လွိုင်ကော်မြို့တွင် ကိုဗစ်ပိုး စတင်တွေ့ရှိ

လွိုင်ကော်မြို့တွင် ကိုဗစ်ပိုး စတင်တွေ့ရှိ
ရွှေလွိုင်ကော်ပရဟိတအသင်း
ရွှေလွိုင်ကော်ပရဟိတအသင်း

ဇွန်လ ၂၉ ရက်နေ့မှာ ပင်လောင်းမြို့မှ လွိုင်ကော်မြို့ကိုပြန်လာသူ အမျိုးသမီးတစ်ဦး ကျန်းမာရေးမကောင်းရာမှ လွိုင်ကော်ဆေးရုံကြီးမှာ ဆေးကုသရန် သွားရောက်စစ်ဆေးရာ Covid–19 ပိုး စစ်ဆေးတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါအမျိုးသမီးမှာ ပင်လောင်းမြို့ရှိ ဆွေမျိုးတော်စပ်သူထံ သွားရောက်နေထိုင်ပြီး ဈေးရောင်းတဲ့အလုပ်လုပ်ကိုင်ခဲ့ကာ နေမကောင်းတာကြောင့် ဆေးခန်းပြပေမယ့် မသက်သာတဲ့အတွက် ဇွန်လ ၂၉ ရက်နေ့ လွိုင်ကော်မြို့ကိုပြန်လာပြီး လွိုင်ကော်ဆေးရုံကြီးမှာ စစ်ဆေးစဉ် (Covid Positive) ပိုးတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

ကိုဗစ်ပိုးတွေ့ရှိခဲ့တဲ့ အသက် ၆၁ နှစ်အရွယ် အမျိုးသမီးကို လွိုင်ကော်မြို့ ပြည်သူ့ဆေးရုံကြီးရဲ့ သီးသန့်ဆောင်မှာ ကုသမှုပေးလျက်ရှိတယ်လို့ သိရပါတယ်။ ပိုးတွေ့သူအမျိုသမီးမှာ ပင်လောင်းမြို့မှ ဖယ်ခုံမြို့ထိ ကားငှားစီးပြီး ဒေါတမရပ်ကွက်မှ ဆွေမျိုးတော်စပ်သူက ဖယ်ခုံမှာ လာရောက်ခေါ်ဆောင်ကာ လွိုင်ကော်ဆေးရုံကြီးမှာ သွားရောက်ဆေးကုသရန် သွားခဲ့တယ်လို့ သိရပါတယ်။

ဆေးရုံမှာထိတွေ့ခဲ့တဲ့ ပိုးတွေ့အမျိုးသမီးရဲ့ သားနှစ်ဦးနဲ့ ချွေးမတစ်ဦးတို့ကိုလည်း ညတွင်းချင်း Quarantine ထားရှိခဲ့ပါတယ်။

ဒါ့အပြင် ပိုးတွေ့အမျိုးသမီးကို ဖယ်ခုံမှာ သွားရောက်ခေါ်ဆောင်ကာ ဒေါတမရပ်ကွက် နေအိမ်ပြန်သွားတဲ့ ကားသမားတစ်ဦးနဲ့ မိသားစုဝင် ၄ ဦးကိုလည်း ညပိုင်းမှာ ရွှေလွိုင်ကော်ပရဟိတမှ သွားရောက်ခေါ်ဆောင်ခဲ့ပြီး လက်ရှိမှာ Quarantine ထားရှိကာ ထိတွေ့မိသူအားလုံးကို ကိုဗစ်ပိုးရှိ/မရှိ စစ်ဆေးသွားမယ်လို့ သိရပါတယ်။

Covid–19 ပိုး စတင်ပြန့်ပွားချိန်ကစပြီး ဇန်နဝါရီလ ၃၁ ရက်နေ့အထိ ကရင်နီပြည်နယ်မှာ ပိုးတွေ့လူနာ (၁၁၂) ဦးရှိခဲ့ပြီး အာဏာသိမ်းပြီးနောက် ပထမဆုံး စတင်တွေ့ရှိခဲ့တာဖြစ်ပါတယ်။

 
 

 

 

ဓာတ်ပုံ - Crd
August 26, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ တောင်ယာလုပ်ငန်းခွင် နေရာကို ယမန်နေ့ ဩဂုတ်လ ၂၅ ရက်...
ဓာတ်ပုံ - Crd
August 25, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်း၊ လွိုင်နန်းဖမြို့နယ်အတွင်းရှိ အထက်တန်းကျောင်း...
August 24, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် ရှေ့တန်းတစ်နေရာတွင် ကယ်ဆယ်ရေးတာဝန် ထမ်းဆောင်နေသည့် ကယ်ဆယ်ရေး...
August 22, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ခြမ်းနှင့် အနောက်ဘက်ခြမ်းရှိ နေရာများကို စစ်အုပ်စုတပ်က ယခုရက်...