ဂျန်ဒါအခြေပြု အကြမ်းဖက်မှု ပညာပေးလုပ်ငန်းများ ပိုမိုလုပ်ဆောင်ရန် လိုအပ်ဟု KNWO ပြော

ဂျန်ဒါအခြေပြု အကြမ်းဖက်မှု ပညာပေးလုပ်ငန်းများ ပိုမိုလုပ်ဆောင်ရန် လိုအပ်ဟု KNWO ပြော

ဂျန်ဒါအခြေပြု အကြမ်းဖက်မှုများ လျှော့ချနိုင်ရေးအတွက် အမျိုးသမီးများအတွက် လိုအပ်သည့် အကူအညီများ ပံ့ပိုးပေးခြင်းနှင့် အကြမ်းဖက်မှုများ မဖြစ်ပေါ်စေရန် အသိပညာပေးလုပ်ငန်းများ ပိုမိုလုပ်ဆောင်ခြင်းသည် လက် တွေ့ကျပြီး ထိရောက်သည့် နည်းလမ်းတစ်ခုဖြစ်ကြောင်း ကရင်နီအမျိုးသမီးအစည်းအရုံး (KNWO) ဥက္ကဋ္ဌ မော်ဖရေးမြာက ပြောသည်။

(KNWO) ဥက္ကဋ္ဌ မော်ဖရေးမြာက “အမျိုးသမီး လိုအပ်တဲ့ အကူအညီတွေကို သေချာလေး ပံ့ပိုးပြီးတော့ ဒီလို အကြမ်းဖက်မှုမဖြစ်ဖို့ များများပညာ‌ပေး လုပ်တာမျိုးတွေပေါ့နော်။ ပညာပေးလုပ်တဲ့အခါမှာ အမျိုးသားတွေ လူငယ်တွေ များများပါဝင်ဖို့ အရေးကြီးတယ်” ဟု ပြောသည်။

ကရင်နီအမျိုးသမီးအစည်းအရုံး (KNWO) အနေဖြင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လအထိ (၆) လအတွင်း စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ၁၁ မှု၊ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ၁၅ မှု၊ မုဒိမ်းမှု ၃ မှုနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ၈ မှု၊ စုစုပေါင်း ၃၇ မှုကို ဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်း တွေ့ရှိရသည်။

အဆိုပါ ၃၇ မှုအနက် ထိုင်း-ကရင်နီနယ်စပ်၌ ၁၃ မှု ပါဝင်ပြီး ကျန်အမှုများမှာ ကရင်နီပြည်တွင်း၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ဂျန်ဒါအခြေပြု အကြမ်းဖက်မှုများကို နှစ်စဉ် ကြုံတွေ့နေရခြင်းဖြစ်ပြီး မြေပြင်အခြေအနေအရ ထိထိရောက် ရောက် ဆောင်ရွက်ရန် ခက်ခဲနေသေးသကဲ့သို့ အဓိကအားဖြင့် မြေပြင်ပဋိပက္ခများနှင့် လူမှုစီးပွားရေး မတည် ငြိမ်မှုများကြောင့် ဖြစ်ပွားရခြင်းဖြစ်ကြောင်းလည်း မော်ဖရေမြာက ဆက်လက်ရှင်းပြသည်။

“ဂျန်ဒါအခြေပြု အကြမ်းဖက်မှုက တဦးချင်းရဲ့ အပြုအမူပြဿနာပဲ မဟုတ်ဘူးပေါ့နော်။ ဖြစ်နေတဲ့ ပြဿနာ က ပဋိပက္ခနဲ့ လူမှုစီးပွားရေး အခြေအနေနဲ့ ဆက်စပ်တယ်ပေါ့နော်။ ဒီပဋိပက္ခနဲ့ လူမှုစီးပွားရေး အဆင်မပြေမှု ကြောင့် အကြမ်းဖက်မှုနဲ့ တိုက်ရိုက်ဆက်နွယ်နေတာတော့ တွေ့ရတာပေါ့။”

ထို့ပြင် ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ၏ ပြည်ထဲရေးဌာနအောက်ရှိ ရဲဌာနခွဲ (KSP) က ၆ လအတွင်း အရေးယူဆောင်ရွက်ခဲ့သည့် အမှုများအနက် မုဒိမ်းမှုနှင့် အမျိုးသမီးများအပေါ် ကျူးလွန်သည့် အမှု ၇ မှု ပါဝင်သည်။

ဂျန်ဒါအခြေပြု အကြမ်းဖက်မှုများ လျှော့ချနိုင်ရေးအတွက် အမျိုးသမီးနှင့်ကလေးသူငယ်ရေးရာဌာနက မြို့နယ်အသီးသီး၌ သင်တန်းများ ပြုလုပ်ပေးလျက်ရှိသည်။ ပြီးခဲ့သည့် ၆ လအတွင်း အမျိုးသမီးနားခိုရာ လုံခြုံအိမ်သို့ လာရောက်ခိုလှုံသူ ၅ ဦးနှင့် ကလေးသူငယ် ပြုပြင်ထိန်းသိမ်းရေးစင်တာ၌ ၅ ဦး အသီးသီး ဝန်ဆောင်မှု ပေးနိုင်ခဲ့သည်။

နည်းလမ်းမျိုးစုံဖြင့် အကြမ်းဖက်ခံရသည့် အမျိုးသမီးများနှင့် လုံခြုံအိမ်များ၌ လာရောက်ခိုလှုံသည့် အမျိုးသမီး များကို စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ဆွေးနွေးပေးပြီး လိုအပ်ချက်များအပေါ် သက်ဆိုင်ရာ တရားရေးဌာန၊ ကရင်နီပြည် ရဲတပ်ဖွဲ့ (KSP)၊ ကျန်းမာရေးဌာနနှင့် သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးတို့နှင့် ချိတ်ဆက်ကာ ဝန်ဆောင်မှု လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိသည်။

ဓါတ်ပုံ - (ထိုင်း-ကရင်နီနယ်စပ် စစ်ရှောင်စခန်း၌ နည်းပညာအသုံးပြု ဂျန်ဒါအခြေပြု အကြမ်းဖက်မှု (TFGBV) အသိပညာပေးဆွေးနွေးပွဲကို ဩဂုတ်လ ၃ ရက်တွင် KNWO ပြုလုပ်ခဲ့စဉ်။)

(ဓာတ်ပုံ - Crd)
August 19, 2026
ကရင်နီပြည်တွင် သစ်တောပြုန်းတီးမှု ကာကွယ်လျှော့ချနိုင်ရန်အတွက် ထင်းမီးအစားထိုး လောင်စာတောင့်...
ဓာတ်ပုံ - Crd
August 19, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းတွင် Starlink ကုမ္ပဏီ၏ မူဝါဒပြောင်းလဲမှုများကြောင့်...
ဓာတ်ပုံ - Crd
August 19, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းတွင် Starlink ကုမ္ပဏီ၏ မူဝါဒပြောင်းလဲမှုများကြောင့်...
ကရင်နီပြည်တွင်း၌ ရောင်းချနေသည့် စက်သုံးဆီဆိုင်များ။ / Crd
August 18, 2026
ကရင်နီပြည်တွင်းသို့ အနောက်ဘက်ခြမ်း ဝင်ပေါက်များမှတစ်ဆင့် ပြည်တွင်းထွက် ချက်ဆီများ ရောနှောထား...