ကိုဗစ်ကုသစင်တာများ ကျန်းမာရေးဝန်ထမ်း မလုံလောက်သည့် စိန်ခေါ်မှုရှိနေ

ကိုဗစ်ကုသစင်တာများ ကျန်းမာရေးဝန်ထမ်း မလုံလောက်သည့် စိန်ခေါ်မှုရှိနေ
ပရိယတ္တိဓမ္မ ဗိမ္မာန်တော်ကြီး Isolation Ward (BoBo Win)
ပရိယတ္တိဓမ္မ ဗိမ္မာန်တော်ကြီး Isolation Ward (BoBo Win)

မွန်ပြည်နယ်အတွင်းရှိ ကိုဗစ်အတည်ပြုလူနာများကို ဆေးကုသပေးနေသည့် စင်တာများတွင် ကျန်းမာရေးဝန်ထမ်းအင်အား ၆၅ ရာခိုင်နှုန်းဖြင့်သာ လူနာများ ကုသနေရသည့်အနေအထားမှာ မလုံလောက်သည့် စိန်ခေါ်မှုရှိနေနေကြောင်း ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရသည်။

ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ကိုဗစ်ကာကွယ်ဆေးထိုးပြီးဖြစ်သော်လည်း အတည်ပြုလူနာများနှင့် တိုက်ရိုက်ထိတွေ့ ကုသပေးနေရသောကြောင့် ကူးစက်ခံရမှုများရှိနေကြောင်း မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါက်တာနန္ဒဝင်းက ပြောသည်။

"Positive ဖြစ်လာတဲ့အခါမှာတော့ အနားပေးလိုက်ရတဲ့အခါမျိုးမှာ ဝန်ထမ်းအင်အားတွေ မလုံလောက်မှုတွေ ရှိလာပါတယ်။ အဲဒါကတော့ ဆရာတို့ရဲ့ စိန်ခေါ်မှုတွေပဲဖြစ်ပါတယ်" ဟု ဒေါက်တာနန္ဒဝင်းက ပြောသည်။

လက်ရှိကုသနေရဆဲ ကိုဗစ်အတည်ပြုလူနာ ၂၀၀၀ ကျော်ရှိသည့်အနက် ၁၃၄ ဦးသည် ကိုဗစ်ကာကွယ်ဆေးထိုးထားပြီး ရောဂါကူးစက်ခံရသူများ ဖြစ်ကြောင်း၊ သို့ရာတွင် ကိုဗစ်ကာကွယ်ဆေးထိုးထားပြီးသား Positive ဖြစ်သည့် ကျန်းမာရေးဝန်ထမ်းများမှာ အသက်အန္တရာယ် စိုးရိမ်ရသည့်အနေအထားမရှိဘဲ ပြန်လည်ကောင်းမွန်လာကြောင်း ၄င်းက ဆက်ပြောသည်။

မော်လမြိုင်မှ စေတနာဝန်ထမ်း ဆရာဝန်တစ်ဦးက "လူနာတွေကလည်း အရမ်းများလာတော့ ဝန်နဲ့အားနဲ့က မမျှ‌တော့ဘူး။ ဝန်ထမ်းအင်အား မလုံလောက်တော့ဘူးပေါ့။ ဖြစ်တဲ့သူတွေကလည်း အရမ်းများလာတယ်" ဟု ပြောသည်။

ကိုဗစ်ကုသစင်တာများကို ထပ်မံတိုးချဲ့ ဖွင့်လှစ်ထားသော်လည်း လူနာလည်းပိုမိုများပြားလာပြီး ဝန်ထမ်းအင်အား လိုအပ်နေဆဲဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။

မွန်ပြည်နယ်တွင် ယခုနှစ် ဇွန်လမှ ဇူလိုင်လ ၂၀ ရက်အထိ ကိုဗစ်အတည်ပြုလူနာ ၄၃၆၇ ဦးရှိခဲ့ပြီး သေဆုံးသူ ၁၉၈ ဦးထိရှိလာပြီဖြစ်ကြောင်း ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရသည်။

March 2, 2026
မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောၚ်အသီးသီးက အကျဉ်းသား အကျဉ်းသူ ၁၆၀ ကျော် ပြန်လွတ်လာပြီး...
ပုံ- IMNA
February 28, 2026
တော်လှန်ရေးကာလတစ်လျှောက်တွင် အမျိုးသမီးများ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးရာကဏ္ဍများ၌...
ပုံ-Facebook
February 26, 2026
တက္ကသိုလ်ဝင်တန်းစာမေးပွဲ နီးကပ်လာသည့်အပြင် လက်ရှိမူလတန်းနှင့် အလယ်တန်းပြီးမြောက်ကြောင်း...
February 25, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့အဝင်အထွက်ရှိ ဝယ်သွန်ချောင်းလမ်းဝဂိတ်(ခ) ပငဂိတ်၌...