ပြည်သူတွေကိုကာကွယ်ဖို့ ကရင်နီတပ်မတော် (KA) ဒု-စစ်ဦးစီးချုပ်ပြောကြား

ပြည်သူတွေကိုကာကွယ်ဖို့ ကရင်နီတပ်မတော် (KA) ဒု-စစ်ဦးစီးချုပ်ပြောကြား

ပြည်သူလူထုတွေကိုကာကွယ်ဖို့ ကရင်နီတပ်မတော် (KA) မှ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်အောင်မြတ်က ဇွန်လ ၂၅ ရက်နေ့မှာပြုလုပ်တဲ့ အခြေခံစစ်သင်တန်း အပတ်စဉ် ၇၀ ရဲ့ သင်တန်းဆင်းပွဲမှာ ကရင်နီရဲဘော်တွေကို ပြောကြားသွားတာဖြစ်ပါတယ်။

“ပြည်သူလူထုတွေကို ကာကွယ်ရမှာပေါ့။ လိုအပ်တဲ့နေရာ၊ ကိုယ့်ပြည်သူလူထု၊ ကရင်နီပြည်သူလူထုကို ကာကွယ်ရမှာ ဒါပဲရှိတယ်” လို့ ဗိုလ်ချုပ်အောင်မြတ်က ပြောပါတယ်။

ပြည်တွင်းမှာရှိတဲ့ ပြည်သူလူထုများ အချင်းချင်းစည်းလုံးညီညွတ်ပြီး အမျိုးသားသစ္စာဖောက်တွေ ဝင်လာနိုင်တာကြောင့် သတိထားကြဖို့လည်း သူက ပြောကြားသွားပါတယ်။

“ပြည်တွင်းထဲမှာရှိနေတဲ့ ပြည်သူလူထုကို ပြောချင်တာက စည်းလုံးညီညွတ်ဖို့ပေ့ါ။ အခုဆိုရင် ပြည်သူလူထုထဲမှာ အမျိုးသားသစ္စာဖောက်၊ အချောင်သမားတွေ အများကြီး ဝင်လာတယ်ဆိုတာကို သိရတယ်။ အဲ့ဒါကြောင့် သတိထားကြဖို့ ပြောချင်တယ်” လို့ သူက ဆက်ပြောပါတယ်။

သင်တန်းကို ကရင်နီအမျိုးသားတိုးတက်ရေးပါတီရဲ့ ထိန်းချုပ်ဧရိယာထဲမှာ ပြုလုပ်ခဲ့ပြီး နေရာဒေသအသီးသီးမှ သင်တန်းသားဦးရေ ၁၈၀ ဦးတက်ရောက်ခဲ့ကြပြီး သစ္စာရေသောက်ခဲ့ကြပါတယ်။

ကရင်နီပြည်နယ်မှာ ပြည်သူ့ကာကွယ်ရေးနဲ့တပ်နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ မေလအတွင်းမှစပြီး တိုက်ပွဲပြင်းထန်လာတာကြောင့် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ရတဲ့ ကရင်နီစစ်ရှောင်ဦးရေ တစ်သိန်းကျော်ရှိနေပြီဖြစ်ပါတယ်။

 
 

 

 

ဓာတ်ပုံ - Crd
August 26, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ တောင်ယာလုပ်ငန်းခွင် နေရာကို ယမန်နေ့ ဩဂုတ်လ ၂၅ ရက်...
ဓာတ်ပုံ - Crd
August 25, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်း၊ လွိုင်နန်းဖမြို့နယ်အတွင်းရှိ အထက်တန်းကျောင်း...
August 24, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် ရှေ့တန်းတစ်နေရာတွင် ကယ်ဆယ်ရေးတာဝန် ထမ်းဆောင်နေသည့် ကယ်ဆယ်ရေး...
August 22, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ခြမ်းနှင့် အနောက်ဘက်ခြမ်းရှိ နေရာများကို စစ်အုပ်စုတပ်က ယခုရက်...