စစ်ရှောင်များကို ကူညီပေးနေသည့် အမျိုးသမီးကို ဖမ်းဆီးမရသဖြင့် မိခင်၊ မောင်တော်စပ်သူအပါအဝင် ၅ ဦးကို စစ်ကောင်စီတပ်များက ဖမ်းခေါ်သွား

စစ်ရှောင်များကို ကူညီပေးနေသည့် အမျိုးသမီးကို ဖမ်းဆီးမရသဖြင့် မိခင်၊ မောင်တော်စပ်သူအပါအဝင် ၅ ဦးကို စစ်ကောင်စီတပ်များက ဖမ်းခေါ်သွား

စစ်အာဏာသိမ်းပြီးနောက် တိုက်ပွဲများ မကြာခဏဖြစ်ပွားနေသည့် ကယားပြည်နယ်က စစ်ဘေးရှောင်များကို ကူညီပေးနေသည့် အမျိုးသမီးတစ်ဦးကို ဖမ်းဆီးမရသဖြင့် မိခင်နှင့် မောင်တော်စပ်သူအပါအဝင် ငါးဦးကို စစ်ကောင်စီတပ်များက ဖမ်းခေါ်သွားခဲ့ကြောင်း သိရသည်။

“ဘယ်လိုဖြစ်တာလဲဆိုတော့ ကျွန်မရဲ့ ဗော်လန်တီယာကောင်လေးက မနက်ပိုင်း ဈေးသွားဝယ်တော့ ကားပေါ်မှာ ကျွန်မတို့ တောမှာသုံးတဲ့ ထမင်းအိုးလေးရယ်၊ ကျွန်မတို့ရဲ့ emergency case တွေ၊ တောဘွတ်ဖိနပ်တွေတွေ့တော့ မသင်္ကာလို့ဆိုပြီး ဖမ်းသွားတာ။ ပထမဆုံးအဖမ်းခံရတဲ့ ကလေးကို သူတို့အမျိုးမျိုး စစ်မယ်ထင်တယ်။ ကျွန်မကို PDF ခေါင်းဆောင်လို့ ထင်လို့ လိုက်ရှာခိုင်းပုံရတယ်။ ကျွန်မကတော့ တိုက်ပွဲတွေဖြစ်ကတည်းက စစ်ရှောင်စခန်းတွေမှာပဲနေတာပါ” ဟု စစ်ဘေးရှောင်များကို ကူညီပေးနေသည့် အသက် ၂၇ နှစ်အရွယ် အမျိုးသမီးက မဇ္ဈိမကို ပြောသည်။

စစ်ကောင်စီတပ်သားများက လွိုင်ကော်မြို့ပေါ်ရှိ နေအိမ်တွင် အသက် ၅ဝ အရွယ် မိခင်ဖြစ်သူ၊ အသက် ၂၃ နှစ်အရွယ် မောင်တော်စပ်သူနှင့် အသက်မပြည့်သေးသည့် ပရဟိတလူငယ် သုံးဦးတို့ကို သြဂုတ် ၁၄ ရက်၊ နေ့လယ် ၂ နာရီဝန်းကျင်က လာရောက်ဖမ်းခေါ်သွားခြင်းဖြစ်ကြောင်း ၎င်းအမျိုးသမီးကပြောသည်။

“PDF ကို ထောက်ပံ့ပေးနေတဲ့အဖွဲ့ဆိုလို့ ဖမ်းရင်တော့ ဘာမှပြောစရာမရှိပါဘူး။ ဘာကိစ္စမှ မပတ်သက်ဘဲ စစ်ရှောင်သက်သက်ပဲ ကူညီပေးနေတာကို လုပ်တော့ စိတ်မကောင်းတော့ ဖြစ်မိပါတယ်။ အရှေ့တလောကဆိုရင်လည်း ဖရူးဆိုအနောက်ပိုင်းမှာ သွားလှူတာ စစ်ဘေးရှောင်ပြည်သူတွေအတွက် ဆန်အိတ် ၇ဝ၊ ၈ဝ လောက်ပါတော့ အဲ့လောက် များတယ်ဆိုရင် စစ်ရှောင်ထောက်ပံ့တာမဟုတ်နိုင်ဘူး။ ဖမ်းလို့ရတယ်။ သတ်လို့ ရတယ်ဆိုပြီး အမျိုးမျိုးခြိမ်းခြောက်ပြီး အကုန်ဓာတ်ပုံ ရိုက်သွားတာတွေရှိတယ်” ဟု ၎င်းက ဆက်ပြောသည်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်‌သည့် ဒေသခံလက်နက်ကိုင် တပ်ဖွဲ့များနှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများဖြစ်ပွားနေသော ကယားပြည်နယ်တွင် စစ်ဘေးရှောင်ပြည်သူ အရေအတွက်တိုးလာနေပြီး စစ်ကောင်စီ၏ ပိတ်ဆို့မှုများကြောင့် စစ်ဘေးရှောင်များအနေဖြင့် ဆေးဝါးနှင့် စားနပ်ရိက္ခာအခက်အခဲများကိုလည်း ရင်ဆိုင်နေရကြောင်း စစ်ဘေးရှောင်များကို ကူညီဆောင်ရွက်ပေးနေသူများက ဆိုသည်။

 
 

 

 

ဓာတ်ပုံ - (မန်ကတ်မြို့ သင်တန်းကျောင်း၌ စစ်မှုထမ်းရန် စုဆောင်းခံထားရသူများကို တွေ့ရစဉ် / MOI)
August 28, 2026
ရန်ကုန်နှင့် မန္တလေး မြို့ကြီးများတွင် စစ်မှုထမ်းရန် တပ်သားစုဆောင်းရေးအတွက်...
August 28, 2026
မန္တလေး အိုးဘိုအကျဉ်းထောင်အတွင်း ကျခံနေရသည့် နိုင်ငံရေးအကျဉ်းသားများအပေါ် အောက်ခြေ ထောင်ဝန်...
August 27, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်နေသည့် စစ်အုပ်စုတပ် စစ်ကြောင်းသည်...
August 27, 2026
ရန်ကုန်တိုင်း၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်ရှိ Spring Moon Garment Co.,Ltd အထည်ချုပ်စက်ရုံ...