NLD CEC ဦးဉာဏ်ဝင်း ကွယ်လွန်သည့်အပေါ် SNLD ဝမ်းနည်းကြောင်း သဝဏ်လွှာပို့

NLD CEC ဦးဉာဏ်ဝင်း ကွယ်လွန်သည့်အပေါ် SNLD ဝမ်းနည်းကြောင်း သဝဏ်လွှာပို့

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD-CEC) ဗဟိုအလုပ်မှုဆောင် ဦးဉာဏ်ဝင်း ကွယ်လွန်သွားသည့်အပေါ် သက်ဆိုင်ရာမိသားစုဝင်များနှင့်အတူ ဝမ်းနည်းကြောင်း ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) က သဏ်လွှာပေးပို့ခဲ့သည်။

အင်းစိန်ထောင်အတွင်း ဖမ်းဆီးထိန်းသိမ်းခံထားရသော NLD ဗဟိုအလုပ်အမှုဆောင် ဦးဉာဏ်ဝင်းသည် ယနေ့ ဇူလိုင် ၂၀ ရက် နံနက် ၉ နာရီခန့်က ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ကွယ်လွန်သွားခြင်းဖြစ်သည်။

“ကွယ်လွန်သွားတာ စိတ်မကောင်းဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့နဲ့ကျနော် နှစ်ပေါင်းတော်တော်လေးကြာတယ် အတူတူ အလုပ်လုပ်ခဲ့ကြတာ။ အခု မထင်မှတ်ဘဲ အဲလိုဖြစ်သွားတာ။ အမှန်တော့ အကျဉ်းထောင်မှာ အဲလိုဖြစ်တယ်ဆိုတာ သူတို့ဘက်က တာဝန်ရှိတာပေါ့နော်။ အဲလိုမဖြစ်အောင် သူတို့ တာဝန်ယူပေးဖို့ လိုတာပေါ့။ ဒါပေမယ့် မဖြစ်ခဲ့ဘူး။ ဒါမျိုး တခြားလူတွေရော လာဦးမလားမသိတော့ဘူး။ တခြား အလုပ်မှုဆောင်ထဲမှာ ကူးစက်ခံရတဲ့လူတွေ ရှိနေတယ်လို့ ကြားရတယ်” ဟု SNLD ဥက္ကဌ စိုင်းညွန့်လွင်က ပြောသည်။

ဦးဥာဏ်ဝင်းကွယ်လွန်ချိန်တွင် အသက် ၇၉ နှစ်ရှိပြီဖြစ်ကာ ဆီးချိုနှင့် သွေးဝမ်းသွားရောဂါအခံရှိသလို ကိုဗစ်-၁၉ ကူးစက်ခံရသည့်အတွက် ဇူလိုင် ၁၁ ရက်နေ့မှစတင်၍ အင်းစိန်ထောင်မှ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းကုသနေရခြင်းဖြစ်သည်။

“ဟိုးအရင်ကတည်းက ကျနော်တို့ တရားစွဲခံရတဲ့အချိန်မှာ ကျနော်တို့ အမှုလိုက်ပေးတာပါ။ အယူခံတက်တာပေါ့နော် အယူခံတက်တဲ့အမှုအားလုံး၊ သူနဲ့ကျနော်နဲ့ အခုနောက်ပိုင်းမှာလည်း တော်တော်လေး အဝင်/အထွက်ရှိတယ်။ ပြောမယ်ဆိုရင် NLD ရဲ့ CEC ထဲမှာ ကျနော်နဲ့ ခင်မင်မှုအများဆုံးကတော့ ဦးဉာဏ်ဝင်းပဲဖြစ်တယ်။ ကျနော်တို့အပြင် ပါတီထဲက တော်တော်များများနဲ့လည်း သူတော်တော်များများနဲ့ ခင်ကြပါတယ်။ အခုလိုဖြစ်သွားတော့ စိတ်မကောင်းဘူးပေါဗျာ” ဟု စိုင်းညွန့်လွင်က ပြောသည်။

စစ်တပ်မှ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးနောက် NLD ပါတီခေါင်းဆောင်များကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး တရားစွဲဆိုမှုများ ပြုလုပ်ခဲ့ရာ NLD ဗဟိုကော်မတီဝင်တဦးဖြစ်သည့် ဦးဉာဏ်ဝင်းကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုထားသည်။

Most read this week

Photo credit - social media
December 17, 2025
မွန်ပြည်နယ်မှာ စစ်မှုထမ်းဥပဒေအရဟုဆိုကာ လူငယ်များအား အဓမ္မတပ်သားသစ်စုဆောင်း၍ သင်တန်းပေးနေသည်မှာ...
Photo credit - CJ
December 16, 2025
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဂျိုင်းမြစ်အတွင်း စစ်ကော်မရှင်အဖွဲ့၏ ပစ်ခတ်ခံရမှုကြောင့် ရေထဲမျောပါ...
December 9, 2025
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် စစ်ကော်မရှင်ဆောက်လုပ်ရန်ပြင်ဆင်နေသည့်...
December 8, 2025
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကလိုင်ပဒေါကျေးရွာအရှေ့ဘက်ရှိ တောင်ပေါ်ဘုရားတွင်...