DKBA စစ်ဦးစီးချုပ် စောမိုရှေး ကွယ်လွန်

DKBA စစ်ဦးစီးချုပ် စောမိုရှေး ကွယ်လွန်

ဒီမိုကရေစီအကျိုးပြုတပ်မတော် (DKBA) ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောမိုရှေးသည် ယမန်နေ့ (ဇူလိုင် ၂၁ ရက်) ညနေ ၄ နာရီ ၄၀ မိနစ်ခန့်တွင် ကွယ်လွန်သွားပြီဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့ရှိ တပ်မတော် အသည်းရောဂါအထူးကုဆေးရုံ (ICU) ထဲတွင် ဆေးကုသမှုခံယူနေစဥ် ယမန်နေ့နေလည်ပိုင်းက အရေးပေါ်အသည်းအသန်ဖြစ်ပြီး ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။

ဗိုလ်ချုပ်ကြီးစောမိုရှေးသည် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီး ဇူလိုင် ၁၄ ရက်နေ့ကတည်းက တပ်မတော် အသည်းရောဂါအထူးကုဆေးရုံတွင် တက်ရောက်ကာ ဆေးကုသမှုခံယူခဲ့သည်။

ဗိုလ်ချုပ်ကြီးစောမိုရှေးသည် ၂၀၁၆ ခုနှစ် မတ်လတွင် ဗိုလ်ချုပ်ကြီးစောလာပွယ် (ခေါ်) ဗိုလ်နှုတ်ခမ်းမွှေး ကွယ်လွန်ခဲ့ပြီး DKBA ၏ စစ်ဦးစီးချုပ်ဖြစ်လာသူဖြစ်သည်။

တိုးတက်သောဗုဒ္ဓဘာသာကရင်တပ်မတော် DKBA ကို ၂၀၁၀ ခုနှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် အမည်သစ်ပြောင်းလဲခဲ့ပြီး ကရင်ပြည်နယ် မြဝတီမြို့နယ်၊ ဆုံဆည်းမြိုင်တွင် ဌာနချုပ်အခြေစိုက်ကာ ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူဒေသ၊ လှိုင်းဘွဲ့နှင့် မာနယ်ပလောဒေသအတွင်း လှုပ်ရှားလျက်ရှိသည်။

ထို့နောက် ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာ ၃ ရက်နေ့တွင် အစိုးရနှင့် အပစ်ရပ်သဘောစာချုပ်ချုပ်ဆိုခဲ့ပြီး ၂၀၁၅ အောက်တိုဘာ ၁၅ ရက်တွင် NCA လက်မှတ်ရေးထိုးခဲ့သည်။

DKBA သည် ၁၉၉၄ ခုနှစ်တွင် မိခင် ကရင်အမျိုးအသားအစည်းအရုံး-KNU မှ ခွဲထွက်ခဲ့သည့် ကရင့်လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည်။

September 2, 2026
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြစ်တစ်လျှောက် ရေကြီးနစ်မြုပ်နေသည့် ကျေးရွာအချို့တွင် သောက်သုံး...
ဓာတ်ပုံ - PRF
September 1, 2026
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များထံ ငွေကြေးထောက်ပံ့ပေးနေသည့် ထောက်ပို့တပ်သား ၅ သောင်းကျော် မှာ...
လှိုင်ကနီ-တောင်ပေါက်ရွာကြား သြဂုတ်လ ၂၁ ရက်နေ့က စက်လှေတိမ်းမှောက်မှု ဖြစ်ပွားစဉ် / Crd
September 1, 2026
ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေသည့် မွန်နှင့် ကရင်ပြည်အတွင်း မြို့နယ်အချို့၌ စက်လှေအသုံးပြု...
ဓာတ်ပုံ - (ကျိုက်မရောမြို့နယ်အတွင်း ရေကြီးနစ်မြုပ်နေသည့် မြင်ကွင်းတစ်ခု။ / CJ)
August 31, 2026
မွန်ပြည်၊ ကျိုက်မရောမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာ ၂၀ ကျော်မှ အိမ်ခြေ ၆,၀၀၀ ခန့်...