး ကဒ်တစ်ကဒ်လျှင် ၅၀၀၀ ပေးရသည့်အပြင် လျှောက်လွာကြေးပါပေးနေရ

မန္တလေးမြို့တွင် မြို့နယ်တစ်ခုနှင့်တစ်ခု ၀င်/ထွက်သွားလာခွင့်ရရှိရန် နယ်ကျော်ကဒ်ကို တိုးဝှေးလျှောက်ထားကြရပြီး ကဒ်ဖိုး ၅၀၀၀ အပြင် ကဒ်ရှောက်ရန်အတွက် လျှောက်လွာဖောင်ကြေးပါ ပေးဆောင်နေရကြောင်း ဒေသခံထံမှ သိရသည်။

ကိုဗစ်တတိယလှိုင်းကာလအတွင်း နံနက် ၉ နာရီမှ ညနေ ၃နာရီခွဲအထိ အိမ်ပြင်မထွက်ရန် ကန့်သတ်ထားပြီး အပြင်ထွက်ပါက မဖြစ်မနေပါရမည့် နယ်ကျော်ကတ်အတွက် ဖောင်တစ်စောင်ကို ကျပ် ၅၀၀ မှ ကျပ် ၁၅၀၀ ပေးကာ ဝယ်ယူ‌လျှောက်ထားကြရကြောင်း ကိုယ်တိုင်ဝယ်ယူခဲ့သည့် ဒေသခံများက မဇ္ဈိမကိုပြောသည်။

"လူတွေအများကြီး သေနေတုန်းက မတင်းကျပ်ဘဲ အခုမှ နယ်ကျော်ကတ်ဂွင်ဖန်တယ်။ ကတ်သွားလုပ်တာ တစ်ကဒ် ၅ ထောင်တောင်းတယ်။ ကတ်လျှောက်ဖို့ ဖောင်တစ်စောင် ၁၅၀၀ တောင်းတယ်။ တစ်ချို့ဆို တစ်အိမ်ထဲမှာ လေးငါးယောက်ရှိတာပါ။ ဟိုရက်က ပိုက်ဆံအကုန်ခံပြီး လျှောက်ထားတာ ဒီနေ့ကျ မပေးတော့ဘူးတဲ့" ဟု အမရပူရမြို့နယ်က ဒေသခံတစ်ဦးက ပြောသည်။

မြို့နယ်တစ်ခုနှင့် တစ်ခု ဖြတ်သန်းသွားရသည့် နယ်ကျော်ကတ်ကို သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး (ထွေအုပ်ရုံး) များတွင် သွားလုပ်ရပြီး ယင်းမတိုင်မီ ရပ်ကွက်ရုံးများတွင် ကနဦးထောက်ခံစာ ပြုလုပ်ရသည်။ ထိုသို့ ထောက်ခံစာလုပ်ရာတွင် အလှူငွေ တောင်းခံသည့် အပြင် မြို့နယ်ရုံးတွင် ဖောင်ဖြည့်ရန်လည်း ဖောင်တစ်စောင်ကို မြို့နယ်အလိုက် ၅၀၀ မှ ၁၅၀၀ ကျပ် ပေးရခြင်းဖြစ်သည်။

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်အတွင်း နယ်ကျော်ကတ်သွားရောက်ပြုလုပ်ခဲ့သူ ကိုကျော်ဝင်းမောင်က "ရုံးရှေ့မှာ အောင်ပြည့်စုံစတိုးဆိုင်ရှိတယ်။ အဲ့ဒီ့မှာ လျှောက်လွှာဝယ်ရတယ်။ တစ်စောင်ကို ၅၀၀ပေးရတယ်။ တချို့ကတော့ အဲ့ဒီ့မှာ ထိုင်ဖြည့်ကြတယ်။ ဆိုင်ရှင်ညွန်ပြတဲ့အတိုင်းလျှောက်လွှာဖြည့်ရုံပဲ။ ပြီးရင် ရုံးအဝင် တံတိုင်းကြားကနေ လျှောက်လွှာထပ်ပေါ့။ တစ်ချို့လည်းနေ့တစ်ပိုင်းနဲ့ ရကြတယ်။ ကျွန်တော်တော့ နောက်ရက်မှရတာ" ဟု ပြောသည်။

လူဦးရေ ၆ သန်း (၆၁ သိန်း) ရှိသည့် မန္တလေးမြို့တွင် အိမ်ထောင်စုပေါင်း ၁၃ သိန်းကျော်ရှိရာ မဖြစ်မနေ အပြင်ထွက်ရမည့် နယ်ကျော်ကတ်အတွက် တစ်အိမ်လျှင် တစ်ဦးနှုန်း ဖောင်တစ်စောင်ကို ၅၀၀ ကျပ်ဖြင့် ဝယ်မည်ဆိုလျှင်ပင် ကျပ်သိန်းပေါင်း ၆၅၀၀ ကို မြို့နယ်ရုံးများ သို့မဟုတ် ၎င်းတို့နှင့်နီးစပ်သည့် မိတ္တူဆိုင်များက ဝင်ငွေရရှိမည့်သဘောဖြစ်သည်။

စစ်တပ်က အသွားအလာရော လုံခြုံရေးပါ တင်းကြပ်ထားသည့် မန္တလေးတွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာများက ပုံစံမျိုးစုံဖြင့် အကြောင်းအမျိုးမျိုးပြကာ ပြည်သူများဆီက ငွေကြေးတောင်းခံလျက်ရှိသည်။

မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ် ထိန်ကုန်းရပ်ကွက်တွင်လည်း အတင်းအဓမ္မ ဧည့်စာရင်းတိုင်ခိုင်းပြီး ငွေ ၅၀၀၀ တောင်းသည့်ဖြစ်စဉ် ယခုရက်ပိုင်းတွင်ပင် ဖြစ်ပွားလျက်ရှိသည်။

March 18, 2026
အတုအယောင်အဖြစ် ဝေဖန်ခံထားရသည့် စစ်ကော်မရှင်၏ ရွေးကောက်ပွဲအပြီး ယနေ့ (မတ် ၁၈) တွင် ကျင်းပသည့်...
ရုရှားနိုင်ငံထုတ် စစ်ကော်မရှင်၏တိုက်လေယာဉ်အသစ်များကို အာဏာသိမ်းပြီးကာလမှာ တွေ့ရစဉ်(ပုံအဟောင်း-AFP)
March 17, 2026
ဓာတု — မန္တလေးတိုင်း၊ မြင်းခြံခရိုင်ရှိ မြင်းခြံနှင့်နွားထိုးကြီးမြို့နယ်တို့တွင် နှစ်လတာအတွင်း...
ဓာတ်ပုံ - ၁၀၂၇ စစ်ဆင်ရေးအတွင်း ညီနောင်မဟာမိတ်အဖွဲ့ဝင် သုံးဖွဲ့မှ တပ်သားများကို အတူတကွ တွေ့ရစဥ် ။
March 16, 2026
မောင်ခက်နွေ — ညီနောင်မဟာမိတ် အဖွဲ့ဝင်များ ဖြစ်သည့် MNDAA နှင့် TNLA တို့အကြား ဖြစ်ပွားနေသည့်...
March 14, 2026
စစ်ကော်မရှင်က ၂၀၂၆ ခုနှစ် မတ်လ ၁ ရက်မှ ၁၀ ရက်အတွင်း  ညောင်လေးပင်မြို့နယ်၌ ကျူးလွန်ခဲ့သည့်...