ကျိုက်မရောတွင် အိမ်ခြေ ၆,၀၀၀ နီးပါး ရေမြုပ်ပြီး ပြည်သူသုံးသောင်းခန့် ရေဘေးသင့်နေ

ကျိုက်မရောတွင် အိမ်ခြေ ၆,၀၀၀ နီးပါး ရေမြုပ်ပြီး ပြည်သူသုံးသောင်းခန့် ရေဘေးသင့်နေ
ဓာတ်ပုံ - (ကျိုက်မရောမြို့နယ်အတွင်း ရေကြီးနစ်မြုပ်နေသည့် မြင်ကွင်းတစ်ခု။ / CJ)
ဓာတ်ပုံ - (ကျိုက်မရောမြို့နယ်အတွင်း ရေကြီးနစ်မြုပ်နေသည့် မြင်ကွင်းတစ်ခု။ / CJ)

မွန်ပြည်၊ ကျိုက်မရောမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာ ၂၀ ကျော်မှ အိမ်ခြေ ၆,၀၀၀ ခန့် ရေကြီးနစ်မြုပ် နေပြီး လူဦးရေ သုံးသောင်းနီးပါး ရေဘေးသင့်လျက်ရှိကြောင်း ဒေသခံများနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။

မိုးအဆက်မပြတ် ရွာသွန်းပြီး အတ္ထရံမြစ်ရေ မြင့်တက်လာခြင်းကြောင့် ဩဂုတ်လ ၂၄ ရက်နေ့မှစ၍ ကျိုက်မရော မြို့ပေါ် အနိမ့်ပိုင်းရပ်ကွက်များဖြစ်သည့် ရှင်စောပု၊ ရန်မျိုးအောင်ရပ်ကွက်နှင့် ချောင်းနှစ်ခွ၊ ငပြေမ၊ ဦးလေး၊ နိတုံ၊ ဘိန်းဗျော၊ ရေပူ၊ မယ်ကရို၊ ကွမ်းငန်၊ အတ္ထရံ၊ ဖနုံ၊ လမုခို၊ လှာကဇိုင်း၊ ဖာသိမ်၊ ကလိုင်းကနိုင်၊ ရေပူကော့ စပ် အစရှိသည့် ကျေးရွာ ၂၀ ကျော်တို့တွင် ရေကြီးရေလျှံမှု ဖြစ်ပွားနေခြင်း ဖြစ်သည်။

ရေကြီးနစ်မြုပ်နေသည်မှာ တစ်ပတ်ခန့် ကြာမြင့်လာပြီဖြစ်သော်လည်း မိုးဆက်လက်ရွာသွန်းနေသည့်အပြင် အတ္ထရံမြစ်ရေလည်း ဆက်လက်မြင့်တက်နေသည့်အတွက် ရေကျသွားခြင်းမရှိဘဲ ရေဆက်လက်တိုးနေဆဲ ဖြစ်ကြောင်း ကျိုက်မရောဒေသခံများက ဆိုသည်။

“ဒီနေ့ (ဩဂုတ် ၃၀) လည်း မိုးက အဆက်မပြတ်ရွာနေပါတယ်။ မိုးရော လေရောပဲ။ ရေကလည်း ရေထရက် မြစ်ရေကလည်း တလဟော စီးဆင်းနေတယ်။ အားလုံး ရေမြုပ်သွားပြီ။ အားလုံး သတိဝိရိယနဲ့ နေကြပါ” ဟု ကျိုက်မရောဒေသခံတစ်ဦးက ပြောသည်။

လက်ရှိတွင် ရေဘေးသင့်ပြည်သူ ၄၀၀ ကျော်ကို ကျိုက်မရောမြို့ပေါ်တွင် ယာယီဖွင့်လှစ်ထားသည့် ကယ်ဆယ် ရေးစခန်းနှင့် ချောင်းနှစ်ခွ၊ ဦးလေး၊ အတ္ထရံ၊ ရေပူကော့စပ်၊ လှာကဇိုင်း၊ ငပြေမကျေးရွာတို့ရှိ ဘုန်းကြီးကျောင်း များနှင့် နေအိမ်အချို့တွင် ယာယီပြောင်းရွှေ့ နေရာချထားပေးထားသည်။

ရေကြီးနစ်မြုပ်မှုကြောင့် ကျိုက်မရောမြို့နယ်အတွင်းရှိ စာသင်ကျောင်းပေါင်း ၂၀ ကျော်ကိုလည်း ပိတ်ထားရ သည်။

ရေဘေးသင့်ပြည်သူများကို လူမှုကယ်ဆယ်ရေးအဖွဲ့များနှင့် အလှူရှင်များက သောက်သုံးရေ၊ အစားအသောက် နှင့် ထမင်းထုပ်များ လာရောက်လှူဒါန်းပေးနေသော်လည်း အချို့အလှူရှင် မရောက်ရှိသေးသည့် ကျေးရွာများ လည်း ရှိနေသေးသည်။

ရေကြီးနစ်မြုပ်သည့်ရက် ကြာမြင့်လာသည်နှင့်အမျှ သောက်သုံးရေ၊ အစားအသောက်နှင့် ဆေးဝါးများ အရေး ပေါ် လိုအပ်လျက်ရှိကြောင်း ဒေသခံများက ပြောသည်။

မွန်ပြည်အတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မော်လမြိုင်၊ ဘီးလင်း၊ သံဖြူဇရပ်၊ ကျိုက်ထို၊ ချောင်းဆုံ၊ မုဒုံ၊ ကျိုက်မရော၊ ရေးမြို့နယ်များရှိ ရပ်ကွက်၊ ကျေးရွာများတွင် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့သော်လည်း လက်ရှိ၌ ပြည်နယ်အတွင်း နေရာအများစုတွင် ရေပြန်ကျသွားပြီဖြစ်သည်။

သို့သော် ကျိုက်မရောမြို့နယ်အတွင်း၌မူ ရေပြန်မကျသည့်အပြင် ရေနေ့စဉ် ဆက်လက်တိုးမြင့်နေသည့် အနေ အထားတွင် ရှိနေသည်။

August 31, 2026
စစ်အုပ်စုတပ်၏ စစ်မှုထမ်းဥပဒေကြောင့် ပေါ်ပေါက်လာသည့် စစ်မှုထမ်းကြေး ကောက်ခံမှုသည် မွန်နှင့် ကရင်...
August 28, 2026
မွန်ပြည်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့မှ ကျောင်းသားလူငယ် လေးဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (...
August 28, 2026
အရပ်သား အစိုးရထံမှ အာဏာသိမ်းယူခဲ့သည့် စစ်အုပ်စုသည် ၅ နှစ်ကျော်အကြာတွင် အရပ်သားအသွင် ပြောင်းလဲ...
August 28, 2026
မွန်ပြည်၊ ကျိုက်မရောမြို့နယ်အတွင်း ရေကြီးရေလျှံမှုကြောင့် အခြေခံပညာ စာသင်ကျောင်းပေါင်း ၂၀ ကျော်...