မိုးဗြဲတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်က ၂၀ ဝန်းကျင်သေဆုံးပြီး PDF က လက်နက်ခဲယမ်းများရရှိ

မိုးဗြဲတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်က ၂၀ ဝန်းကျင်သေဆုံးပြီး PDF က လက်နက်ခဲယမ်းများရရှိ

ဒီကနေ့ ဇွန်လ ၅ရက်နေ့ ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲတိုက်ပွဲမှာ မိုးဗြဲ PDF နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ၂၀ ဝန်းကျင်သေဆုံးသလို လက်နက်ခဲယမ်းများရရှိခဲ့တယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) သတင်းနှင့်ပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။

အဆိုပါတိုက်ပွဲမှာ မိုးဗြဲ PDF တပ်ဖွဲ့ဝင် ၁ ဦးသေဆုံးခဲ့ပြီး နှစ်ဖက်ထိခိုက်ဒဏ်ရာရရှိတဲ့စာရင်းကို အတည်ပြုနိုင်ခြင်းမရှိဘူးလို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီဖက်က လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်ခတ်ခဲ့တာကြောင့် ပြည်သူ့နေအိမ်အချို့ ပျက်ဆီးခဲ့ရတယ်လို့ သိရပါတယ်။

ဒါ့အပြင် ကရင်နီပြည်နယ် ဒီမော့ဆိုမြို့ ဒေါငံခါးလမ်းခွအနီးမှာ နံနက် ၄ နာရီမှ ၉ နာရီအထိ အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့ပြီး ပြန်လည်ခုခံပစ်တဲ့ KNDF တပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဒီမော့ဆိုမြို့နဲ့ မိုးဗြဲမြို့မှာ နေ့စဥ် အကြမ်းဖက်စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် နေအိမ်အချို့ ပျက်ဆီးခဲ့ရပြီး ထွက်ပြေးတိမ်းရှောင်နေရတဲ့ပြည်သူ ၁သိန်းဝန်းကျင်ရှိနေပြီလို့ သိရပါတယ်။

Most read this week

December 23, 2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်ကော်မရှင်ကနေ ပြုလုပ်မဲ့ တရားမဝင်/အတုအယောင် ရွေးကောက်ပွဲဟာ...
December 19, 2025
ကရင်နီပြည်သူလူထု၊ တပ်ပေါင်းစုံတပ်ဖွဲ့ဝင်တွေ၊ ကရင်နီလူမှု အဖွဲ့အစည်းတွေကို ဒီဇင်ဘာလ (၁၉)...
December 16, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာတရွာအနီးမှာ စပါးသိမ်းယူနေတဲ့ စစ်ဘေးရှောင်တွေကို...