မောင်တောမြို့နယ်တွင် အကြမ်းဖက်သမား သုံးဦး လုပ်သေနတ်များနှင့်ဖမ်းမိ

မောင်တောမြို့နယ်တွင် အကြမ်းဖက်သမား သုံးဦး လုပ်သေနတ်များနှင့်ဖမ်းမိ
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် မောင်တောမြို့နယ် တောင်ပိုင်း သဝင်ချောင်းကျေးရွာတွင် အကြမ်းဖက်သမားဟု ယူဆရသူ သုံးဦးကို လုပ်သေနတ် သုံးလက်နှင့် အတူ ဖမ်းဆီးရမိခဲ့သည်ဟု သတင်းရရှိသည်။

ဖမ်းဆီးရမိသူ သုံးဦးမှာ သဝင်ချောင်းကျေးရွာမှ အာမန်(ဘ)ဦးမာဒူး၊ မာမတ်ရော်ဖိတ်(ဘ)ဦးမာဒူ၊ အဒူလာမိန်(ဘ)ဦးအဆလင် တို့ ဖြစ်ကြကြောင်း နယ်ခြားစောင့်ရဲက ပြောသည်။

လာမည့် မေ ၃၀ ရက် မတိုင်မီ မောင်တောတောင်ခြမ်းရှိ ရဲကင်းစခန်းများအား တုတ်၊ဓါး၊ လုပ်သေနတ်များဖြင့် ၀င်ရောက် အကြမ်းဖက် တိုက်ခိုက်ရန် စီစဉ်နေကြောင်း သတင်းအရ တောင်နားကျေးရွာနေ မာမတ်ရှော်ဘီ(ဘ) ဦးဒူးမာ ၏ နေအိမ်သို့ ၀င်ရောက်ရှာဖွေရာမှ အရှည် ၁ ပေခန့်ရှိ လုပ်သေနတ် ၃ လက်၊ ရာဘာကျည် ၁၁ တောင့်၊ ရာဘာကျည်ခွံ ၂ တောင့်၊ ၅ ဒသမ ၅၆ ကျည် ရ တောင့်ဖြင့် ဖမ်းမိခဲ့သည်။

၎င်းပြင် မေ ၁ ရက်နေ့ နေစွဲဖြင့် လစာငွေ ပေးထားသည့် လူ ၂၀ ဦး၏ အမည်စာရင်းများနှင့် အတူ ပြေစာ ၁ စောင်အား သိမ်းဆည်းရမိခဲ့ကြောင်းသိရပါသည်။

သေနတ်တွေ့ရှိသူ အိမ်ပိုင်ရှင် မာမတ်ရှော်ဘီ(ဘ) ဦးဒူးမာမှာ ထွက်ပြေးတိမ်းရှောင်နေသည် ရဲက ပြောသည်။

ယာယီတပ်ရင်းမှူး နေထွန်းလင်း ဦးစီးတပ်ခွဲ(၁)အဖွဲ့သည် ဒုရဲမှူးကြီး သန့်ဇင်ဦး ဦးစီး(၅၀)အင်အားဖြင့် ဝင်ရောက်ရှာဖွေ စီးနှင်းခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ပါ၀င်ဆက်စပ်သူများကို ဆက်လက် ဖမ်းဆီး နိုင်ရေးနှင့် အတူ နယ်မြေရှင်းလင်းရေးကို ဆောင်ရွက်လျှက်ရှိကြောင်းသိရပါသည်။

January 20, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ပင်လယ်ပြင်တွင် ငါးဖမ်းထွက်နေသည့်...
January 19, 2026
ခိုင်လူလှ (ရိုးမမြေ)— လွန်ခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့ နံနက်က စစ်ကော်မရှင်က မူးယစ်ဆေးဝါးနဲ့...
January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...
January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...