စစ်ကောင်စီက တက္ကသိုလ်ကျောင်းသားများ၏ အဖြေလွှာများကို မအောင်မနေရစနစ်ဖြင့် အောင်စာရင်းထုတ်ပြန်ခိုင်း

စစ်ကောင်စီက တက္ကသိုလ်ကျောင်းသားများ၏ အဖြေလွှာများကို မအောင်မနေရစနစ်ဖြင့် အောင်စာရင်းထုတ်ပြန်ခိုင်း

စစ်ကောင်စီက တက္ကသိုလ်အသီးသီး၌ တက်ရောက်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများ၏ စာမေးပွဲအဖြေလွှာများကို မအောင်မနေရစနစ်ဖြင့် စစ်ဆေးကာ အောင်စာရင်းများကို ထုတ်ပြန်ခိုင်းခဲ့ကြောင်း ကျောက်ဆည်ကျောင်းသားများသမဂ္ဂက ပြောသည်။

အာဏာသိမ်းစစ်ကောင်စီလက်ထက် မဟာတန်း၊ စတုတ္ထတန်းနှင့် ဂုဏ်ထူးတန်းများ၏ အောင်စာရင်းတွင် ကျောင်းမတက်၊ စာမေးပွဲမဖြေဆိုခဲ့သည့် ကျောင်းသူ၊ ကျောင်းသားများ၏ အမည်ပါဝင်နေခြင်းဖြစ်သည်။

အာဏာသိမ်းစစ်ကောင်စီက ဖွင့်လှစ်ခဲ့သည့် မဟာတန်း၊ စတုတ္ထတန်းနှင့် ဂုဏ်ထူးတန်းများအတွက် အောင်စာရင်းများကို ဩဂုတ် ၁၃ ရက် ရက်စွဲဖြင့် အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ ပညာရေးဌာနက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ထုတ်ပြန်ရာတွင် မအောင်မနေရစနစ်ဖြင့် အောင်စာရင်းထုတ်ပြန်ခိုင်းရန် ညွှန်ကြားကြောင်းကို စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းအချို့ထံက အတွင်းသတင်းအဖြစ် သိရသည်ဟု ကျောက်ဆည်ကျောင်းသားများသမဂ္ဂက ဩဂုတ် ၁၅ ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

တချို့ကျောင်းသူ၊ ကျောင်းသားများမှာ စာဖြေလွှာပေါ်တွင် အောင်မှတ်ပြည့်သည်အထိ ဖြေဆိုထားခြင်းမရှိသော်လည်း အောင်စာရင်းထုတ်ပြန်မှုတွင် အမည်စာရင်းပါဝင်ခဲ့ကြောင်း ကျောက်ဆည်ကျောင်းသားများသမဂ္ဂက ဆိုသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ တက္ကသိုလ်ကျောင်းသားတစ်ဦးက “ကျနော်ကျောင်းလည်းမတက်၊ စာမေးပွဲလည်း မဖြေခဲ့ပါဘူး။ ဒါတွေမဖြစ်ခင်က ကျွန်တော် နောက်ဆုံးနှစ်ကို ဒုတိယအသုတ်အောင်ပြီး ပထမအသုတ်မှာ paper 3 ဖြေပြီး ကိုဗစ်ကြောင့် ဆက်မဖြေတော့ဘူး။ အဲဒါကို အခုအောင်စာရင်းမှာပါလာပါတယ်” ဟု ၎င်း၏ ဖေ့စ်ဘွတ်စာမျက်နှာပေါ်တွင် မျှဝေထားသည်။

ထပ်မံ၍ကျောင်းသူတစ်ဦးကလည်း “အခုအောင်စာရင်းမှာပါလာတဲ့ သူငယ်ချင်းက CDM သမားပါ။ ကျောင်း လုံးဝ သွားမတက်ခဲ့ပါဘူး” ဟု ပြောသည်။

စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်နေသည့် Non-CDM ပါမောက္ခချုပ်များ၊ ဌာနမှူးများ၊ ကထိကများ၊ နည်းပြ၊ သရုပ်ပြများသည် အောင်စာရင်းရလဒ်များ ထုတ်ပြန်မှုအပေါ်တွင် အဂတိလိုက်စားမှုများလည်းရှိနိုင်ကြောင်း ကျောက်ဆည်ကျောင်းသားများ သမဂ္ဂက သုံးသပ်ထားသည်။

 
 

 

 

August 1, 2026
စစ်အုပ်စုနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် ချင်းညီနောင် (CB) အဖွဲ့ဝင်ဖြစ်သည့်...
July 31, 2026
စစ်အုပ်စုတပ် ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး ဖြစ်သူ ဗိုလ်ချုပ်ကြီး ထွန်းအောင်၏ ရန်ကုန်နေအိမ်သို့...
July 30, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်အုပ်စုက ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်နေ့မှစ၍ ဇူလိုင်လ ၂၉ ရက်နေ့...
July 30, 2026
မလေးရှားအစိုးရက ဒုက္ခသည်များအပေါ် ထားရှိသည့် မူဝါဒများကို တင်းကျပ်လာနေသည့် အခြေအနေများ ကြောင့်...