စစ်တွေ ဆတ်ရိုးကျရပ်ကွက်တွင် သိမ်းဆည်းခံလယ်ယာများပြန်ရရှိရန် တတိယအကြိမ်မြောက် ဆန္ဒထုတ်ဖော်

စစ်တွေ ဆတ်ရိုးကျရပ်ကွက်တွင် သိမ်းဆည်းခံလယ်ယာများပြန်ရရှိရန် တတိယအကြိမ်မြောက် ဆန္ဒထုတ်ဖော်
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် စစ်တွေမြို့ ဆက်ရိုးကျရပ်ကွက်တွင်သိမ်းဆည်းခံလယ်ယာများကို ပြန်လည်ရရှိရန် တတိယအကြိမ်မြောက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

အဆိုပါ ဆန္ဒပြပွဲကို (မေ ၁၅) နေ့လယ် ၁ နာရီခန့်မှ စတင်ဆန္ဒပြခဲ့ပြီး ဆက်ရိုးကျ လမ်းတစ်လျှောက် လမ်းလျှောက် ဆန္ဒပြခဲ့ကြသည်။

“ သိမ်းဆည်းခံလယ်မြေတွေကို ပြန်ရရှိဖို့အတွက် တတိယအကြိမ် ဆန္ဒပြရတာပါ ” ဟု လယ်မြေ သိမ်းဆည်းခံထားရသည့် ဦးမောင်ထွန်းသိန်း က ပြောသည်။

အဆိုပါ ဆန္ဒထုတ်ဖော်ခြင်းသည် ရှေ့တွင် ဆန္ဒနှစ်ကြိမ် ပြခဲ့သလို မထူးခြားလာလျှင် နောက်ထပ် ဆက်လက်ပြီး ဆန္ဒထုတ်ဖော်သွားမည် ဖြစ်ကြောင်း ဦးမောင်းထွန်းသိန်းက ပြောသည်။

လွှတ်တော်တွင် မြေယာသိမ်းဆည်းခံများအား အဆိုပါတင်သွင်းခဲ့သည့် လွှတ်တော်ကိုယ်စားလှယ် ဦးအေးသိန်း၏ အဆိုကို ကန့်ကွက်မည့်သူ တစ်စုံတစ်ယောက်မှ မရှိဘဲ ထို အဆိုကို လွှတ်တော် ဥက္ကဌမှ မတရားပယ်ချခြင်းနှင့် ပတ်သတ်၍ ပြည်နယ် လွှတ်တော် ဥက္ကဌအား နှုတ်ထွက်ပေးရန် တောင်းဆိုရခြင်း ဖြစ်ကြောင်း ဦးမောင်ထွန်းသိန်း ကပြောသည်။

အဆိုပါ ဆန္ဒပြရာတွင် သိမ်းဆည်းခံလယ်ယာမြေယာများကို ပြန်ရရန်၊ လွှတ်တော် ဥက္ကဌကို နှုတ်ထွက်ပေးရန် နှင့် အဂတိလိုက်စားသူများကို အရေးယူပေးရေး ဆိုသည့်အချက် ၃ ချက်နှင့် ဆန္ဒပြခဲ့ကြသည်။

အဆိုပါ ဆန္ဒပြရာတွင် လူဦးရေ ရ၀ ခန့် ပါ၀င် ဆန္ဒပြခဲ့ကြသည်။

ဆန္ဒပြသူများသည် ဆတ်ရိုးကျ၊ ချောင်းနွယ်၊ ကန်တော်ကြီး၊ ကျေးတောစသည့် ရွာများမှ ဖြစ်ပြီး သူတို့ပိုင် လယ်မြေများကို အစိုးရမှ စစ်တွေ စက်မှုဇုန်တည်ဆောက်ရန် အတွက်ဟု အကြောင်းပြကာ ယခင် စစ်အစိုးရ လက်ထက်က သိမ်းယူသွားခဲ့ပြီး စက်မှုစီမံကိန်းမှာ ယခုအခါ ပျက်စီးသွားပြီ ဖြစ်သော်လည်း မြေများကို ပြန်မရဘဲ ယခင် အစိုးရ တာဝန်ရှိသူများက မြေများကို ခွဲဝေယူထားကြသဖြင့် ၎င်း မြေများ ပြန်ရရှိရေးအတွက် ဆန္ဒပြတောင်းဆိုကြခြင်း ဖြစ်ကြောင်း သိရသည်။

May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...