DKBA စစ်ဦးစီးချုပ် စောမိုရှေး ကွယ်လွန်

DKBA စစ်ဦးစီးချုပ် စောမိုရှေး ကွယ်လွန်

ဒီမိုကရေစီအကျိုးပြုတပ်မတော် (DKBA) ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောမိုရှေးသည် ယမန်နေ့ (ဇူလိုင် ၂၁ ရက်) ညနေ ၄ နာရီ ၄၀ မိနစ်ခန့်တွင် ကွယ်လွန်သွားပြီဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့ရှိ တပ်မတော် အသည်းရောဂါအထူးကုဆေးရုံ (ICU) ထဲတွင် ဆေးကုသမှုခံယူနေစဥ် ယမန်နေ့နေလည်ပိုင်းက အရေးပေါ်အသည်းအသန်ဖြစ်ပြီး ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။

ဗိုလ်ချုပ်ကြီးစောမိုရှေးသည် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီး ဇူလိုင် ၁၄ ရက်နေ့ကတည်းက တပ်မတော် အသည်းရောဂါအထူးကုဆေးရုံတွင် တက်ရောက်ကာ ဆေးကုသမှုခံယူခဲ့သည်။

ဗိုလ်ချုပ်ကြီးစောမိုရှေးသည် ၂၀၁၆ ခုနှစ် မတ်လတွင် ဗိုလ်ချုပ်ကြီးစောလာပွယ် (ခေါ်) ဗိုလ်နှုတ်ခမ်းမွှေး ကွယ်လွန်ခဲ့ပြီး DKBA ၏ စစ်ဦးစီးချုပ်ဖြစ်လာသူဖြစ်သည်။

တိုးတက်သောဗုဒ္ဓဘာသာကရင်တပ်မတော် DKBA ကို ၂၀၁၀ ခုနှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် အမည်သစ်ပြောင်းလဲခဲ့ပြီး ကရင်ပြည်နယ် မြဝတီမြို့နယ်၊ ဆုံဆည်းမြိုင်တွင် ဌာနချုပ်အခြေစိုက်ကာ ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူဒေသ၊ လှိုင်းဘွဲ့နှင့် မာနယ်ပလောဒေသအတွင်း လှုပ်ရှားလျက်ရှိသည်။

ထို့နောက် ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာ ၃ ရက်နေ့တွင် အစိုးရနှင့် အပစ်ရပ်သဘောစာချုပ်ချုပ်ဆိုခဲ့ပြီး ၂၀၁၅ အောက်တိုဘာ ၁၅ ရက်တွင် NCA လက်မှတ်ရေးထိုးခဲ့သည်။

DKBA သည် ၁၉၉၄ ခုနှစ်တွင် မိခင် ကရင်အမျိုးအသားအစည်းအရုံး-KNU မှ ခွဲထွက်ခဲ့သည့် ကရင့်လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည်။

Most read this week

December 19, 2025
တနင်္သာရီတိုင်း၊ မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၁၂ က...
December 18, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်ရှိ စစ်ကော်မရှင် ဌာနဆိုင်ရာရုံးများကို တော်လှန်ရေး...
Photo credit - social media
December 17, 2025
မွန်ပြည်နယ်မှာ စစ်မှုထမ်းဥပဒေအရဟုဆိုကာ လူငယ်များအား အဓမ္မတပ်သားသစ်စုဆောင်း၍ သင်တန်းပေးနေသည်မှာ...
Photo credit - CJ
December 16, 2025
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဂျိုင်းမြစ်အတွင်း စစ်ကော်မရှင်အဖွဲ့၏ ပစ်ခတ်ခံရမှုကြောင့် ရေထဲမျောပါ...