မိုးဗြဲတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်က ၂၀ ဝန်းကျင်သေဆုံးပြီး PDF က လက်နက်ခဲယမ်းများရရှိ

မိုးဗြဲတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်က ၂၀ ဝန်းကျင်သေဆုံးပြီး PDF က လက်နက်ခဲယမ်းများရရှိ

ဒီကနေ့ ဇွန်လ ၅ရက်နေ့ ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲတိုက်ပွဲမှာ မိုးဗြဲ PDF နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ၂၀ ဝန်းကျင်သေဆုံးသလို လက်နက်ခဲယမ်းများရရှိခဲ့တယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) သတင်းနှင့်ပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။

အဆိုပါတိုက်ပွဲမှာ မိုးဗြဲ PDF တပ်ဖွဲ့ဝင် ၁ ဦးသေဆုံးခဲ့ပြီး နှစ်ဖက်ထိခိုက်ဒဏ်ရာရရှိတဲ့စာရင်းကို အတည်ပြုနိုင်ခြင်းမရှိဘူးလို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီဖက်က လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်ခတ်ခဲ့တာကြောင့် ပြည်သူ့နေအိမ်အချို့ ပျက်ဆီးခဲ့ရတယ်လို့ သိရပါတယ်။

ဒါ့အပြင် ကရင်နီပြည်နယ် ဒီမော့ဆိုမြို့ ဒေါငံခါးလမ်းခွအနီးမှာ နံနက် ၄ နာရီမှ ၉ နာရီအထိ အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့ပြီး ပြန်လည်ခုခံပစ်တဲ့ KNDF တပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဒီမော့ဆိုမြို့နဲ့ မိုးဗြဲမြို့မှာ နေ့စဥ် အကြမ်းဖက်စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် နေအိမ်အချို့ ပျက်ဆီးခဲ့ရပြီး ထွက်ပြေးတိမ်းရှောင်နေရတဲ့ပြည်သူ ၁သိန်းဝန်းကျင်ရှိနေပြီလို့ သိရပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆိုမြို့နယ်
May 8, 2026
မေလ ၆ရက်နေ့မှာ ကျရောက်တဲ့ ပြည်သူ့ကာကွယ်ရေးတပ် - ဒီးမော့ဆို (DMO Local PDF)ရဲ့ တပ်တည်ထောင်ခြင်း (...
May 7, 2026
ဧပြီလအကုန် မေလအစမှာ ဓာတ်ဆီဈေးတွေ အနည်းငယ် ပြန်လည်ကျလာတာကြာင့် ကရင်နီပြည်၊...
May 5, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်ထဲက စစ်ဘေးရှောင်တချို့ဟာ ဆေးဝါးမလုံလောက်မှု၊...
May 4, 2026
ထိုင်း-ကရင်နီနယ်စပ်က ကရင်နီဒုက္ခသည်စခန်းအမှတ်(၁)မှာ ဧပြီလ ဒုတိယပတ်ကစပြီး ဝက်နာမကျန်းမှု...