ကမာရွတ်ဒလန်ဟုကျော်ကြားသူ သေနတ်ဖြင့်ပစ်သတ်ခံရ

ကမာရွတ်ဒလန်ဟုကျော်ကြားသူ သေနတ်ဖြင့်ပစ်သတ်ခံရ

ကမာရွတ်မြို့နယ်မှ ဒလန်တင်လှဟု လူသိများသူတစ်ဦး ခေါင်းကို သေနတ်ဖြင့်အပစ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများ၏ သတင်းပေးပို့ချက်အရ သိရသည်။

ကမာရွတ်မြို့နယ်၊ အမှတ် (၃) ရပ်ကွက်၊ ထန်းတပင်လမ်းနှင့် စေတနာသုလမ်းထောင့်အနီး ခြံအမှတ် (၁၇) တွင် အကြမ်းဖက်စစ်ကောင်စီသတင်းပေး တင်လှမှာ သြဂုတ် ၁၇ ရက် မနက် ၅ နာရီခန့်က ပစ်သတ်ခံရခြင်းဖြစ်သည်။

"သူတို့ရပ်ကွက်ထဲမှာ ဒလန်စစ်ကောင်စီသတင်းပေးလို့ နာမည်ထွက်နေတာ မနက်က အော်သံကြားတော့ အပစ်ခံရပြီး သေနေပြီ" ဟု ရပ်ကွက်နေထိုင်သူတဦးက ပြောသည်။

ထိုသို့ပစ်ခံရပြီးနောက် မနက် ၈ နာရီခွဲချိန်မှစတင်ကာ ၃ ရပ်ကွက်၊ ထန်းတပင်ဘုန်းကြီးကျောင်းလမ်းထဲ ကွန်ဒိုနားတွင် စစ်ကောင်စီတပ်နှင့် ရဲများ၊ အရပ်ဝတ်များ ရောက်ရှိကာ စစ်ဆေးမှုများပြုလုပ်နေကြသည်။

ထို့ပြင် ဝင်းသော်တာလမ်းထိပ်ပိတ်ထားပြီး စစ်ကောင်စီတပ်သား တစ်ဒါဇင်ခန့်က ဘုန်းကြီးကျောင်းဘက်သို့ ဖြတ်လာသူများကို စစ်ဆေးနေသည်။

 
 

 

 

ဓာတ်ပုံ - (မန်ကတ်မြို့ သင်တန်းကျောင်း၌ စစ်မှုထမ်းရန် စုဆောင်းခံထားရသူများကို တွေ့ရစဉ် / MOI)
August 28, 2026
ရန်ကုန်နှင့် မန္တလေး မြို့ကြီးများတွင် စစ်မှုထမ်းရန် တပ်သားစုဆောင်းရေးအတွက်...
August 28, 2026
မန္တလေး အိုးဘိုအကျဉ်းထောင်အတွင်း ကျခံနေရသည့် နိုင်ငံရေးအကျဉ်းသားများအပေါ် အောက်ခြေ ထောင်ဝန်...
August 27, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်နေသည့် စစ်အုပ်စုတပ် စစ်ကြောင်းသည်...
August 27, 2026
ရန်ကုန်တိုင်း၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်ရှိ Spring Moon Garment Co.,Ltd အထည်ချုပ်စက်ရုံ...