စစ်အာဏာသိမ်းပြီးနောက် ကရင်နီပြည်နယ်မှာ တိုက်ပွဲပေါင်း (၂၇) ကြိမ်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၇၆ ဦးအထိရှိလာ

စစ်အာဏာသိမ်းပြီးနောက် ကရင်နီပြည်နယ်မှာ တိုက်ပွဲပေါင်း (၂၇) ကြိမ်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၇၆ ဦးအထိရှိလာ

စစ်အာဏာသိမ်းပြီးနောက် ကရင်နီပြည်နယ်အတွင်းမှာ မေလ ၂၁ ရက်နေ့မှစပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ တိုက်ပွဲပေါင်း (၂၇) ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီရဲ့ပစ်ခတ်မှုကြေင့် သေဆုံးခဲ့ရတဲ့ ပြည်သူ ၆၃ ဦးနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (၁၃) ဦး ကျဆုံးခဲ့ရပြီး စုစုပေါင်းသေဆုံးသူ ၇၆ ဦးထိ ရှိလာပြီဖြစ်ကြောင်း တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) မှ ဇူလိုင်လ ၁ ရက်နေ့မှာ ထုတ်ပြန်ထားတဲ့မှတ်တမ်းအရ သိရပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်မှ အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်စနစ်အလိုမရှိတဲ့အကြောင်း ဆန္ဒထုတ်ဖော်ရာမှ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရတဲ့ ပြည်သူအပါအဝင် စစ်ကောင်စီမှ လမ်းသွားလမ်းလာပြည်သူကို အကြောင်းမဲ့ပစ်ခတ်မှုကြောင့် အများစုသေဆုံးခဲ့ရပြီး ရိက္ခာပြန်သယ်တဲ့ ကျေးရွာသားကိုပစ်သတ်တာ၊ စစ်ဘေးရှောင်တွေကို ကူညီကယ်ဆယ်သူတွေကို ပစ်သတ်မှုအပြင် စစ်ရှောင်စခန်းမှာ ဆေးဝါးမလုံလောက်တဲ့အတွက် သေဆုံးခဲ့ရတဲ့ ကလေးတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

နှစ်ဖက်တိုက်ပွဲကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၃ ဦးကျဆုံးခဲ့ရပြီး စစ်ကောင်စီတပ်မှ ၂၀၀ ကျော် သေဆုံးခဲ့တယ်လို့ PKPF က ထုတ်ပြန်ထားပါတယ်။

တိုက်ပွဲဖြစ်ပွားရတဲ့အကြောင်းအရင်းမှာ စစ်ကောင်စီတပ်မှ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ကေအဲန်ပီပီနယ်မြေကို ကျူးကျော်မှုကြောင့် ပစ်ခတ်ခြင်း၊ စစ်ကောင်စီမှ ရပ်ကွက်ကျေးရွာအထိ ကျူးကျော်ပစ်ခတ်နေမှုကြောင့် ပြည်သူ့ကာကွယ်ရေးတပ်မှ စတင်ခုခံတော်လှန်တိုက်ခိုက်ခြင်း၊ စစ်ကောင်စီတပ်စွဲနေရာကို PDF မှ ဝင်ရောက်တိုက်ခိုက်ခြင်း၊ စစ်ကောင်စီဖက်မှ စစ်ကူပို့ရာတွင် ကြားဖြတ်တိုက်ခိုက်ခြင်း၊ နှစ်ဖက်အပြန်အလှန် တိုက်ခိုက်ခြင်း၊ စစ်ကောင်စီမှ စစ်ကြောင်းလှည့်လည်စဉ် PDF နဲ့တိုက်ပွဲဖြစ်ပွားခြင်း၊ ရဲစခန်းသိမ်းတိုက်ပွဲ၊ နယ်စပ်ဂိတ်ဝင်ရောက်တိုက်ခိုက်ခြင်း၊ စစ်ကောင်စီမှ ထိုးစစ်ဆင်၍ ပြန်လည်ခုခံတိုက်ခိုက်ခြင်း စတဲ့ အကြောင်းအရင်းများကြောင့် တိုက်ပွဲဖြစ်ပွားရခြင်းဖြစ်တယ်လို့ PKPF မှ ပြုစုထားတဲ့အချက်အလက်အရ သိရပါတယ်။

တိုက်ပွဲကြောင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရတဲ့ ကရင်နီစစ်ဘေးရှောင်ပြည်သူ တစ်သိန်းကျော်ရှိပြီး စစ်ကောင်စီမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပျက်စီးခဲ့တဲ့ အိမ်ခြေ ၅၀ ကျော်ရှိလာခဲ့ပါတယ်။

လူငယ်စွမ်းဆောင်ရည်မြှင့်သင်တန်းမှ ပြန်လာတဲ့ လူငယ် ၇၀ ကျော်ကို စစ်သင်တန်းမှ ပြန်လာသူများဟု စစ်ကောင်စီကယူဆကာ ဖမ်းဆီးခံရခြင်း၊ ဆန္ဒထုတ်ဖော်ရာမှ ဖမ်းဆီးခံရခြင်း၊ နေအိမ်ထိ လာရောက်ဖမ်းဆီးခြင်း၊ စစ်ရှောင်ပြည်သူကိုကူညီရင်း ဖမ်းဆီးခံရခြင်း စတဲ့ အကြောင်းရင်းတွေနဲ့ ဖမ်းဆီးခံရတဲ့ပြည်သူ ၁၃၂ ဦးရှိပြီလို့ သိရပါတယ်။

ပြီးခဲ့ ဇွန်လ ၃၀ ရက်နေ့မှာ စစ်ကောင်စီမှ ဖမ်းဆီးထားတဲ့ ပြည်သူတွေထဲမှ ၂၃၀၀ ကျော်ကို ပြန်လွတ်ပေးပြီး ကရင်နီပြည်နယ်မှ ဒေသခံပြည်သူ ၁၁ ဦး ပါဝင်ပါတယ်။

 
 

 

 

Most read this week

December 23, 2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်ကော်မရှင်ကနေ ပြုလုပ်မဲ့ တရားမဝင်/အတုအယောင် ရွေးကောက်ပွဲဟာ...
December 19, 2025
ကရင်နီပြည်သူလူထု၊ တပ်ပေါင်းစုံတပ်ဖွဲ့ဝင်တွေ၊ ကရင်နီလူမှု အဖွဲ့အစည်းတွေကို ဒီဇင်ဘာလ (၁၉)...
December 16, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာတရွာအနီးမှာ စပါးသိမ်းယူနေတဲ့ စစ်ဘေးရှောင်တွေကို...