အုပ်ချုပ်ရေးမှူး ခေါင်းဖြတ်အသတ်ခံရတဲ့နောက် စစ်တပ်က ကျေးရွာအတွင်း ဝင်မွှေနေ၍ ဒေသခံများ တိမ်းရှောင်နေရ

အုပ်ချုပ်ရေးမှူး ခေါင်းဖြတ်အသတ်ခံရတဲ့နောက် စစ်တပ်က ကျေးရွာအတွင်း ဝင်မွှေနေ၍ ဒေသခံများ တိမ်းရှောင်နေရ

စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ် သုခဒီပကျေးရွာ (ဒေသအခေါ် သူဌေးကုန်းကျေးရွာ) တွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်စိန်သည် ဩဂုတ်လ ၁၆ ရက်နေ့ ညပိုင်းတွင် ခေါင်းဖြတ်အသတ်ခံလိုက်ရသည်။



ယင်းသို့ဖြစ်ပွားအပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိလာကာ ဝင်ရောက်မွှေနောက် ရှာ‌ဖွေနေသည့်အတွက် ကျေးရွာဒေသခံများ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံများက မဇ္ဈိမကိုပြောသည်။



ဒေသခံများ၏အဆိုအရ သတ်ဖြတ်ခံရသည့် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်စိန်သည် ပျူစောထီးအဖွဲ့ဝင် သင်တန်းဆင်းတစ်ဦးဖြစ်ကြောင်း သိရပြီး ဩဂုတ်လ ၁၆ ရက်နေ့ ည ၇ နာရီ မိနစ် ၂၀ ဝန်းကျင်က ၎င်း၏နေအိမ်တွင် ခေါင်းဖြတ်သတ်ဖြတ်ခံလိုက်ရခြင်းဖြစ်သည်။



သုခဒီပကျေးရွာအနီးရှိ ကျောက်ရစ်ကျေးရွာဒေသခံတစ်ဦးက “သတ်တော့ ခေါင်းဖြတ်သတ်သွားတာ။ သတ်သွားတော့ အနီးက အော်တဲ့သူ နှစ်ယောက်သုံးယောက်လည်း အပစ်ခံရတယ်လို့ သိရတယ်” ဟု မဇ္ဈိမကို ပြောသည်။



ထိုသို့ သုခဒီပကျေးရွာအုပ်ချုပ်ရေးမှူး အသတ်ခံရပြီးနောက် ယနေ့ ဩဂုတ်လ ၁၇ ရက်နေ့ မနက်ပိုင်း ၁၀ နာရီကျော်ခန့်တွင် ကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်ကားသုံးစီး ရောက်ရှိလာပြီး နေအိမ်များကို ဝင်ရောက်ရှာဖွေကာ ဖမ်းဆီးမှုများ ပြုလုပ်ခဲ့သည်။



ယင်းနောက် သုခဒီပကျေးရွာသား ဒေသခံသုံးဦးကို အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မျက်မြင် ဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။



“အခု စစ်ကားသုံးစီးရောက်နေလို့ တစ်ရွာလုံး ရှောင်နေရတယ်။ သုံးယောက်တောင်ပါသွားတယ်။ ဝင်မွှေမယ်လို့ကြားလို့ အကုန်လုံး ရှောင်နေရတယ်။ သုခဒီပက လူမရှိတဲ့အိမ်တွေတော့ ဝင်မွှေနေတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။



လက်ရှိတွင် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိနေသည့်အတွက် သုခဒီပကျေးရွာနှင့် မေတ္တာကျေးရွာက ဒေသခံအများအပြား ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။



အဆိုပါ သုခဒီပကျေးရွာအုပ်ချုပ်ရေးမှူးကို ၎င်းတို့အဖွဲ့က ခေါင်းဖြတ်သတ်ဖြတ်ခဲ့ကြောင်း မြင်းခြံ နှလုံးလှလူမိုက်ကြီးများအဖွဲ့က ဩဂုတ်လ ၁၆ ရက်နေ့ ညပိုင်းတွင် ထုတ်ပြန်ခဲ့သည်။



“စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ သူဌေးကုန်းကျေးရွာမှ စစ်ကောင်စီခန့် အုပ်ကြီး (အောင်မြင့်စိန်) ဆိုသူကို နောင်တက်လာမည့် ဥက္ကဌများ စံနမှူနာယူနိုင်ရန်အတွက် ခေါင်းကိုဖြတ်၍ ဘောလုံးကန်ခဲ့သည်” ဟု မြင်းခြံ နှလုံးလှလူမိုက်ကြီးများအဖွဲ့က ထုတ်ပြန်ထားသည်။

ဓာတ်ပုံ - (မန်ကတ်မြို့ သင်တန်းကျောင်း၌ စစ်မှုထမ်းရန် စုဆောင်းခံထားရသူများကို တွေ့ရစဉ် / MOI)
August 28, 2026
ရန်ကုန်နှင့် မန္တလေး မြို့ကြီးများတွင် စစ်မှုထမ်းရန် တပ်သားစုဆောင်းရေးအတွက်...
August 28, 2026
မန္တလေး အိုးဘိုအကျဉ်းထောင်အတွင်း ကျခံနေရသည့် နိုင်ငံရေးအကျဉ်းသားများအပေါ် အောက်ခြေ ထောင်ဝန်...
August 27, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်နေသည့် စစ်အုပ်စုတပ် စစ်ကြောင်းသည်...
August 27, 2026
ရန်ကုန်တိုင်း၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်ရှိ Spring Moon Garment Co.,Ltd အထည်ချုပ်စက်ရုံ...