စစ်ကောင်စီတပ်သီးသန့်သုံး ဓာတ်အားလိုင်းကို ဖယ်ခုံ PDF ဖျက်ဆီး

စစ်ကောင်စီတပ်သီးသန့်သုံး ဓာတ်အားလိုင်းကို ဖယ်ခုံ PDF ဖျက်ဆီး

ကယားပြည်နယ်၊ လောပိတရေအားလျှပ်စစ်စက်ရုံမှ နေပြည်တော်သို့ သွယ်တန်းထားသည့် ဖယ်ခုံမြို့နယ်နှင့် ပင်လောင်းမြို့နယ်ကြား လွယ်ဟဲကျေးရွာ အနီးရှိ လောပိတ အမှတ် (၃) စက်ရုံမှ တာဝါတိုင် ၂ ခုကို ဖယ်ခုံ ပြည်သူ့ကာကွယ်ရေးတပ် (PDF) က ဖျက်ဆီးလိုက်သည်ဟု ယနေ့ သြဂုတ် ၁၇ ရက်၊ ညပိုင်းတွင် သတင်းထုတ်ပြန်သည်။

တာဝါတိုင်များကို ဩဂုတ်လ ၁၂ ရက်က မိုင်းခွဲဖျက်စီးဖြိုချလိုက်ခြင်းဖြစ်ပြီး ဖျက်ဆီးလိုက်သည့် တာဝါတိုင်များသည် ပြည်သူလူထုအသုံးပြုခြင်းမရှိဘဲ စစ်ကောင်စီက သီးသန့်အသုံးပြုရန် သွယ်တန်းထားသည့် တာဝါတိုင်များဖြစ်သည်ဟု ဆိုသည်။

စစ်ကောင်စီ၏ ယန္တရားလည်ပတ်မှုကို ရပ်တန့်စေရန်ရည်ရွယ်၍ တာဝါတိုင်များကို ဖျက်ဆီးလိုက်ခြင်းဖြစ်သည်ဟု ဖယ်ခုံ PDF ၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ဖယ်ခုံ PDF၊ မိုးဗြဲ PDF၊ လွိုင်ကော် PDF၊ ဒီးမော့ဆို PDF၊ နေပြည်တော် PDF နှင့် ပြည်သူ့ကာကွယ်ရေးတပ်-ရှမ်းတောင် (SS-PDF) တပ်ဖွဲ့၆ ဖွဲ့သည် ညီနောင်မဟာမိတ်အဖွဲ့များအဖြစ် ဖွဲ့စည်းလိုက်ပြီး တိုင်းရင်းသားလက်နက်ကိုင် EAO များနှင့် ချိတ်ဆက်ပူးပေါင်းကာ စစ်အာဏာရှင်ကို အမြစ်ပြတ်တိုက်ထုတ်သွားမည်ဟု သြဂုတ်လ ၁၆ ရက်တွင် သဘောထားထုတ်ပြန်ထားသည်။

 
 

 

 

ဓာတ်ပုံ - (မန်ကတ်မြို့ သင်တန်းကျောင်း၌ စစ်မှုထမ်းရန် စုဆောင်းခံထားရသူများကို တွေ့ရစဉ် / MOI)
August 28, 2026
ရန်ကုန်နှင့် မန္တလေး မြို့ကြီးများတွင် စစ်မှုထမ်းရန် တပ်သားစုဆောင်းရေးအတွက်...
August 28, 2026
မန္တလေး အိုးဘိုအကျဉ်းထောင်အတွင်း ကျခံနေရသည့် နိုင်ငံရေးအကျဉ်းသားများအပေါ် အောက်ခြေ ထောင်ဝန်...
August 27, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်နေသည့် စစ်အုပ်စုတပ် စစ်ကြောင်းသည်...
August 27, 2026
ရန်ကုန်တိုင်း၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်ရှိ Spring Moon Garment Co.,Ltd အထည်ချုပ်စက်ရုံ...