ပေါက်တောမြို့နယ်တွင် ၉ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး အဓမ္မပြုကျင့်ခံရ

ပေါက်တောမြို့နယ်တွင် ၉ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး အဓမ္မပြုကျင့်ခံရ
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ပြင်မကျေးရွာမှ အသက် ၉ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး မေလ ၁၉ ရက်နေ့ နံနက် ၁၀ နာရီခွဲခန့်က အဓမ္မပြုကျင့်ခံရသည်ဟု ပေါက်တောမြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက နိရဥ္စရာ သတင်းဌာနသို့ အတည်ပြု ပြောကြားသည်။

njr2001အဓမ္မပြုကျင့်သူမှာ ပေါက်တောမြို့နယ် ကျောက်တောင်ကျေးရွာနေ မောင်ကျော်ဆန်းလှိုင်(ခ) ဆန်းကြီး (၂၀)နှစ် (ဘ) ဦးကျော်ယဉ် ဖြစ်ပြီး၊ အဓမ္မပြုကျင့်ခံရသူမှယ ပြင်ပမကျေးရွာနေ မ—-(ခ) —–မ (၉ )နှစ် —- ဖြစ်ကြောင်း သိရသည်။

မောင်ကျော်ဆန်းလှိုင်သည် ပန်းပဲလုပ်ပြီး အဓမ္မပြုကျင့်ခံရသူ ကလေးမ၏ အစ်ကိုှု သူငယ်ချင်း တစ်ဦးဖြစ်ကာ သူမနေထိုင်သော အိမ်သို့ အမြဲတမ်း လာလည် ၀င်ထွက် သွားလာနေသူတစ်ဦးဖြစ်ကြောင်း သိရသည်။

အခင်းဖြစ်ပွားပုံမှာ သူမနေထိုင်သော အိမ်သို့ မောင်ကျော်ဆန်းလှိုင ်လာလည်စဉ် အိမ်တွင် အမိ အဘ၊ အစ်ကိုတို့ တစ်ဦးမှ မရှိဘဲ သူမတစ်ဦးတည်း အိမ်အောက်တွင် ကစားနေကြောင်း၊ ယင်းသို့ ကစားနေသည်ကို မောင်ကျော်ဆန်းလှိုင်က အိမ်ပေါ်သို့ ခေါ်တင်ပြီး အဓမ္မပြုကျင့်ခဲ့သည်ဟု မ—က ထွက်ဆိုကြောင်း အဆိုပါ ရဲအရာရှိက ပြောသည်။

ကနဦးစစ်ဆေးချက်အရ မောင်ကျော်ဆန်းလှိုင်သည် တစ်ကြိမ်ကျူးလွန်ခဲ့သည်ဟု ၀န်ခံထားကြောင်း၊ အတည်ပြုနိုင်ရန် ဆရာဝန်ဆေးစစ်ချက်ကို ယူရဦးမည်ဖြစ်ကြောင်းနှင့် ပြစ်မှုကျူးလွန်သူကို ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်သွားမည်ဟု ၄င်းက ပြောသည်

May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...