ရသေ့တောင်မြို့နယ် ခရုချောင်းကျေးရွာ မူလတန်းကျောင်း လေဆင်နှာမောင်းကျ၍ ပြိုပျက်

ရသေ့တောင်မြို့နယ် ခရုချောင်းကျေးရွာ မူလတန်းကျောင်း လေဆင်နှာမောင်းကျ၍ ပြိုပျက်
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ခရုချောင်းကျေးရွာ မူလတန်းကျောင်းဆောင်မှာ လေဆင်နှာမောင်း ၀င်ရောက်တိုက်ခတ်၍ ကျောင်းတစ်ဆောင်လုံး ပြိုပျက်သွားသည်ဟု သတင်းရရှိသည်။

ရွာကျောင်းဆရာတော်က “ ဒီကနေ့ နံနက် (မေ ၁၈) ညဥ့် ၂ နာရီ ခန့်မှာ လေဆင်နှာမောင်းတိုက်ပါတယ်။ လေက အရမ်းပြင်းပါတယ်။ ကျောင်းတစ်ဆောင်လုံး နံရံတွေရော၊ ခေါင်းမိုးတွေရော အားလုံး ပျက်စီးသွားပါတယ်။ အနောက်ဘက်က အုတ်ထရံ နည်းနည်းဘဲ ကျန်နေခဲ့ပါတယ်” ဟု ပြောသည်။

သို့သော်လည်း ကျေးရွာအတွင်းရှိ တစ်ခြား အိမ်များ၊ တစ်ခြား အဆောက်အဦများ တစ်စုံတစ်ရာ ပျက်စီးခြင်း မရှိကြောင်း သိရသည်။

ခရုချောင်း မူလတန်းကျောင်းကို စစ်ဆေးရန် ရောက်နေသော ရသေ့တောင်မြို့နယ် လက်ထောက်မြို့နယ် ပညာရေးမှူး ဦးသန်းကျော်ဌေးက “ အခု လောလောဆယ်တော့ ယာယီကျောင်းဆောင် တစ်ဆောင် ကျောင်းမဖွင့်မီ အမြန်ဆုံး ဆောက်လုပ်ပေးနိုင်အောင်စီစဉ်နေပါတယ်။ အခု စစ်ဆေးဖို့ ရောက်နေတဲ့ အထဲမှာ ဌာနဆိုင်ရာတွေလည်း ပါတော့ ဒီကျောင်းကိစ္စကို လွှတ်တော်နဲ့ ပြည်နယ် အစိုးရကို တင်ပြသွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

လေပြင်းကျသည်နှင့် ကျောင်းပြိုပျက်သွားခြင်းမှာ ဆောက်လုပ်စဉ်က အရည်အသွေးမပြည့်မီ၍ ဖြစ်ကြောင်း ဝေဖန်မှုများ ထွက်ပေါ်နေသဖြင့် ယခုကျောင်းပြိုသွားသည့် ကိစ္စကို မည်သို့ သုံးသပ်ပါသလဲဟု မေးမြန်းရာ လက်ထောက် ပညာရေးမှူးက ယခုကျောင်းကို ၂၀၀၁ ခုနှစ်ကတည်းက တည်ဆောက်သော ကျောင်းဖြစ်ပါကြောင်း၊ ယင်းအချိန်က ရခိုင်တွင် တည်ဆောက်သည့် ကျောင်းများကို တည်ဆောက်ရာတွင် သံချောင်းများကို ထည့်သွင်း အသုံးပြုမှု မရှိသေးကြောင်း၊ ကျောင်းပြိုပျက်သွားသည်မှာ ရိုးရိုး လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် ပြိုပျက်သွားခြင်းသာ ဖြစ်ကြောင်း ပြောကြားသည်။

ကျောင်းပြိုပျက်သွားသဖြင့် ကလေးငယ်များ စာမသင်ရဘဲ ဖြစ်မည်ကို ကျောင်းသားမိဘများက အထူးစိုးရိမ်နေကြောင်းဖြင့်လည်း ခရုချောင်းရွာမှ အမျိုးသမီး တစ်ဦးက ပြောသည်။

“ အခု ရွာသားတွေက ခလေးတွေ ကျောင်းမတက်ရဘဲ ဖြစ်မှာကို အရမ်းစိုးရိမ်နေကြပါတယ်။ များမကြာမီ ကျောင်းဖွင့်တော့မယ်ဆိုတော့ ကျောင်းကို အမြန်ပြန်လည်ဆောက်ပေးဖို့ကိုလဲ လိုလားပါတယ်” ဟု ကျေးရွာနေ အမျိုးသမီးက ပြောသည်။

ခရုကျောင်းကျေးရွာတွင် အိမ်ခြေ ၁၂၀ ခန့်ရှိပြီး ကျောင်းသား ကျောင်းသူ ၁၂၀ ခန့် ပညာသင်ကြားနေသည့် ကျောင်း ဖြစ်ကြောင်း သိရသည်။

May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...