လွိုင်ကော်မြို့နယ်ရှိ စစ်ရှောင်စခန်းတစ်နေရာတွင် ကိုဗစ်ပိုးတွေ့ရှိ

လွိုင်ကော်မြို့နယ်ရှိ စစ်ရှောင်စခန်းတစ်နေရာတွင် ကိုဗစ်ပိုးတွေ့ရှိ
Pyae Phyo Kyaw (Facebook)
Pyae Phyo Kyaw (Facebook)

ကရင်နီပြည်နယ် လွိုင်ကော်မြို့အရှေ့ဖက် စစ်ဘေးရှောင်စခန်းတစ်နေရာမှာ ဝမ်းလျှော၊ အနံ့ပျောက်တာကြောင့် ဩဂုတ်လ၄ရက်နေ့မှာ ဆေးခန်းပြရာမှ RDT Test Kit ဖြင့်စစ်ဆေးကြည့်တဲ့အခါ ကိုဗစ် Positive တွေ့ရှိခဲ့တယ်လို့ စစ်ရှောင်စခန်းရှိ ဆေးခန်းမှ ဆရာဝန်တစ်ဦးက အတည်ပြု ပြောကြားပါတယ်။

“ကျောင်းတစ်ခုက ကလေးက ဆေးခန်းလာပြရင်းတွေ့တာ။ ပထမဆုံးလာပြတဲ့တစ်ယောက်က ဝမ်းလျှောတယ် အနံ့ပျောက်တယ်ပေါ့နော။ လက္ခာနဲ့လာတာ သူတို့ကို RDT Test Kit နဲ့ပဲစစ်တာ။ မနေ့ညနေက သူတို့အိမ်မှာရှိတဲ့ Contact တွေလိုက်စစ်တော့ Contact တွေကတော့ Negative ပဲ။ ကျောင်းက ကလေးတွေပဲ Positive ပေါ့။ လောလောဆယ် ဒီ ၇ ယောက်ထဲမှာ ကျောင်း (ကျောင်းတက်တဲ့သူ) က ကလေးက ၆ ယောက်ထွက်တယ်။” လို့ အဆိုပါ ဆရာဝန်က ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

ကိုယ်ထူကိုယ်ထကျောင်းတစ်ခုမှာ စာသင်ကြားနေတဲ့ ကျောင်းသားတွေဆီကနေ တွေ့ရှိရတာဖြစ်ပြီး ၁၂ နှစ်မှ ၁၆ နှစ်ကြားရှိပြီး လက်ရှိမှာ ၎င်းတို့ရဲ့ ကျန်းမာရေးအခြေအနေ ကောင်းမွန်လျက်ရှိတယ်လို့ သိရပါတယ်။

လက်ရှိ ပိုးတွေ့ရှိတဲ့ ၇ ဦးကို ကိုဗစ်ပိုးတွေ့ရှိသူသီးသန့်ထားတဲ့ Covid Center မှာထားရှိပြီး ကျေးရွာ ၁၀ ရွာစုပြီး နေထိုင်ကြတဲ့ စစ်ရှောင်စခန်းတစ်ခုလုံးကို Lockdown (၁၄) ရက် ချထားပြီး အဝင်/အထွက်ပိတ်ထားတယ်လို့ ဆိုပါတယ်။

ကိုယ့်အိမ်နဲ့ကိုယ်နေထိုင်တဲ့ အတောအတွင်း ကိုဗစ်နဲ့ပတ်သက်တဲ့ သံသယလက္ခာဏာ ပေါ်ပေါက်လာပါက ဆေးခန်းကို အကြောင်းကြားရမှာဖြစ်ပြီး လိုအပ်တဲ့ဆေးစစ်မှုတွေ လုပ်သွားမယ်လို့ သိရပါတယ်။

“Camp ဧရိယာကို အဝင်/အထွက်ရှိတယ်ဆိုရင် Quarantine ဝင်ခိုင်းတယ် Quarantine ၁၄ ရက်ကတော့ Camp မရောက်ခင်မှာ Quarantine Center သပ်သပ်ထားဖို့ လုပ်ထားတာရှိတယ်။ ဒါပေမယ့် တစ်ခုရှိတာကတော့ ဧရိယာကျယ်ခါကျတော့ အကုန်လုံး ကာဗာ မမိနိုင်ဘူးဖြစ်သွားတာ။ အဲ့ကနေ ဝင်တဲ့ဟာရှိတယ်ပေါ့နော။ ကျတော်တို့လည်းမသိလိုက်ဘူး။ အကုန်လုံးက ဘယ်သူပဲလာလာ Quarantine ၁၄ရက်က ဝင်ခိုင်းပြီးသား။ အဲ့မှာ လွတ်သွားတဲ့နေရာရှိလို့ပေါ့နော ဒီထဲရောက်လာတာပေါ့” လို့ ဆရာဝန်က ဆက်ပြောပါတယ်။

စစ်ရှောင်စခန်းမှာလည်း နှာစေးချောင်းဆိုးသူ များပြားနေပြီး ကိုဗစ်ကူးစက်မှုပြန့်ပွားလာမှာကို စိုးရိမ်နေသလို စစ်ရှောင်စခန်းအတွက် အထူးသဖြင့် အောက်စီဂျင်အိုးနဲ့ Tesk kit အရေးတကြီးလိုအပ်နေပြီး ကိုဗစ်ကာကွယ်ရေးအတွက် အကာအကွယ်ဝတ်စုံ (PPE)၊ လက်သန့်ဆေးရည်၊ Mask၊ ဆေးဝါး၊ ပိုးသတ်ဆေး စတဲ့အရာတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

အကြမ်းဖက် စစ်ကောင်စီဖက်မှ ကျေးရွာ၊ ရပ်ကွက်တွေမှာ ကိုဗစ်တားဆီး ကာကွယ်ရေးဂိတ်တွေကို ဖျက်သိမ်းခိုင်းတာတွေကြောင့် စစ်ရှောင်စခန်းထိ ပိုမိုကူးစက်ပြန့်နှံ့မှာကို စိုးရိမ်တယ်လို့ စစ်ဘေးရှောင်နေရတဲ့ ဒေသခံတွေက ပြောပါတယ်။

ကိုဗစ်တတိယလှိုင်းအတွင်း ကရင်နီပြည်နယ် လွိုင်ကော်မြို့နယ်မှာ ကိုဗစ်ပိုးတွေ့ရှိသူ ၅၀၀ ကျော်ရှိနေပြီး သေဆုံးသူ ၃၀ ဦးထိ ရှိလာပါတယ်။

ဓာတ်ပုံ - Crd
August 25, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်း၊ လွိုင်နန်းဖမြို့နယ်အတွင်းရှိ အထက်တန်းကျောင်း...
August 24, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် ရှေ့တန်းတစ်နေရာတွင် ကယ်ဆယ်ရေးတာဝန် ထမ်းဆောင်နေသည့် ကယ်ဆယ်ရေး...
August 22, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ခြမ်းနှင့် အနောက်ဘက်ခြမ်းရှိ နေရာများကို စစ်အုပ်စုတပ်က ယခုရက်...
August 20, 2026
ဂျန်ဒါအခြေပြု အကြမ်းဖက်မှုများ လျှော့ချနိုင်ရေးအတွက် အမျိုးသမီးများအတွက် လိုအပ်သည့် အကူအညီများ...