မောင်တောမြို့နယ်တွင် အကြမ်းဖက်သမား သုံးဦး လုပ်သေနတ်များနှင့်ဖမ်းမိ

မောင်တောမြို့နယ်တွင် အကြမ်းဖက်သမား သုံးဦး လုပ်သေနတ်များနှင့်ဖမ်းမိ
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် မောင်တောမြို့နယ် တောင်ပိုင်း သဝင်ချောင်းကျေးရွာတွင် အကြမ်းဖက်သမားဟု ယူဆရသူ သုံးဦးကို လုပ်သေနတ် သုံးလက်နှင့် အတူ ဖမ်းဆီးရမိခဲ့သည်ဟု သတင်းရရှိသည်။

ဖမ်းဆီးရမိသူ သုံးဦးမှာ သဝင်ချောင်းကျေးရွာမှ အာမန်(ဘ)ဦးမာဒူး၊ မာမတ်ရော်ဖိတ်(ဘ)ဦးမာဒူ၊ အဒူလာမိန်(ဘ)ဦးအဆလင် တို့ ဖြစ်ကြကြောင်း နယ်ခြားစောင့်ရဲက ပြောသည်။

လာမည့် မေ ၃၀ ရက် မတိုင်မီ မောင်တောတောင်ခြမ်းရှိ ရဲကင်းစခန်းများအား တုတ်၊ဓါး၊ လုပ်သေနတ်များဖြင့် ၀င်ရောက် အကြမ်းဖက် တိုက်ခိုက်ရန် စီစဉ်နေကြောင်း သတင်းအရ တောင်နားကျေးရွာနေ မာမတ်ရှော်ဘီ(ဘ) ဦးဒူးမာ ၏ နေအိမ်သို့ ၀င်ရောက်ရှာဖွေရာမှ အရှည် ၁ ပေခန့်ရှိ လုပ်သေနတ် ၃ လက်၊ ရာဘာကျည် ၁၁ တောင့်၊ ရာဘာကျည်ခွံ ၂ တောင့်၊ ၅ ဒသမ ၅၆ ကျည် ရ တောင့်ဖြင့် ဖမ်းမိခဲ့သည်။

၎င်းပြင် မေ ၁ ရက်နေ့ နေစွဲဖြင့် လစာငွေ ပေးထားသည့် လူ ၂၀ ဦး၏ အမည်စာရင်းများနှင့် အတူ ပြေစာ ၁ စောင်အား သိမ်းဆည်းရမိခဲ့ကြောင်းသိရပါသည်။

သေနတ်တွေ့ရှိသူ အိမ်ပိုင်ရှင် မာမတ်ရှော်ဘီ(ဘ) ဦးဒူးမာမှာ ထွက်ပြေးတိမ်းရှောင်နေသည် ရဲက ပြောသည်။

ယာယီတပ်ရင်းမှူး နေထွန်းလင်း ဦးစီးတပ်ခွဲ(၁)အဖွဲ့သည် ဒုရဲမှူးကြီး သန့်ဇင်ဦး ဦးစီး(၅၀)အင်အားဖြင့် ဝင်ရောက်ရှာဖွေ စီးနှင်းခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ပါ၀င်ဆက်စပ်သူများကို ဆက်လက် ဖမ်းဆီး နိုင်ရေးနှင့် အတူ နယ်မြေရှင်းလင်းရေးကို ဆောင်ရွက်လျှက်ရှိကြောင်းသိရပါသည်။

May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...