အလုပ်အကိုင်ရှားပါး၍ ရခိုင်ပြည်နယ်ပြင်ပသို့ ထွက်ခွာနေသူ အလွန်များပြားနေ

အလုပ်အကိုင်ရှားပါး၍ ရခိုင်ပြည်နယ်ပြင်ပသို့ ထွက်ခွာနေသူ အလွန်များပြားနေ
by -
နိရဥ္စရာ
ရခိုင်ပြည်နယ်တွင် အလုပ်အကိုင်ရှားပါး၍ အလုပ်လုပ်ရန် ရခိုင်ပြည်နယ်ပြင်ပသို့ ထွက်ခွာနေသူ အလွန်များပြားနေသည်ဟု သိရသည်။

njr2601အဓိက ဦးတည်ထွက်ခွာသွားသော နေရာများမှာ တရုတ်၊ မလေးရှားနှင့် ရန်ကုန်တို့ ဖြစ်ကြသည်။ လက်ရှိတွင် ကချင်ပြည်နယ်နှင့် ထိုင်းသို့ ထွက်ခွာသူ နည်းပါသည်ဟု ဆိုသည်။

“ကျမတို့ ရန်ကုန်က မနက်ဖန်မနက် သွားကြမှာ လူ ၁၀ ယောက်ကျော်ရှိပါတယ်။ အားလုံးက ပေါက်တောမြို့နယ် အင်္ဂရားချိုင်ကျွန်း ပြင်ကြီး (ဇီးတော) ကျေးရွာက ဖြစ်ကြပါတယ်။ ကျမတို့က ပညာလည်း မတတ်ကြဘူး။ မိသားစုကလည်း ဆင်းရဲတယ်ဆိုတော့ ရန်ကုန်ကို အလုပ်လုပ်ဖို့ သွားကြတာပါ”ဟု ပြင်ကြီးကျေးရွာသူ တစ်ဦးကပြောသည်။

စစ်တွေတွင် ဖွင့်လှစ်မည့် အထည်ချုပ်စက်ရုံတွင် အလုပ်လုပ်ကိုင် နိုင်ရန် ဆက်သွယ်ကြည့်သော်လည်း လူပြည့်သွားပြီဖြစ်ကြောင်း အကြောင်းပြန်ကြားကြောင်း၊ သူမအ နေဖြင့် ရန်ကုန်တွင် တနေ့ ၅၀၀၀ ကျပ်ရသော အလုပ်နှင့် ရခိုင်ပြည်နယ်တွင် တစ်နေ့ ၃၀၀၀ ကျပ်ရသော အလုပ်ထဲမှ တစ်ခုခုကို ရွေးချယ်ပါဟု ဆိုလျှင် ရခိုင်ပြည်နယ်တွင် ၃၀၀၀ ကျပ်ရသော အလုပ်ကိုသာ ရွေးချယ်မည်ဟု ဆိုသည်။

ပြင်ကြီးကျေးရွာတွင် အိမ်ခြေ ၁၀၀ ခန့်ရှိသည့်ထဲမှ လူပေါင်း ၁၀၀ ကျော်ရခိုင်နယ်ပြင်ပသို့ သွားရောက် လုပ်ကိုင်နေကြောင်း၊ အင်္ဂရားချိုင်ကျွန်း မောက်ပြားကျေးရွာမှ တရုတ်ပြည်တစ်ခုတည်းတွင် သွားရောက်လုပ်ကိုင် နေသူ ၁၀၀ ကျော်ရှိသည်ဟု သိရသည်။

ချောင်းဝကျေးရွာတွင် ရေလုပ်ငန်းကို အဓိကထားလုပ်ကြပြီး ပင်လယ်ပြင်တွင် ဘင်္ဂလီများက စိုးမိုးထားကြ၍ ရေလုပ်ငန်းကို လုပ်ကိုင်သူ နည်းပါးလာပြီး ရခိုင်ပြည်နယ် ပြင်ပသို့ ထွက်ခွာသူ များပြားနေရခြင်းဖြစ်သည်ဟု ဆိုသည်။

စစ်တွေနှင့် ရန်ကုန်သို့ ပြေးဆွဲနေသော ကားများဖြစ်သည့် ကစ္ဆပ၊ ရွှေပြည်သစ်နှင့် အောင်သစ္စာ ကားဂိတ်များသို့ ဆက်သွယ် စုံစမ်းရာ တစ်နေ့မှ ခုံအလပ်မရှိဟု နိရဥ္စရာသတင်းဌာနသို့ ဖြေကြားထားသည်။

ပြည်ထောင်စုအစိုးရအနေဖြင့် ပုဏ္ဏားကျွန်းစက်မှုဇုံ၊ ကျောက်ဖြူ စက်မှုဇုံ တည်ဆောက်ပေးမည်ဟု ပြောဆိုနေသော်လည်း လက်တွေ့တွင် မည်သည့် စီမံကိန်းကိုမှ စတင် အကောင်အထည်ဖေါ်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

ရသေ့တောင်မြို့နယ်ရှိ ကျေးရွာအများအပြားမှလည်း အသက် ၁၅ နှစ်နှင့် ၅၀ အကြား အမျိုးသားနှင့် အမျိုးသမီးများ တရုတ်ပြည်သို့ အလုပ် လုပ်ကိုင်ရန် ထွက်ခွာနေကြသဖြင့် ကျေးရွာများတွင် လူမရှိသလောက် ဖြစ်နေပြီဟု ဒေသခံများက ပြောဆိုသည်။

“မနက်ဖန်မနက် ရန်ကုန်ကိုသွားမယ့်သူ ၁၀ ကျော်ရှိပါတယ်။ ဒီမနက်လည်း အယောက် ၂၀ လောက် ရန်ကုန်ကို လိုက်သွားကြပါပြီ။ ကျွန်မဆီမှာ ကြိုတင်ဝယ်ထားတဲ့ ကားလတ်မှတ်စောင်ရေ ၂၀၀ ကျော်ရှိပါတယ်။ နောက်ကြားခုံတွေနဲ့ ပေါင်းလိုက်ရင်တော် ၃၀၀ ကျော်ကျော်လောက် ရှိပါမယ်”ဟု ကားလက်မှတ်ကို တစ်ဆင့်ခံ ရောင်းချနေသူ မိဇံရပ်ကွက်နေ ဒေါ်နီမချေက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...