မြန်မာနိုင်ငံအဆင့်မီ Sarcoma စတိုဒီယို ရခိုင်တွင် တည်ထောင် ဖွင့်လှစ်

မြန်မာနိုင်ငံအဆင့်မီ Sarcoma စတိုဒီယို ရခိုင်တွင် တည်ထောင် ဖွင့်လှစ်
by -
နိရဥ္စရာ
Sarcoma Ban တွင် ဗေ့(စ်) ဂီတာ တီးခတ်နေသည့် ကိုရဲမြတ်ကျော်သည် မြန်မာနိုင်ငံအဆင့်မီ Sarcoma စတိုဒီယိုကို ရခိုင်ပြည်နယ် စစ်တွေမြို့ ပြည်တော်သာရပ်ကွက် တိုက်နံပါတ် ၁၄ အခန်း နံပါတ် ၁ တွင် စက်ပစ္စည်းများနှင့် လိုအပ်ပစ္စည်းများကို တပ်ဆင်ပြီး မေလ ၁၅ ရက်နေ့က ဖွင့်လှစ်လိုက်ကြောင်း သိရသည်။

Sarcoma စတိုဒီယိုမှ အသုံးပြုထားသော ဒရမ်နှင့် ဂီတာအပါအဝင် အခြားစက်ပစ္စည်းများသည် ရန်ကုန်တွင် ရှိသည့် စတိုဒီယို အဆင့်မီအောင် ၀ယ်ယူအသုံးပြုထားသည်ဟု သိရသည်။

“ဒီစတိုဒီယိုကို ဖွင့်ရတဲ့ ရည်ရွယ်ချက်က ငွေရေးကြေးရေးထက် ရခိုင်ခွေတွေကို အဆင့်မြှင့်တင် နိုင်ဖို့အတွက် ဖြစ်ပါတယ်။ ရခိုင်ဂီတဟာ လက်ရှိ အခြေအနေမှာ အခြားတိုင်းရင်းသား ခွေတွေနဲ့ နှိုင်းစာလိုက်မယ်ဆိုရင် ကျွန်တော်တို့ဟာ ညံ့တဲ့ အထဲမှာ ပါပါတယ်”ဟု ကိုရဲမြတ်ကျော်က နိရဥ္စရာ သတင်းဌာနသို့ ပြောကြားသည်။

သို့သော် ရခိုင်တို့သည် Music အပိုင်းတွင် မညံ့ကြောင်း၊ အသံဖမ်းသည့် နည်းစနစ်ကောင်းကောင်း ရခိုင်ပြည်နယ်တွင် မရှိ၍ ယင်းသို့ ညံ့သွားရခြင်းဖြစ်ကြောင်း ပြောကြားသည်။

Sarcoma စတိုဒီယို၌ ကိုယ်ပိုင် Sarcoma Band ရှိပြီး၊ အသံသွင်းလိုသူများအနေဖြင့် မည်သည့် Band နှင့်မဆို အသံသွင်းနိုင်ရန် ဆက်သွယ်ဆောင်ရွက်ပေးသွားမည်ဟု ကိုရဲမြတ်ကျော်က ပြောသည်။

Sarcoma စတိုဒီယိုတွင် ဖွင့်သည့်နေ့ မေလ ၁၅ ရက် နေ့၌ပင် ရခိုင်အဆိုတော် ခိုင်မင်းဟိန်းက စတင်အသံသွင်းနေပြီး၊ ယနေ့တွင်လည်း ရခိုင်အဆိုတော် ရဲလင်းအောင် သွင်းနေကာ အသံသွင်းရန် နောက်ထပ် ဆက်သွယ်ထားသည့် အဆိုတော်များလည်း ရှိသည်ဟု ဆိုသည်။

“အသံသွင်းရတာ အဆင်ပြေပါတယ်။ ပစ္စည်းအစုံနဲ့ စတိုဒီယို တစ်ခု ရခိုင်မှာ အခုမှ ရှိတာပါ၊ အယင်ထက် အဆင်ပြေပါတယ်။ အယင်တုန်းကဆိုရင် ရခိုင်မှာရှိတဲ့ စတိုဒီယိုဟာ home စတိုဒီယို အဆင့်သာရှိပါတယ်။ Acoustic drum အခန်း သီးသန့်မရှိဘဲ program drum ကို အသုံးပြုခဲ့ရပါတယ်။ အခုဆိုရင် Acoustic drum ပါတာကြောင့် အသံသွင်းရတာ အားရကျေနပ်မှု ရှိပါတယ်”ဟု ရခိုင်နာမည်ကြီး အဆိုတော် ဦးမောင်သိန်း၏သား ရဲလင်းအောင်က နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

ရခိုင်နာမည်ကြီး အဆိုတော်တစ်ဦးဖြစ်သူ စစ်နိုင်ကလည်း “ကိုယ့်ရခိုင်ပြည်မှာ ဒီလိုမျိုး အဆင့်မီ စတိုဒီယို တစ်ခု ရှိလာတဲ့အတွက် ၀မ်းသာပါတယ်။ ရန်ကုန်မှာ သွားသွင်းတာထက် ငွေကြေး အကုန်အကျ သက်သာပြီးတော့ ကိုယ့်အသိုင်းအဝိုင်းဆိုတော့ ပြောရဆိုရ အဆင်ပြေပါတယ်။ ရခိုင်မှာ Real Drum ကို အသုံးပြုနိုင်တာ ဒါ ပထမဆုံးပါပဲ။ Rock ကြိုက်တဲ့ အဆိုတော် တစ်ယောက်မို့လို့ Drum အစစ် အသံကိုသာ ကြားချင်ပါတယ်”ဟု ပြောသည်။

Sarcoma စတိုဒီယို တည်ထောင်ရန်အတွက် လိုအပ်ပစ္စည်းများဝယ်ယူ တပ်ဆင် ကုန်ကျစရိတ် ကျပ်သိန်း ၂၀၀ ရှိပြီး အသံလာသွင်းလိုသူများအနေဖြင့် အဆင်ပြေနိုင်စေရန် စျေးနှုန်းများကိုလည်း ညှိနှိုင်း ဆောင်ရွက်သွားမည်ဟု ဆိုသည်။

Sarcoma စတိုဒီယိုတွင် အသံသွင်းလိုသူများ အနေဖြင့် ကိုရဲမြတ်ကျော် ဖုန်း ၀၉ ၉၆၂၇ ၈၀ ၅၀၄ သို့ ဆက်သွယ်နိုင်ကြောင်း သိရှိရသည်။

May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...