ရေးဘီလူးအဖွဲ့ စာမျက်နှာကို စစ်အုပ်စု စောင့်ကြည့်ဖမ်းဆီးမှုများ ပြုလုပ်နေ

ရေးဘီလူးအဖွဲ့ စာမျက်နှာကို စစ်အုပ်စု စောင့်ကြည့်ဖမ်းဆီးမှုများ ပြုလုပ်နေ
ဓာတ်ပုံ - Crd
ဓာတ်ပုံ - Crd

စစ်အုပ်စုတပ်သည် ရေးဘီလူးအဖွဲ့၏ လူမှုကွန်ရက်စာမျက်နှာကို အဓိက ပစ်မှတ်ထား စောင့်ကြည့်ပြီး လွတ် လပ်စွာ ထုတ်ဖော်ပြောဆိုသူများကို ယခု ဩဂုတ်လအတွင်း ဆက်တိုက် ဖမ်းဆီးမှုများ ပြုလုပ်လျက်ရှိသည်။

ဩဂုတ်လအတွင်း ရေးဘီလူး စာမျက်နှာရှိ ပို့စ်များအောက်၌ မှတ်ချက် (Comment) ဝင်ရောက်ရေးသားသူနှင့် တုံ့ပြန်မှု (React) ပေးထားသူ မုဒုံ၊ သံဖြူဇရပ်နှင့် ရေးမြို့နယ်တို့မှ ဒေသခံ ၃ ဦး ဖမ်းဆီးခံထားရသည်။

စစ်အုပ်စုတပ်သည် နေအိမ်များအထိ ဝင်ရောက်ဖမ်းဆီးခြင်းအပြင် လမ်းမများပေါ်တွင်ပါ စောင့်ဆိုင်းဖမ်းဆီးမှု များ ပြုလုပ်နေပြီး ဖမ်းဆီးခံရသူများကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂-က ဖြင့် အမှုဖွင့်ထား သည်။

ဩဂုတ်လ ၂၃ ရက်ကလည်း ရေးဘီလူး ပို့စ်တွင် React ပေးခဲ့သည်ဟုဆိုကာ မော့ကနင်အခြေစိုက် ခလရ - ၁၀၆ တပ်ရင်းမှ စစ်အုပ်စုတပ်ဖွဲ့ဝင်များသည် မော့ကနင်ရွာခံ အမျိုးသမီးတစ်ဦးကို နေအိမ်အထိ အင်အားအလုံး အရင်းဖြင့် ဝင်ရောက်ဖမ်းဆီးသွားခဲ့သည်။

ရေးဒေသခံ အမျိုးသားတစ်ဦးက “ဖမ်းတုန်းက ရေးဘီလူးပိုစ့်မှာ အသည်းပေးလား comment လားမသိဘူး အဲ့ဒါ လုပ်လို့ဆိုပြီး ဖမ်းသွားတာပဲ ထောင်ချမယ်လို့လည်း ပြောတယ်။ အိမ်မှရှိနေတဲ့ သူတွေကိုလည်း စစ်တယ်။ တစ်အိမ်လုံးကို မွှေသွားတာ” ဟု ပြောသည်။

စစ်အုပ်စုတပ်သည် ဝင်ရောက်ဖမ်းဆီးစဉ် နေအိမ်ကို မွှေနှောက်ရှာဖွေခဲ့ပြီး အဆိုပါ အမျိုးသမီး၏ လက်ကိုင်ဖုန်း နှင့် ဖခင်ဖြစ်သူ၏ ဖုန်းအပါအဝင် ဖုန်းနှစ်လုံးနှင့် အိမ်တွင်းရှိ တန်ဖိုးကြီးပစ္စည်းများကိုပါ ယူဆောင်သွားကြ သည်။

စစ်အုပ်စုသည် ရေးဘီလူး စာမျက်နှာတွင် ဝင်ရောက်မှတ်ချက် ရေးသားမှုဖြင့် ဖမ်းဆီးထားသူများကို တပ်ရင်း များ၌ စစ်ဆေးပြီးနောက် သက်ဆိုင်ရာ ရဲစခန်းများတွင် အမြန်ဆုံး အမှုဖွင့် အရေးယူမှုများ ပြုလုပ်လျက်ရှိသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မွန်ပြည်နယ်အတွင်း လူမှုကွန်ရက်ပေါ်၌ စစ်အုပ်စုကို ဝေဖန်ရေးသားသူများ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် တော်လှန်ရေးအင်အားစု များကို အားပေးထောက်ခံသည့် စာများ ရေးသားဖြန့်ဝေသူများကို စစ်အုပ်စုတပ်က ဆက်တိုက် ဖမ်းဆီးခဲ့သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ဩဂုတ်လ ၂၄ ရက်နေ့ ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံရေးအကြောင်းပြချက်ဖြင့် ဖမ်းဆီးခံရသူ ၃၁,၈၁၅ ဦးရှိပြီး ၁၄,၇၃၈ ဦးမှာ ထိန်းသိမ်းခံထားရဆဲ ဖြစ်သည်။

August 28, 2026
မွန်ပြည်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့မှ ကျောင်းသားလူငယ် လေးဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (...
August 28, 2026
အရပ်သား အစိုးရထံမှ အာဏာသိမ်းယူခဲ့သည့် စစ်အုပ်စုသည် ၅ နှစ်ကျော်အကြာတွင် အရပ်သားအသွင် ပြောင်းလဲ...
August 28, 2026
မွန်ပြည်၊ ကျိုက်မရောမြို့နယ်အတွင်း ရေကြီးရေလျှံမှုကြောင့် အခြေခံပညာ စာသင်ကျောင်းပေါင်း ၂၀ ကျော်...
August 26, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ထားဝယ်ရေနက်ဆိပ်ကမ်းအနီးရှိ ကျေးရွာများမှ စစ်အုပ်စုတပ်...