ပြည်နယ်အခွန်ဦးစီးဌာနမှ ဝန်ထမ်း၂ဦးထံတွင် ကိုဗစ်ပိုးတွေ့ရှိ၊ ပိုးတွေ့သူ ၅ ဦးအထိ ရှိလာ

ပြည်နယ်အခွန်ဦးစီးဌာနမှ ဝန်ထမ်း၂ဦးထံတွင် ကိုဗစ်ပိုးတွေ့ရှိ၊ ပိုးတွေ့သူ ၅ ဦးအထိ ရှိလာ

ကရင်နီ (ကယား) ပြည်နယ် လွိုင်ကော်မြို့ မင်းစုရပ်ကွက်ရှိ ပြည်နယ်အခွန်ဦးစီးဌာနရုံးဝန်းမှ အသက် ၂၀ ကျော် အမျိုးသားဝန်ထမ်းနှစ်ဦးထံမှာ ကိုဗစ်ပိုးတွေ့ရှိပြီး ပိုးတွေ့သူ ၅ ဦးအထိရှိလာတယ်လို့ သိရပါတယ်။

“လွိုင်ကော်ပြည်သူ့ဆေးရုံကြီးတွင် covid-19 ပိုးတွေ့လူနာ (၅) ဦးရှိပြီဖြစ်ပါသည်။ မိဘပြည်သူများအားလုံး မိမိကစ၍ ကာကွယ်ကြပါရန် ချစ်ခင်လေးစားစွာ တိုက်တွန်းအပ်ပါသည်” လို့ လွိုင်ကော်ပြည်သူ့ဆေးရုံကြီးရဲ့ လူမှုစာမျက်နှာမှာ ဇူလိုင်လ ၅ ရက်နေ့ ညပိုင်းမှာ တိုက်တွန်း ဖော်ပြထားပါတယ်။

အဆိုပါ ပိုးတွေ့ရှိသူနှစ်ဦးမှာ ဇူလိုင်လ ၅ ရက်နေ့မှာ ဖျားနာပြီး အနံ့ပျောက်တာကြောင့် ညနေပိုင်းမှာ လွိုင်ကော်ပြည်သူ့ဆေးရုံကြီးမှာ သွားရောက်ပြသရာမှ ကိုဗစ်ပိုးတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

၎င်းတို့နှစ်ဦးအနက် တစ်ဦးမှာ ဇွန်လအတွင်းက လွိုင်ကော်မြို့ကနေ ရန်ကုန်မြို့ကို ခရီးသွားရာဇဝင်ရှိခဲ့ပြီး ကျန်တစ်ဦးမှာ ပဲခူးတိုင်းဒေသကြီးကို သွားရောက်ခဲ့တဲ့ ရာဇဝင်ရှိကြောင်းသိရပြီး ဇူလိုင်လ ၂ ရက်နေ့မှာ ရန်ကုန်မြို့မှ လွိုင်ကော်မြို့သို့ လေယာဥ်ဖြင့် ပြန်လည်ရောက်ရှိလာတယ်လို့ သိရပါတယ်။

လွိုင်ကော်မြို့ကို ပြန်လည်ရောက်ရှိလာပြီး မင်းစုရပ်ကွက်ရှိ ပြည်နယ်အခွန်ဦးစီးဌာနရုံးဝန်းမှာ နေထိုင်ခဲ့ကြောင်းနဲ့ ဆေးခန်းပြတဲ့အချိန်ထိ အပြင်သို့သွားလာခြင်းမရှိဘဲနဲ့ ရုံးဝန်းအတွင်းသာ နေထိုင်ကြောင်း သိရပါတယ်။

ခရီးမှပြန်ရောက်ပြီး ၂ ရက်အကြာမှာ စတင်ဖျားနာ၊ အနံ့ပျောက်တာကြောင့် လွိုင်ကော်ဆေးရုံကြီးမှာ သွားရောက်ဆေးစစ်ရာမှ ပိုးတွေ့ရှိခဲ့ခြင်းဖြစ်ပါတယ်။

အဆိုပါပိုးတွေ့ရှိသူနှစ်ဦးကို လွိုင်ကော်ပြည်သူ့ဆေးရုံကြီးရဲ့ ကိုဗစ်သီးသန့်ကုသဆောင်မှာ ကြပ်မတ်ကုသပေးလျက်ရှိနေပြီး ၎င်းတို့ရဲ့ ကျန်းမာရေးအခြေအနေ ကောင်းမွန်လျက်ရှိကြောင်းနဲ့ ၎င်းတို့နဲ့ ထိတွေ့ဆက်စပ်ခဲ့တဲ့ ပြည်နယ်အခွန်ဦးစီးဌာနရုံးမှ ဝန်းထမ်းတွေနဲ့ မိသားစုဝင်တွေကို Home Stay နေထိုင်ရေး ဆောင်ရွက်ထားရှိတယ်လို့ သိရပါတယ်။

ကရင်နီပြည်နယ်အတွင်း ကိုဗစ်တတိယလှိုင်းမှာ ကိုဗစ်ပိုးတွေ့ရှိသူ ၅ ဦးအထိ ရှိလာပြီဖြစ်တဲ့အတွက် မိမိကစ၍ကာကွယ်ကြဖို့ လွိုင်ကော်ဆေးရုံကြီးက တိုက်တွန်းထားပါတယ်။

 
 

 

 

Most read this week

December 23, 2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်ကော်မရှင်ကနေ ပြုလုပ်မဲ့ တရားမဝင်/အတုအယောင် ရွေးကောက်ပွဲဟာ...
December 19, 2025
ကရင်နီပြည်သူလူထု၊ တပ်ပေါင်းစုံတပ်ဖွဲ့ဝင်တွေ၊ ကရင်နီလူမှု အဖွဲ့အစည်းတွေကို ဒီဇင်ဘာလ (၁၉)...
December 16, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာတရွာအနီးမှာ စပါးသိမ်းယူနေတဲ့ စစ်ဘေးရှောင်တွေကို...