ကိုဖိုးသားကို ၅၀၅ (ခ) ဖြင့် မတရားဖမ်းဆီးခြင်း ဖြစ်သည်ဟု ရခိုင်လူငယ်အဖွဲ့ ဥက္ကဋ္ဌဆို

ကိုဖိုးသားကို ၅၀၅ (ခ) ဖြင့် မတရားဖမ်းဆီးခြင်း ဖြစ်သည်ဟု ရခိုင်လူငယ်အဖွဲ့ ဥက္ကဋ္ဌဆို
by -
နိရဥ္စရာ
ရန်ကုန်အခြေစိုက် ရခိုင်လူငယ်အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံနှင့် အတွင်းရေးမှူး ကိုဖိုးသားကို ၂၀၁၆ ခုနှစ် ဧပြီလတွင် မူဆလင်အသိုင်းအဝိုင်း ဆိုသည့်ဝေါဟာရကို ကန့်ကွက်ဆန္ဒပြရာတွင် ဦးဆောင် ပါ၀င်ခဲ့မှုအတွက် ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ) တပ်၍ ဖမ်းဆီးလိုက်ခြင်းသည် မတရား ဖမ်းဆီးခြင်းဖြစ်သည်ဟု ရခိုင်လူငယ်အဖွဲ့ ဥက္ကဋ္ဌက ပြောသည်။

njr2501ယနေ့ မေလ ၂၄ ရက်နေ့ နံနက်က ရန်ကုန်တိုင်း ဗဟန်းမြို့နယ် တရားရုံးတွင် အဆိုပါ အမှုဖြင့် တတိယ အကြိမ်မြောက် အမှုကို ရင်ဆိုင်ရန် လာရောက်စဉ် နံနက် ၁၁ နာရီ ၅ မိနစ်တွင် ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။

“သူ့ကို ပထမ ငြိမ်းစုစီနဲ့ စစွဲပါတယ်။ ငြိမ်းစုစီနဲ့ စစွဲပြီးတော့ ၁၀ လလောက်ကြာပြီးမှ ၅၀၅ (ခ) နဲ့ ထပ်စွဲတာဖြစ်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ကတော့ ဒီလိုမျိုး ဖမ်းဆီးတာဟာ မတရား ဖမ်းဆီးတယ်လို့ မြင်ပါတယ်။ ၅၀၅ (ခ) ဆိုတာကတော့ အများပြည်သူ ဆူပူမှုဖြစ်အောင် သွယ်ဝိုက်ပြီးဖြစ်စေ တိုက်ရိုက်ဖြစ်စေ လှုံ့ဆော်တဲ့ကိစ္စကိုမှ စွဲလို့ရပါတယ်။ သူတို့ ဆန္ဒပြပြီးတဲ့နောက်ပိုင်း နာရီပေါင်း ၁၂၀ အတွင်းမှာ သူတို့ ဆန္ဒပြမှုနဲ့ ဆက်စပ်ပြီး တစ်စုံတစ်ရာ ဆူပူမှု မဖြစ်ပွားခဲ့ပါဘူး”ဟု ရခိုင်လူငယ်အဖွဲ့ ဥက္ကဋ္ဌ ကိုမောင်လေးက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

ယင်းကဲ့သို့ ဆူပူမှု တစ်စုံတစ်ရာ ဖြစ်ပွားခဲ့မှု မရှိသောကြောင့် ၅၀၅ (ခ) ပုဒ်မနှင့် စွဲခြင်းသည် ပုဒ်မကို မတရားတပ်ခြင်းဟု မြင်ကြောင်း ပြောကြားသည်။

“၅၀၅ (ခ) နဲ့ ဒုတိယ ရုံးချိန်းမှာ ခံဝန်ချက်ပေးခဲ့ပါတယ်။ ဒါပေမယ့် တတိယ ရုံးချိန်းမှာ ခံဝန်ချက်ကို ရုပ်သိမ်းပြီးတော့ ဖမ်းဆီးလိုက်တယ်ဆိုတာဟာ တရားစီရင်ရေးကို အပေါ် အုပ်ချုပ်ရေးပိုင်းက ဖိအားပေးပြီးတော့ လုပ်တဲ့အကွက်လို့ ကျွန်တော်တို့ အနေနဲ့ တထစ်ကျ သုံးသပ်ပါတယ်”ဟု ကိုမောင်လေးက ပြောသည်။

၅၀၅ (ခ) အမှုသည် အာမခံချက် ပေး၍ မရသည့် အမှုဖြစ်ကြောင်း၊ တရားသူကြီးက အာမခံချက်ပေးပြီးမှ အာမခံချက်ကို ရုပ်သိမ်းပြီး ဖမ်းဆီးလိုက်ခြင်းသည် မတရားသည့် လုပ်ရပ်ဖြစ်သည်ဟု ဆိုသည်။

ရခိုင်လူငယ်အဖွဲ့အနေဖြင့် ကိုဖိုးသား လွတ်မြောက်ရေးအတွက် တရားဥပဒေဘောင်တွင်းမှ မတရားမှု ပေါ်လွင်အောင် အတတ်နိုင်ဆုံး ရဲရဲဝံ့ဝံ့ ရင်ဆိုင်သွားမည်ဖြစ်ပြီး၊ ရန်ကုန်အခြေစိုက် ရခိုင်အဖွဲ့အစည်းများနှင့် ချိတ်ဆက် ဆောင်ရွက်သည်မည်ဟု အဖွဲ့ဥက္ကဋ္ဌက ပြောသည်။

May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...