ဇူလိုင်လ ၄ ရက်နေ့ညက သေနတ်ပစ်ခံရသည့်အမျိုးသား သေဆုံး

ဇူလိုင်လ ၄ ရက်နေ့ညက သေနတ်ပစ်ခံရသည့်အမျိုးသား သေဆုံး

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ လောဓမ္မရပ်ကွက်မှာ ယမန်နေ့ (ဇူလိုင်လ ၄ ရက်နေ့) ည ၈ နာရီဝန်းကျင်အချိန်မှာ သေနတ်ပစ်ခံရတဲ့ အမျိုးသားတစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံပြောကြားချက်အရ သိရပါတယ်။

“အိမ်ထဲကနေ ပစ်ခံရတာလား အပြင်ရောက်နေလို့ ပစ်ခံရတာလား အဲလိုတော့မသိဘူး ကျတော်တို့လည်း အိမ်ထဲမှာပဲနေတော့ ဒါပေမယ့် သေနတ်ပစ်သံတော့ကြားလိုက်တယ်။ နောက်တော့ ဖေ့ဘွတ်မှာ တန်းတက်လာတာပဲ ဦးလေးတစ်ယောက် အပစ်ခံရတယ် စိုးရိမ်ရတယ်ပေါ့။ မကြာခင်မှာပဲ လူနာတင်ယာဉ်လာတယ် ဆေးရုံခေါ်သွားတာထင်တယ်။ နောက်ဆုံးကြားတာကတော့ သေနတ်ပစ်ခံရတဲ့ဦးလေးက သေသွားတယ်လို့ကြားတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အဆိုပါအမျိုးသားကို မည်သူမည်ဝါမှန်းမသိတဲ့သူများမှ သေနတ်ဖြင့် လာရောက်ပစ်သွားတာဖြစ်ပြီး ကျောမှာ သေနတ်ကျည်ထိမှန်ကာ စိုးရိမ်ရတာကြောင့် ဆေးရုံပို့ဆောင်ခဲ့ပေမယ့် တစ်နာရီကျော်အကြာမှာ သေဆုံးသွားတယ်လို့ သိရပါတယ်။

သေနတ်ပစ်ခတ်မှုအပြီး လွိုင်ကော်မြို့တွင်းနဲ့ လောဓမ္မရပ်ကွက်မှာ စစ်သား၊ ရဲတွေရောက်ရှိလာပြီး စစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

 
 

 

 

May 7, 2026
ဧပြီလအကုန် မေလအစမှာ ဓာတ်ဆီဈေးတွေ အနည်းငယ် ပြန်လည်ကျလာတာကြာင့် ကရင်နီပြည်၊...
May 5, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်ထဲက စစ်ဘေးရှောင်တချို့ဟာ ဆေးဝါးမလုံလောက်မှု၊...
May 4, 2026
ထိုင်း-ကရင်နီနယ်စပ်က ကရင်နီဒုက္ခသည်စခန်းအမှတ်(၁)မှာ ဧပြီလ ဒုတိယပတ်ကစပြီး ဝက်နာမကျန်းမှု...
May 2, 2026
ကရင်နီပြည်မှာ စစ်အုပ်စုရဲ့ တိုက်ခိုက်မှုတွေကြောင့် ဧပြီလအတွင်း ပြည်သူ ၅ ဦးသေဆုံးခဲ့တယ်လို့...